မင်္ဂလာပါ… ပျိုမဒီတို့ရေ…. နွေရာသီမှာ အဖြူရောင်ဝတ်စုံဝတ်ရတာ ကြိုက်တဲ့လူရှိလားရှင့် ? နွေရာသီဟာ တစ်ချို့အတွက်တော့ရေကူးဝတ်စုံရာသီဖြစ်သလို တခြားသူများအတွက်ကတော့ ပျော်ပွဲစားရာသီပါပဲ။ ဒါပေမယ့် တချို့တွေအတွက်တော့ အဖြူရောင် ဝတ်စုံရာသီပါပဲ။

ဒါကြောင့် နွေရာသီမှာ အဖြူရောင်ဝတ်စုံဝတ်ရတာ ကြိုက်တဲ့လူတွေအတွက် နွေရာသီ 2023 မှာ အဖြူရောင်ဝတ်စုံနဲ့လိုက်ဖက်တဲ့ ဖိနပ်အရောင်လေးတွေ ဝေမျှပေးလိုက်ပါတယ်။

Silver

2023 အတွက် အဖြူရောင်ဝတ်စုံနဲ့လိုက်ဖက်တဲ့ Trend ကတော့ ငွေရောင်ဖိနပ်တွေပါ။

Pink

ပန်းရောင်ဖိနပ်နဲ့ ၀တ်ထားတဲ့ အဖြူရောင်ဝတ်စုံက သင့်ကို မိန်းကလေးဆန်ဆန် ချစ်ဖို့ကောင်းစေမှာပါ။

White

အဖြူရောင် ၀တ်စုံနဲ့ ဖိနပ်အဖြူနဲ့ တွဲဝတ်တာက နွေရာသီမှာ အမိုက်စားပါပဲ။

Red

အနီရောင်ဖိနပ်တွေကလည်း ငွေရောင်ဖိနပ်တွေလိုဘဲ 2023 မှာ အဖြူရောင်ဝတ်စုံနဲ့တွဲဝတ်ဖို့ လူကြိုက်များနေပါတယ်။

Tan

အဝတ်အစားကို ပေါ်လွင်စေပြီး ပိုမိုသိမ်မွေ့တဲ့ပုံစံလိုချင်ရင်တော့ အသားရောင်ဖိနပ်က အသင့်တော်ဆုံးပါ။

Pool-Blue

အပြာရောင်ဖိနပ်ကို အဖြူရောင်ဝတ်စုံနဲ့ တွဲဝတ်တာက နွေရာသီအတွက် လိုက်ဖက်တဲ့ပေါင်းစပ်မှုပါ။