ကိုယ်နဲ့လုံးဝအဆင်ပြေတဲ့ Skincare Routine မျိုးလုပ်နိုင်ဖို့က ထင်သလောက်မလွယ်ပါဘူး။ တစ်ခါတစ်လေ ဘယ်လောက်ပဲ Skincare လုပ်လုပ် မျက်နှာအသားအရေပိုမကောင်းလာတာမျိုးလည်း ကြုံရတတ်ပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလိုဖြစ်နေတယ်လို့ခံစားရတယ်ဆိုရင်တော့ ဘယ်လိုအမှားတွေလုပ်မိနေပြီလဲဆိုတာသိဖို့ ဖော်ပြပေးမယ့် အကြောင်းအရင်းတွေကတစ်ဆင့် ပြန်လည်ဆန်းစစ်ကြည့်နိုင်ပါတယ်နော်။ ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် Skincare လုပ်တိုင်းထိရောက်ဖို့ သတိထားရမယ့်အရာတွေကို မျှဝေပေးသွားမှာပါ။

၁။ Exfoliate မလုပ်ပေးလို့


အသားအရေမှာရှိတဲ့ ဆဲလ်သေတွေပုံမှန်မဖယ်ရှားတဲ့အခါ Skincare ဘယ်လောက်လုပ်လုပ် မထိရောက်တာမျိုး ဖြစ်တတ်ပါတယ်။ Exfoliate မလုပ်တာကြာတဲ့အခါ ဆဲလ်သစ်လည်ပတ်မှုနှေးပြီး အသားအရေခြောက်သွေ့လာစေမှာပါ။ ဒါကြောင့်မို့ ကိုယ့်အသားအရေနဲ့သုံးလို့အဆင်ပြေတဲ့ Scrub တစ်မျိုးနဲ့ တစ်ပတ်တစ်ခါလောက် Exfoliate လုပ်ပေးဖို့ လိုပါတယ်။

၂။ ကိုယ်သုံးနေတဲ့ Skincare တွေကို လျှော့တွက်မိလို့


Skincare သုံးတဲ့အခါ ကိုယ့် Skin နဲ့အသားမကျသေးဘဲ တစ်မျိုးပြီးတစ်မျိုးပြောင်းသုံးတာကလည်း ထင်သလောက် အသားအရေမကောင်းလာရတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ တစ်ချို့ Skincare တွေက ကိုယ့်အသားအရေနဲ့တော့အဆင်ပြေပေမယ့် ချက်ချင်းအာနိသင်မပြတာမျိုး ရှိပါတယ်။ ဒါကြောင့် Skincare ကို ခဏခဏပြောင်းမသုံးဘဲ လိုချင်တဲ့ Result ရတဲ့အထိ စွဲသုံးကြည့်ပါ။

၃။ Skincare အဆင့်တွေမျိုးစုံသုံးနေမိလို့


တစ်ခါတစ်လေ အသားအရေပိုကောင်းလာဖို့ ကိုယ့် Skin ကိုအနားပေးဖို့လည်း လိုပါတယ်။ ဒါကြောင့် တကယ်အရေးကြီးတဲ့ Toner ၊ Moisturizer နဲ့ Sunscreen လို Skincare အဆင့်သုံးဆင့်လောက်ကိုပဲ သုံးတာမျိုး လုပ်ပေးပါ။ Skincare တွေတစ်ခုပြီးတစ်ခုထပ်လုပ်ရင်းနဲ့ သူတို့မှာပါတဲ့အာနိသင်အချင်းချင်း မကိုက်တဲ့အခါ သုံးသလောက်မထူးခြားတာမျိုးဖြစ်တတ်ပါတယ်။

၄။ ပစ္စည်း Expired ဖြစ်နေတာကိုသတိမထားမိလို့


Skincare တွေမထိရောက်တော့တဲ့အခါ သုံးနေကျပစ္စည်းတွေ ဒိတ်ကုန်နေပြီလား စစ်ကြည့်ဖို့လည်းမမေ့ပါနဲ့။ အရောင်၊ အနံ့စတဲ့ ပြောင်းလဲမှုရှိမရှိ စစ်ဆေးပေးပါ။ နေရောင်နဲ့ထိပြီး အပူဒဏ်များတဲ့နေရာတွေက Expired ဖစ်ဖို့ ပိုလွယ်တာမို့ ဒီလိုနေရာတွေမှာ မထားမိအောင်လည်း သတိထားရပါမယ်။

၅။ ကိုယ်သုံးတဲ့ Skincare တွေက ရာသီဥတုနဲ့မကိုက်တော့လို့


တစ်ခါတစ်ရံ ရာသီဥတုပူတာကနေ အေးသွားတဲ့အခါ အသားပိုခြောက်တတ်တာမို့ သုံးနေကျ Moisturizer နဲ့မလုံလောက်တော့တာမျိုး ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ရာသီအပြောင်းအလဲမှာ အသားအရေအစိုဓာတ်က အရေးအကြီးဆုံးမို့ Moisturizer ကို ရာသီဥတုနဲ့ကိုက်အောင် ရွေးချယ်ပြီး ပြောင်းသုံးပေးပါ။

၆။ Skincare ပစ္စည်းတွေ အသားထဲစိမ့်ဝင်မှုမရှိလို့


Skincare ပစ္စည်းတွေ အသားထဲ စိမ့်ဝင်မှုကောင်းကောင်းရှိမှ ကိုယ့် Skin က ထူးခြားလာမှာပါ။ ဒါကြောင့် စိမ့်ဝင်မှုကောင်းတဲ့ Skincare ပစ္စည်းတွေအသုံးပြုပြီး အသားအရေသန့်စင်နေအောင် Cleansing ကာင်းကောင်းလုပ်တာ၊ မိတ်ကပ်သေချာဖျက်တာတွေလုပ်ပေးဖို့လည်း မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar