Resistance Band ကိုသုံးပြီးတော့လုပ်ပေးရမယ့် ပခုံးလေ့ကျင့်ခန်း (6) မျိုးကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာအေးဆေးလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ ဒီပခုံးလေ့ကျင့်ခန်းတွေကို လုပ်ပေးခြင်းအားဖြင့် ရရှိလာမယ့် ကောင်းကျိုးတွေကတော့ ကိုယ်ဟန်အနေအထား ပိုကောင်းပြီး ပိုလှလာမယ်၊ ပခုံးနာတာ၊ ဇာတ်ကြောတက်တာတွေ သက်သာစေပါမယ်။

1. Reverse fly

Resistance Band ကို ခြေထောက်နှစ်ဖက်နဲ့ ဖိနင်းထားပြီး အရှေ့ကိုနည်းနည်းကုန်းထားတဲ့ ကိုယ်ဟန်အနေအထားနဲ့ အရင်နေပါ။ ပြီးရင် ပုံမှာလုပ်ပြထားသလို လက်နှစ်ဖက်က Resistance Band ကို ကိုင်ထားပြီး Resistance Band ကိုဆွဲလိုက်၊ ပြန်ချလိုက်ပုံစံမျိုး လုပ်ပေးရမှာပါ။ တစ်မိနစ်လောက် ဆက်တိုက်လုပ်ပေးနေရင် ရပါပြီ။

2. Front raise

ခုနကလိုပဲ Resistance Band ကို ခြေထောက်နှစ်ဖက်နဲ့ ဖိနင်းထားပါ။ ဒူးကို နည်းနည်းလေးပဲကွေးပြီး Resistance Band ကို လက်နှစ်ဖက်နဲ့ကိုင်ကာ ပုံမှာလုပ်ပြထားသလို အပေါ်ဆွဲလိုက်၊ လက်ပြန်ချလိုက်နဲ့ လုပ်ပေးနေရမှာပါ။ ဒါလည်း တစ်မိနစ်လောက် ဆက်တိုက်လုပ်ပေးနေရုံပါပဲ။

3. Lateral raise

Resistance Band ကို ခြေထောက်နှစ်ဖက်နဲ့ဖိထားပြီး မတ်မတ်ရပ်ပါ။ ပြီးရင် Resistance Band ကိုကိုင်ထားပြီး လက်နှစ်ဖက်ကို ပခုံးနဲ့တစ်တန်းထဲဖြစ်အောင် ဘေးကားလိုက်၊ လက်နှစ်ဖက်အောက်ပြန်ချလိုက်နဲ့ ဆက်တိုက် တစ်မိနစ် လုပ်ပေးရပါမယ်။

4. Standing row

ခိုင်တဲ့တိုင်တစ်ခုခုမှာ Resistance Band ကို ပတ်ထားပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း လက်နှစ်ဖက်နဲ့ကိုင်ကာ လက်နှစ်ဖက်ကို ရှေ့ဆန့်ထုတ်လိုက်၊ ပြန်ကွေးလိုက် ပုံစံမျိုး လုပ်ပေးရမှာပါ။ ဒီလိုလုပ်နေတဲ့အချိန်မှာ ဒူးကိုနည်းနည်းကွေးထားပါ။ အနည်းဆုံး တစ်မိနစ်ပြည့်အောင် လုပ်ပေးရပါမယ်။

5. Band pull-apart

Resistance Band အသေးစားကိုသုံးပြီးလုပ်ရမှာပါ။ လက်နှစ်ဖက်နဲ့ Resistance Band ကို ကိုင်ထားပြီး ဆန့်ထုတ်လိုက်၊ ပြန်စုလိုက်ပုံစံမျိုး ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးရမှာပါ။ ဒါလည်း တစ်မိနစ်လောက် လုပ်ပေးနေရင် ရပါပြီ။

6. Overhead band pull-apart

ဒီလေ့ကျင့်ခန်းမှာလည်း Resistance Band အတိုကိုပဲ သုံးပါမယ်။ လက်နှစ်ဖက်နဲ့ကိုင်ပြီး ပုံမှာလုပ်ပြထားသလို လက်နှစ်ဖက်ကို အပေါ်မြှောက်လိုက်၊ ပြန်ချလိုက်နဲ့ လုပ်ရမှာပါ။ လက်အနေအထားက ခေါင်းအနောက်ဘက်ကနေသွားတာမျိုး ဖြစ်ရပါမယ်။ အနည်းဆုံး တစ်မိနစ်ရအောင် လုပ်ပေးရပါမယ်။