ကျွမ်းကျင်မိတ်ကပ်ပညာရှင်တွေ ဖန်တီးပြင်ဆင်ပြကြတဲ့ မိတ်ကပ်ကျူတိုရီရယ်တွေ တော်တော်များများကို ပျိုမေလေးတို့ လေ့လာဖူးကြမှာပါ။ အချို့အလှပြင်နည်းလေးတွေက အင်မတန်အသုံးဝင်ပြီး အချို့အလှပြင်နည်းတွေကတော့ လက်တွေ့မှာ အမှန်တကယ်အသုံးမဝင်တာမျိုးလည်း ရှိတတ်ပါတယ်။

ထိုကဲ့သို့ နည်းလမ်း အမျိုးမျိုးရှိတဲ့အထဲကမှ အသုံးတည့်မယ့် နည်းလမ်းအချို့ကို အလှအပစိတ်ဝင်စားတဲ့ပျိုမေလေးတို့အတွက် ဝေမျှပေးလိုက်ရပါတယ်။

မျက်တောင်မွှေးလေး ထူထဲကော့ညွှတ်ပြီး တစ်နေကုန်တာရှည်ခံနေဖို့အတွက်

အရင်ဦးဆုံး မာစကာလေးနဲ့ မျက်တောင်မွှေးလေးကို ကော့ညွှတ်ပေးလိုက်ပါ။ ပြီးရင် ဘေဘီပေါင်ဒါလေးကို မျက်တောင်မွှေးပေါ်မှာ ထပ်မံလိမ်းကျံပေးလိုက်ပါ။ ပြီးရင် မျက်တောင်ကော့စက်နဲ့ ကော့ပြီး မာစကာရာကို ဒုတိယအကြိမ် ထပ်မံ လိမ်းကျံပေးလိုက်ပါ။ ဒါဆိုရင်တော့ မျက်တောင်လေးက တစ်နေကုန် တာရှည်ခံပြီး ကော့ညွှတ်နေမှာပဲဖြစ်ပါတယ်။

Matte ပုံသဏ္ဍာန် နှုတ်ခမ်းနီလေး ပိုင်ဆိုင်ချင်တယ်ဆိုရင်

အရင်ဦးဆုံး နှုတ်ခမ်းနီဆိုးပေးလိုက်ပါ။ ပြီးရင် ဆန်မှုန့်လေးကို နှုတ်ခမ်းပေါ်မှာ ကပ်ပေးလိုက်ပါ။ ပြီးမှ နှုတ်ခမ်းနီ ထပ်ဆိုးပေးလိုက်ပါ။ ဒါဆိုရင်တော့ Matte နှုတ်ခမ်းနီလေး ပိုင်ဆိုင်သွားပြီပဲဖြစ်ပါတယ်။

အိုင်းလိုင်နာ ဆိုးတဲ့အချိန်နဲ့ အိုင်းရှဲဒိုး ခြယ်တဲ့အချိန်မှာ တိပ်အသုံးပြုပေးပါ

ဒီလိုအသုံးပြုခြင်းအားဖြင့် သင့်ရဲ့ အိုင်းလိုင်နာနဲ့ အိုင်းရှဲဒိုးက ချွန်ချွန်ထက်ထက်လေးနဲ့ ကြည့်ကောင်းနေမှာပဲဖြစ်ပါတယ်။

အမျိုးသားများ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး ရိတ်ပြီးနောက် လိမ်းကျံလေ့ရှိတဲ့ ခရင်မ်တစ်မျိုးကို မိတ်ကပ် Primer အဖြစ် အသုံးပြုပေးလိုက်ပါ

ဒါဆိုရင်တော့ သင့်ရဲ့မိတ်ကပ်ဖောင်ဒေးရှင်းက ညက်ညက်လေးနဲ့ ကြည့်ကောင်းနေမှာပဲဖြစ်ပါတယ်။

ဂျိုင်းမွှေးကို အသားမနာစေဘဲ နည်းမှန်လမ်းမှန်ရိတ်နိုင်မယ့် နည်းလမ်းကောင်းများ

  • ရိတ်စက်ဖြင့် ရိတ်မယ်ဆိုရင် အရင်ဦးဆုံး အောက်ဘက်သို့ ဆွဲချပြီး ရိတ်လိုက်ပါ။ တစ်ဖန် အပေါ်သို့ ဆွဲတင်ပြီး တစ်လှည့်စီရိတ်ပေးရပါမယ်။ ဒီလို တစ်လှည့်စီ ရိတ်ပေးခြင်းအားဖြင့် အသားရှခြင်းကို ကာကွယ်ပေးမှာပဲြဖ်စပါတယ်။
  • နောက်ထပ် နည်းလမ်းကောင်းတစ်ခုကတော့ ရေချိုးပြီးမှ ရိတ်ဖို့ပါပဲ။ ရေချိုးပြီးမှ ရိတ်မယ်ဆိုရင် အသားအရေယားယံခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ထိုအချိန်မှာ ရေငွေ့များက ချွေးပေါက်များကို ပွင့်နေစေတာကြောင့် အလွယ်တကူ ရိတ်နိုင်မှာပဲြဖ်စပါတယ်။
  • ဂျိုင်းရိတ်တဲ့ခရင်မ်ကုန်နေတယ်ဆိုရင် ခေါင်းလျှော်ပြီးနောက်မှာ အသုံးပြုတဲ့ Conditioner လေး အသုံးပြုနိုင်ပါတယ်။

သဘာဝအတိုင်း ဆံပင်ကောက်ချင်သူတွေ ကျူးလွန်မိတဲ့အမှားတစ်ခု

ထိုအမှားကတော့ ဆံပင်ရေစိုနေချိန်မှာ ကျစ်ဆံမြီးကျစ်ထားပြီး ဆံပင်အခြောက်ခံခြင်းပဲဖြစ်ပါတယ်။ ထိုကဲ့သို့ ဆံပင်အခြောက်ခံခြင်းက သင့်ရဲ့ဆံပင်ကို လှိုင်းတွန်းလေးလို လှပသွားစေမှာမဟုတ်ဘဲ ပြောင်းဖူးမွှေးလို ဖွာလန်ကြဲသွားစေမှာပဲဖြစ်ပါတယ်။

Source: Brightside.me

By MyStyle Myanmar