ကိုယ်ချစ်ရတဲ့သူက ကိုယ်အပေါ် ဖောက်ပြန်မှုဆိုတာ မရှိဖို့ လူတိုင်းက မျှော်လင့်တတ်ကြပါတယ်။ ဒါပေမယ့် ဘယ်အရာကိုမှ ကြိုတင်မှန်းဆလို့မရဘူး။ လက်ရှိ ဒါမှမဟုတ် အနာဂတ်မှာ ဖြစ်လာမှာကို စိုးရိမ်တာပဲဖြစ်ဖြစ်၊ သင့်ချစ်သူက Cheat လုပ်နေလား မလုပ်ဘူးလားဆိုတာသိရဖို့အတွက်ဆို ဒီလက္ခဏာတွေကို သိထားဖို့ အရေးကြီးပါတယ်။

လှချင်လာတာ

ယောက်ျားလေးဘဲဖြစ်ဖြစ် မိန်းကလေးဘဲဖြစ်ဖြစ် ရုတ်တရက်ကြီး အရင်ကထက် ဖက်ရှင်ကို ဂရုစိုက်လာတာ ဒါမှမဟုတ် ဆံပင်ပုံစံပြောင်းတာ အရမ်းလှချင်လာပြီဆို တစ်ခုခုမှားနေပြီဆိုတဲ့ လက္ခဏပါပဲ။

ဖုန်းကိုလက်ကမချတော့တာ

ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကို သင့်ကိုပေးမပြတော့တာ ၊ အမြဲတမ်းသုံးနေတာ ၊ Search List ဒါမှမဟုတ် မက်ဆေ့ချ်တွေကို ရုတ်တရက် ဖျက်လိုက်တာမျိုးက တစ်ခုခုကို ဖုံးကွယ်ထားတဲ့ အရိပ်အယောင်တွေ ဖြစ်နိုင်ပါတယ်။

အဆက်အသွယ်မရတာ

အရင်ကလို ဖုန်းချက်ချင်းမကိုင်တာ ၊ ဖုန်းခေါ်ရခက်တာ ၊ ဖုန်းမအားတာ ၊ စာမပြန်တာတွေကလည်း သတိထားရမယ့်လက္ခဏာပါပဲ။

အရင်ကလိုမကြင်နာတော့တာ

ပြဿနာတခုခုကြုံလာတိုင်း အရင်တုန်းကလို သင့်ဘက်ကမရှိဘဲ အပြစ်ပုံချတာ ၊ ဝေဖန်တာတွေကလည်း ချန်ထားလို့မရတဲ့ လက္ခဏပါပဲ။

မအားတော့တာ

ရုတ်တရက်ကြီး အလုပ်နောက်ကျတာ ၊ အရင်ကမရှိခဲ့တဲ့ အကြောင်းပြချက်တွေများလာတာ ၊ အလုပ်ကိုဆင်ခြေပေးတာတွေကလည်း သံသယဖြစ်ဖွယ်လက္ခဏာတခုပါပဲ။

သူငယ်ချင်းတွေက ကိုယ့်ကိုဂရုစိုက်လာတာ

တစ်ခါတစ်လေ ကိုယ့်ချစ်သူဖောက်ပြန်နေတာကို ကိုယ့်ထက် သူငယ်ချင်းတွေက ရိပ်မိတာ အရင်သိတာမျိုးတွေ ဖြစ်တတ်ပါတယ။ သူငယ်ချင်းတွေက သင်တို့နှစ်ယောက်အကြောင်းကို ရှောင်ပြောတာ ၊ ထူးထူးခြားခြား သဘောကောင်းနေပြီဆို တစ်ခုခုမှားနေပြီဆိုတာ သင်သိသင့်ပါပြီ။