သင်က သူငယ်ချင်းကောင်းတစ်ယောက်ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင်က ကံကောင်းတဲ့လူသားတစ်ယောက်ပါ။ အတုအယောင်တွေများတဲ့ခေတ်မှာ ကိုယ့်အပေါ် အစစ်အမှန်ကောင်းတဲ့သူတွေက ရှားလာပါပြီ။ သူငယ်ချင်းကောင်း ပီသရဲ့လား ဆိုတာကို ဒီအမူအကျင့်တွေနဲ့ ခွဲခြားသိနိုင်ပါတယ်။

၁။ သင့်အတွက် ဝမ်းသာတယ်

သင်အောင်မြင်မှုရတဲ့အချိန်၊ ကောင်းတာတစ်ခုုခုဖြစ်တဲ့အချိန် သူငယ်ချင်းကောင်းတွေက ဝမ်းသာတတ်ကြပါတယ်။ သူတို့ကိုယ်တိုင် အောင်မြင်သလို ဝမ်းသာတတ်ကြပါတယ်။

၂။ မပြိုင်တတ်ဘူး

သင်လုပ်သမျှ လိုက်လုပ်တဲ့သူတွေရှိတတ်ပါတယ်။ သူငယ်ချင်းကောင်းတွေကတော့ သင်နဲ့လိုက်မပြိုင်တတ်ပါဘူး။

၃။ ရိုးသားတယ်

သင့်ပုံစံ သင့်နေထိုင်ပုံကို သူတို့မကြိုက်ရင် မကြိုက်သလို ရိုးရိုးသားသားပြောတတ်ပါတယ်။ သင်လက်ရှိတွဲနေတဲ့ရည်းစားကိုလည်း သူတို့မျက်လုံးထဲ အချိုးမပြေရင် ရိုးရိုးသားသားပြောတတ်ပါတယ်။

၄။ မဖွတတ်ဘူး

သင်က သူ့ကို ယုံကြည်ပြီး ပြောပြတတ်တဲ့ လျှို့ဝှက်ချက်တွေကို သူငယ်ချင်းကောင်းတွေက တခြားလူတွေဆီ ပြန်မပြောတတ်ပါဘူး။ အမြဲ သင်ယုံကြည်ရတဲ့လူတစ်ယောက်ဖြစ်နေတတ်ပါတယ်။

၅။ ကူညီဖို့အသင့်ရှိတယ်

သင်အကူအညီလိုတိုင်း သူတို့က တတ်နိုင်သလောက် ကူညီပေးကြပါတယ်။ ကူညီဖို့လည်း အသင့်ရှိသူတွေဖြစ်ပါတယ်။


၆။ နားထောင်ပေးတယ်

သင်ပြောသမျှကို သူငယ်ချင်းကောင်းတွေက စိတ်ဝင်တစားနားထောင်တတ်ကြပါတယ်။ ပြီးတာနဲ့ သင့်ကို ဘယ်လိုလုပ်သင့်လဲ အကြံပေးတတ်ကြပါသေးတယ်။

သင့်မှာ ဒီအချက်တွေနဲ့ ကိုက်ညီတဲ့ သူငယ်ချင်းကောင်းပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သူတို့ကို Mention ခေါ်ပြီး ဂုဏ်ပြုလိုက်ပါဦး။

Photo Source: Pinterest

By MyStyle Myanmar