လူတစ်ယောက်ချစ်မိတဲ့အချိန်ဆိုရင် ချစ်တဲ့သူရဲ့ အကောင်းဘက်ပဲမြင်တတ်ပါတယ်။ ဒါပေမဲ့ သူ့မှာလည်း သင်မကြိုက်တာတွေရှိမှာပါ။ အချစ်ရေးတစ်ခုက စစတွဲချင်းမှာတော့ အရာရာက အသစ်အဆန်းတွေဖြစ်နေမှာပါ။ အချိန်ကြာလာတဲ့အခါမှာတော့ ကိုယ်မကြိုက်တာတွေ တွေ့လာရမှာပါ။ မကြိုက်တာတွေထဲမှာ သင်လုံးဝလက်ခံလို့မရတာတွေလည်းရှိလာတတ်ပါတယ်။ ဒီလိုဆိုရင် အချစ်ရေးမှာ ပေးဆပ်ရတဲ့ သင့်အချိန်တွေက ရင်းရကျိုးမနပ်ဘူးလေ။ ဒီတော့သူက သင့်ချစ်သူဖြစ်ဖို့ ထိုက်တန်လား သိထားသင့်ပါတယ်။ ဒီအချက် (၆) ချက်ကို ကြည့်ပြီး ဝေဖန်သုံးသပ်တတ်ဖို့ မျှော်လင့်မိပါတယ်။

၁။ သူက တစ်ယောက်တည်းနေချင်တာများတယ်


သူက သင်နဲ့မဟုတ်ဘဲ အမြဲတစ်ယောက်တည်းနေချင်ပါတယ်။ သူအမှီအခိုကင်းမဲ့တယ်ဆိုတာ ပြချင်တဲ့သဘောပါ။ သူက အချိန်တိုင်းလိုလို တစ်ယောက်တည်းနေချင်တယ်လို့ တောင်းဆိုနေရင်တော့ သိပ်မဟုတ်သေးပါဘူး။

၂။ သူက တစ်ချိန်လုံး “ငါ” စွဲရှိတယ်


“ကိုယ်တို့ ” “ချစ်တို့” ဆိုတဲ့ “တို့” စကားမျိုး မသုံးတတ်ပါဘူး။ ငါလုပ်ကြည့်မယ်ဆိုတဲ့စကားမျိုးပဲ သူသုံးပါတယ်။ သင်နဲ့တွေ့တိုင်း သူ့အကြောင်းပဲ ပြောတတ်ပါတယ်။ သင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို နားထောင်ပေးဖို့ စိတ်ကူးမရှိပါဘူး။

၃။ သင်က သူ့ကိုအမြဲတောင်းဆိုနေရတယ်


တောင်းဆိုနေရတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုရှင်းပြပါမယ်။ ဥပမာ သင်က အထုပ်ကြီးတစ်ခုကိုင်ထားပါတယ်။ သူက သင့်ကိုကူပြီး ကူဆွဲပေးရမယ်ဆိုတာ မသိပါဘူး။ သင်အကူအညီတောင်းဆိုမှ သူက ကိုင်ပေးပါတယ်။ ပြောမှသိတဲ့လူကို ဆိုလိုပါတယ်။ သူက အဲ့လိုလူမျိုးဆိုရင်တော့ သင့်အချိန်တွေ ကုန်ရတာ မတန်ပါဘူး။

၄။ သူက သင့်အကြောင်းမစဉ်းစားတတ်ဘူး


သင်က သူ့ဘဝမှာ အရံသဘောပဲရှိတယ်ဆိုရင်တော့ သင့်ရည်းစားဖြစ်ဖို့ လုံးဝမထိုက်တန်ပါဘူး။ သူ့အနာဂတ်မှာလည်း သင်မပါရင်တော့ ပြန်စဉ်းစားပါတော့။

၅။ သွေးအေးတယ်


သင်နဲ့ရန်ဖြစ်လို့ သင်နေရာက ထပြန်သွားရင်လည်း သူလိုက်မချော့ပါဘူး။ ဖြစ်လာတဲ့ကိစ္စကို ဒီစီးကြောင်းလေးအတိုင်းပဲ အေးဆေးလိုက်ပါတတ် ပါတယ်။ သူ့ဘက်က လေးလေးနက်နက်မရှိပါဘူး။

၆။ သူက သူ့ဘဝအတွက်မတွေးတတ်ဘူး


သင်ချစ်တဲ့လူတစ်ယောက်က ဘဝအတွက်ကြိုးစားနေတဲ့လူတစ်ယောက်ဖြစ်သင့်ပါတယ်။ ကြိုးစားတယ်ဆိုတာ အကြောင်းရင်းတွေရှိပါတယ်။ ကြိုးစားမှ သင်နဲ့ရှေ့လျှောက်အနာဂတ်စိတ်အေးရမယ်လေ။ ဒီလိုအတွေးတွေလည်း သူ့ဆီမှာမရှိပါဘူး။ ဘဝကို ပျင်းရိငြီးငွေ့စွာ ဖြတ်သန်းတတ်သူ တစ်ယောက်ဆိုရင်တော့ ထက်မြက်တဲ့သင်နဲ့ မထိုက်တန်ပါဘူး။

Source: Herbeauty.co

By MyStyle Myanmar