အားလုံးပဲမင်္ဂလာပါနော်။ Eyeshadow လိမ်းပေမယ့် တခြားသူတွေလို လှလှလေးဖြစ်မနေရတာလဲလို့ မေးနေကြတဲ့သူတွေအတွက် အဲဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေကို ဒီနေ့ မျှဝေပေးသွားပါမယ်နော်။

မိတ်ကပ်လိမ်းတဲ့ ပျိုမေတို့လည်း အကြိုက်တွေ့ကြမယ်၊ သိချင်ကြမယ်လို့ ယုံကြည်ပါတယ်။

၁။ Primer မလိမ်းခြင်း

Primer က သင့်ရဲ့ Eyeshadow ကိုအရောင်မှန်ထွက်စေပါတယ်။ အရောင်တက်စေသလို အရောင်မှိန်အောင်လည်း လုပ်လို့ရပြီး မိမိနှစ်သက်သလိုပုံဖော်လို့ရပါတယ်။

၂။ Brush ရွေးချယ်မှုမှားယွင်းခြင်း

Brush အကြီးသုံးသင့်တဲ့နေရာ၊ အသေးသုံးသင့်တဲ့နေရာ၊ ဖွာဖွာလေး သုံးသင့်တဲ့ နေရာတွေရှိပါတယ်။ နည်းမှန်လမ်းမှန်နဲ့မသုံးပေးဘူးဆိုရင် သင့်ရဲ့ Eyeshadow ကို လှပစေမှာမဟုတ်ပါဘူး။

၃။ သင့် Eyeshadow ကို တစ်နေရာထဲမှာ စုထားခြင်း

Eyeshadow လိမ်းချယ်တဲ့အခါ တစ်နေရာထဲမှာ စုနေတာမျိုးမဟုတ်ဘဲ အစွန်းဖက်ကို ခပ်ဖွဖွလေး လိမ်းပေးလိုက်ဖို့ လိုပါတယ်နော်။

၄။ သင့်မျက်လုံးအရောင်နဲ့ မကိုက်ညီတဲ့ Eyeshadow ကိုရွေးချယ်ခြင်း

Eyeshadow အရောင်ရွေးချယ်တတ်ဖို့ကလည်း သိပ်ကိုအရေးကြီးပါတယ်။

အပြာရောင်မျက်ဝန်းပိုင်ရှင်တွေက၊ ကြေးနီရောင်၊ လိမ္မော်ရောင်ဖက်သန်းတဲ့ Eyeshadow ကိုရွေးချယ်သင့်ပါတယ်။

အညိုရောင် မျက်ဝန်းပိုင်ရှင်တွေက အပြာရောင်၊ ခရမ်းရောင်နဲ့ အညိုနုရောင်ဖက်သန်းတာကို ရွေးချယ်ပါ။

၅။ မျက်လုံးအတွင်းဖက်ထောင့်နားကို Highlight မသုံးခြင်း

သင့်မျက်ဝန်းအတွင်းဖက်ကို Highlight သုံးပေးသင့်ပါတယ်နော်။ဒါမှ မျက်လုံးပိုကျယ်ပြီး ပိုလင်းသွားသလို ခံစားရစေမှာဖြစ်ပါတယ်။

၆။ Eyeliner မသုံးဘဲထားခြင်း

Eyeshadow လိမ်းချယ်တဲ့အခါ Eyeliner ကိုလည်း သေချာဆွဲပေးသင့်ပါတယ်နော်။ ဒါမှ မျက်ဝန်းလေးက စိုပြေပြီး ပိုလှစေမှာဖြစ်ပါတယ်။

Source: www.beautyofgirls.com

BY: MyStyle Myanmar