ငယ်ရွယ်နုပျိုလှပတဲ့အသားအရေက သဘာဝကပေးစွမ်းလို့ အလိုလိုဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ မှန်ကန်တဲ့နည်းလမ်းတွေကို စနစ်တကျ ပုံမှန်အသုံးပြုပေးလို့ ဖြစ်ပေါ်လာရတာပါ။ ဘယ်လိုနည်းလမ်းတွေကို လိုက်နာပေးမယ်ဆိုရင် သင့်အသားအရေလေးကို ပြစ်မျိုးမှဲ့မထင် စိုပြေနုပျိုနေစေမလဲဆိုတာကို အတူတူဖတ်ကြည့်လိုက်ကြရအောင်နော်။

၁။ ဆန်ဆေးရေအသုံးပြုပါ

ရာစုနှစ်များစွာကတည်းက ဆန်ဆေးရေကို အသားအရေအလှအပအတွက်သာမက ဆံပင်အလှအပအတွက်ပါ အသုံးပြုလာခဲ့ကြတာပါ။ ဆန်ဆေးရေနဲ့ မျက်နှာကို မှန်မှန်သစ်ပေးမယ်ဆိုရင် မျက်နှာအသားအရေလေးကို နူးညံ့စေပြီး မျက်နှာအသားအရောင်ကိုလည်း ညီမျှအောင်ပြုလုပ်ပေးပါတယ်။

၂။ (၄၊ ၂၊ ၄) နည်းလမ်းအသုံးပြုပါ

အစိုဓာတ်ဖြည့်ပေးတဲ့အဆီကို ၄ မိနစ်ခန့် မျက်နှာပေါ်မှာ ညင်သာစွာသုတ်လိမ်းပေးပါ။ တစ်ဖန် သန့်စင်ပေးတဲ့ မျက်နှာသစ်ခရင်မ်ကို ၂ မိနစ်ခန့် ထပ်မံလိမ်းပေးပါ။ ပြီးသွားရင် ရေနဲ့ ၄ မိနစ်ခန့် ဖြည်းဖြည်းချင်းဆေးကြောသန့်စင်ပေးပါ။ ဒီနည်းလမ်းလေးကို (၄၊ ၂၊ ၄) မျက်နှာဆေးကြော သန့်စင်ခြင်းလို့ ခေါ်ပါတယ်။

၃။ သင့်မျက်နှာလေးကို တစ်ပတ်တစ်ကြိမ်ခန့် အဆိပ်အတောက်ဖယ်ရှားပြီး သန့်စင်ပေးပါ

အလှပြင်ဆိုင်သွားပြီး ကျွမ်းကျင်အလှပညာရှင်များနဲ့ မျက်နှာပေါင်းတင်ခြင်း နည်းလမ်းအဆင့်ဆင့်ကို စနစ်တကျပြုလုပ်ပြီး မျက်နှာအသားအရေကို ထိန်းသိမ်းစောင့်ရှောက်ပေးပါ။ အလှပြင်ဆိုင်သွားဖို့ အချိန်မပေးနိုင်ကြသူများအနေနဲ့လည်း မိမိအိမ်မှာပဲ သဘာဝသစ်သီးလေးများနဲ့ မျက်နှာလေးကို ပေါင်းတင်ပေးပါ။ မျက်နှာအသားအရေကို မှန်မှန်ဂရုစိုက်ပေးခြင်းကသာ အဓိကကျတာပါ။

၄။ အသားအရောင် ညီအောင် ထိန်းသိမ်းပါ

နေလောင်ဒဏ်ကြောင့် အသားအရေ မညီမညာဖြစ်ခြင်းမှ ကာကွယ်ဖို့ ကြေးချွတ်ပေးပါ။ ကြေးချွတ်ဖို့ နည်းလမ်းလေးကတော့ သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ စန္ဒကူးပေါင်ဒါကို သေချာရောမွှေလိုက်ပါ။ ပြီးရင်ခရမ်းချဉ်သီးတစ်ခြမ်းနဲ့ သကြားပေါင်ဒါအရောအနှောကို အသားအရေ မညီမညာဖြစ်နေတဲ့နေရာမှာ ၅ မိနစ် ၁၀ မိနစ်ခန့် ပွတ်တိုက်ပေးပါ။ ပြီးရင် ရေနဲ့ ဆေးချလိုက်တဲ့အခါ အံ့မခန်းရလဒ်ကို တွေ့မြင်ရမှာပါ။

၅။ သဘာဝဆီအသုံးပြုပါ

ထောပတ်သီးအဆီ၊ သံလွင်ဆီ၊ အုန်းဆီစတဲ့ သဘာဝအဆီတွေကို မျက်နှာအတွက်သာမက ခန္ဓာကိုယ်နေရာအနှံ့အပြားကိုပါ အသုံးပြုလို့ရပါတယ်။ အုန်းဆီကတော့ သင့်အသားအရေကို အားဖြည့်ပေးမှာဖြစ်ပြီး သံလွင်ဆီကတော့ ပျက်စီးနေတဲ့အသားအရေကို အပြစ်အနာအဆာတွေမှကင်းဝေးအောင် ဖယ်ရှားပေးပါလိမ့်မယ်။

၆။ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ သင့်မျက်နှာလေးကို ကာကွယ်ပါ

အပြင်သွားရင် ထီးနဲ့ နေကာမျက်မှန်ကတော့ မရှိမဖြစ်ပါပဲ။ ဒါ့အပြင် SPF Creams တွေကို ပုံမှန်လိမ်းခြင်းအားဖြင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဟန့်တားပေးပြီး အသားအရေလေး စိုပြေဝင်းပစေမှာ အမှန်ပါပဲ။

Source: Brightside.me