Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက်ချစ်ပြီး အဆင်ပြေနေရင်တော့ ပျော်စရာကောင်းတာပေါ့။ ဒါပေမယ့် တချို့ Relationship တွေမှာကျတော့ တစ်ယောက်ကိုတစ်ယောက် မချစ်တော့ဘူးဆိုပြီး လမ်းခွဲကြတာမျိုးမရှိပဲ တစ်ယောက်နဲ့တစ်ယောက် အပြစ်မြင်လာတာ၊ အနေဝေးသလိုဖြစ်ပြီး အေးတိအေးစက် ဖြစ်ကုန်ကြတာမျိုးတွေ၊ အဆင်မပြေကြတော့တာမျိုးတွေ ရှိပါတယ်။ ဒီလို Relationship မျိူးကျတော့ ငြီးငွေ့ဖွယ်ကောင်းပါတယ်။

သင်ပိုင်ဆိုင်ထားတဲ့ Relationship ကလည်း ဒီလို ငြီးငွေ့ဖွယ်ကောင်းတဲ့ Relationship ဖြစ်နေပြီလားဆိုတာကို ဒီအချက် ၆ ချက်နဲ့တင် သိနိုင်ပါတယ်။

သူနဲ့တွဲရတာထက်တခြားအရာတွေလုပ်ရတာကိုပိုကြိုက်လာခြင်း

လက်ရှိ Relationship ကို ငြီးငွေ့လာတဲ့အခါမှာ ကိုယ့် Partner နဲ့တွဲရတာထက် ရုပ်ရှင်ကြည့်ရတာ၊ Game ဆော့ရတာနဲ့ တခြားအရာတွေလုပ်ရတာကို ပိုကြိုက်လာပါတယ်။ အဲ့လိုတွေလုပ်နေရတာ ပိုပျော်စရာကောင်းပြီး ပိုပြီးတော့လည်း စိတ်လွတ်လပ်ပေါ့ပါးမှုရှိစေတယ်လို့ ထင်လာကြပါတယ်။

တစ်ယောက်နဲ့တစ်ယောက်မကြာခဏမတွေ့ဖြစ်တော့ခြင်း

ငြီးငွေ့လာတော့ တစ်ယောက်နဲ့တစ်ယောက်လည်း အရင်လို ခဏခဏမတွေ့ဖြစ်တော့ပဲ အပြင်မှာအရင်လို ချစ်ကြည်နူးပြီး ချိန်းတွေ့ကြတာမျိုးတွေက နည်းပါးလာပါတယ်။ ဒီလိုတွေကြောင့်လည်း တစ်နေ့ထက်တစ်နေ့ ပိုပြီးငြီးငွေ့ဖွယ်ကောင်းတဲ့ Relationship ဖြစ်လာတော့တာပါပဲ။

တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့ခက်ခဲလာခြင်း

အရင်က နေ့တိုင်းဖုန်းဆက်ကြတယ်၊ စာပို့ကြတယ် ဒါပေမယ့် နောက်ပိုင်းမှာတော့ နေ့တိုင်းဖုန်းဆက်တာမျိုးတွေလည်း မရှိတော့ပဲ ကိစ္စရှိမှသာ ဖုန်းဆက်ပြောတာမျိုးတွေ၊ စာပို့ကြတာ Chat ကြတာတွေကလည်း အရမ်းကို နည်းလာတာမျိုးတွေ ဖြစ်လာပါတယ်။

တူညီတဲ့အကြောင်းအရာတွေနဲ့ပဲရန်ဖြစ်နေခြင်း

ငြီးငွေ့ဖွယ်ကောင်းတဲ့ Relationship လို့ ခေါင်းစဉ်အပြည့်အဝတပ်နိုင်တဲ့ အချက်ကတော့ အမြဲတမ်း ရန်ဖြစ်စကားများကြတိုင်းမှာ တူညီတဲ့အကြောင်းအရာတွေနဲ့ပဲ ရန်ဖြစ်နေကြတာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် စိတ်ပျက်ပြီး ငြီးငွေ့လာပါလိမ့်မယ်။

နှစ်ယောက်ကြားမှာပျော်စရာတွေမရှိတော့ခြင်း

 

အရင်လိုချစ်ချစ်ခင်ခင်နဲ့ ကြည်နူးတဲ့အချိန်တွေမရှိတော့ပဲ ပြဿနာတွေတက်လိုက်၊ အေးစက်တဲ့ဆက်ဆံရေးတွေ ဖြစ်သွားလိုက်နဲ့ပဲ နှစ်ယောက်ကြားမှာ ပျော်စရာတွေက တစ်ဖြေးဖြေးပျောက်ဆုံးလာပါလိမ့်မယ်။ ဒီလိုတွေဖြစ်လာရင် ဒီ Relationship က ငြီးငွေ့ဖွယ်ကောင်းလာတာပါပဲ။

အပြင်မှာပဲပျော်ရွှင်မှုကိုရှာဖွေလာခြင်း

ကိုယ့်ရဲ့ Relationship မှာ မပျော်တော့ပဲ ငြီးငွေ့လာတဲ့သူတွေက အပြင်မှာပဲ ပျော်ရွှင်မှုကို ရှာဖွေပြီး ပျော်လာကြပါတယ်။ တခြားပျော်စရာတွေမှာ ခုန်မင်ပြီးတော့ ဒီ Relationship နဲ့ပတ်သက်လာရင် စိတ်ပဲရှုပ်နေရတယ်၊ စိတ်ညစ်စရာကောင်းတယ်ဆိုတဲ့ အတွေးတွေဝင်လာပြီး လမ်းခွဲကြတဲ့အဆင့်ကို ရောက်လာပါလိမ့်မယ်။