အားလုံးပဲမင်္ဂလာပါနော်။ တစ်ခါတစ်လေ သင့်မှာ ကိုယ်တိုင်ကသတိမထားမိဘဲ အရွယ်မတိုင်ခင် မျက်နှာအရေးအကြောင်းပေါ်အောင် ပြုလုပ်မိနေတဲ့ အမူအကျင့်အမှားတွေရှိုနေနိုင်ပါတယ်။ ဒီအကျင့်တွေကို အချိန်မှီမပြုပြင်ပေးရင်တော့ ဈေးကြီးတဲ့ Skincare ပစ္စည်းတွေသုံးနေလည်း အချည်းနှီးပါပဲ။ သင့်အသားအရေကို ပြန်ကောင်းမလာဘဲ အရေးအကြောင်းတွေပဲပိုဖြစ်စေမှာပါ။ ဒါကြောင့် ဒီလိုမဖြစ်ရအောင်သတိထားနိုင်ဖို့ အရေးအကြောင်းပေါ်စေတဲ့ အမူအကျင့်အမှားတွေ အကြောင်းကို မျှဝေပေးလိုက်ပါတယ်။ ပျိုမေတို့လုပ်နေမိတဲ့အကျင့်တွေကော ပါလာမလား စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်လိုက်ရအောင်နော်-

၁။ နှပ်ကော်ဖီတွေ အလွန်အကျွံသောက်မိနေတာကြောင့်ပါ


Coffee မကြာခဏသောက်တာက ကိုယ်တွင်းရေဓာတ်ခန်းခြောက်ပြီး အသားအရေကိုပါ မွဲခြောက်ခြောက်ဖြစ်စေတာကို ပျိုမေတို့ကြားဖူးပြီးသားဖြစ်မှာပါ။ ဒါပေမယ့် Coffee က စွဲစေတာကြောင့် မသောက်ရမနေနိုင်သူတွေအနေနဲ့ နှပ်ကော်ဖီ အစား Instant ကာ်ဖီမှုန့်အထုပ်တွေကို ပြောင်းသောက်ကြည့်ပါ။ ကော်ဖီမှုန့်အထုပ်တွေက နှပ်ကော်ဖီတွေထက် ကဖင်းဓာတ်ပါဝင်မှုနည်းတာကြောင့် သင့်ကိုအသားအရေအရမ်းမပျက်စီးအောင် ထိန်းပေးနိုင်ပါတယ်။

၂။ မျက်လုံးကိုခဏခဏပွတ်တတ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်


မျက်ခမ်းတွေကိုမကြာခဏပွတ်တာကလည်း သင့်မျက်လုံးကိုနီမြန်းစေတဲ့အပြင် ဘေးတစ်ဝိုက် အသားအရေကိုပါ ခြောက်ကပ်စေပါတယ်။ အချိန်ကြာကြာပွတ်မိတဲ့အခါ မျက်ကွင်းညိုပြီး အရေတွန့်တဲ့အထိဖြစ်လာနိုင်တာကြောင် မျက်လုံးပွတ်တာကိုရှောင်ပေးဖို့အရေးကြီးပါတယ်။

၃။ မှောက်လျက်အိပ်တာကြောင့်လည်း ဖြစ်တတ်ပါတယ်


မှောက်လျက်အိပ်တဲ့အခါ ခေါင်းအုံးက သင့်မျက်နှာကိုတွန်းမိနေသလိုဖြစ်တာကြောင့် အရေပြားမှာ အလျားလိုက်အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ အရေးအကြောင်းတွေ မျက်နှာမှာစွဲတဲ့အထိဖြစ်တတ်တာကြောင့် သတိထားပြီး ပြုပြင်ပေးဖို့မမေ့ပါနဲ့နော်။

၄။ Sunscreen အစား SPF ပါတဲ့မိတ်ကပ်တွေအစားထိုးသုံးတာမျိုးကိုလည်း ရှောင်ပေးရပါမယ်


Sunscreen သီးသန့်မလိမ်းဘဲ SPF ပါတဲ့ မိတ်ကပ်ပစ္စည်းတွေအသုံးပြုရုံနဲ့မလုံလောက်ပါဘူး။ အရွယ်မတိုင်ခင် အိုမင်းခြင်းမဖြစ်စေဖို့ ဘယ်အချိန်မှာမဆို Sunscreen လိမ်းပေးဖို့ အရေးကြီးပါတယ်။

၅။ ဆပ်ပြားအတုံးတွေသုံးတာကြောင့်ပါ


ဆပ်ပြာအတုံးမှာပါတဲ့အာနိသင်က တစ်ခါတစ်ရံမှာ သင့်ကို အသားပါးပြီး ခြောက်သွေ့စေတာကြောင့် အရေးအကြောင်းတွေအလွယ်တကူဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် သင့်မျက်နှာအတွက် ဆပ်ပြာအတုံးသုံးပြီး သန့်စင်တာမျိုးကိုရှောင်ပေးပါ။ အဲ့ဒီ့အစား Cream နဲ့ အရည်အမျိုးအစား Cleanser အပျော့တွေကိုသာအသုံးပြုသင့်ပါတယ်။

၆။ နှုတ်ခမ်းကို လျှာနဲ့လျက်တတ်တဲ့အကျင့်ကိုလည်းပြင်သင့်ပါတယ်


နှုတ်ခမ်းခြောက်လို့ နှုတ်ခမ်းကိုလျှာနဲ့လျက်လိုက်တာက ခဏတာအတွက် အစိုဓာတ်ရပေမယ့် တံတွေးမှာ နှုတ်ခမ်းအသားပါးပြီး ခြောက်သွေ့စေတဲ့ ဓာတ်ပါဝင်တာကြောင့် တဖြည်းဖြည်းနဲ့ သင့်နှုတ်ခမ်းကိုပိုခြောက်စေပြီး ကွဲအက်တာမျိုးအထိဖြစ်တတ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းခြောက်တတ်တဲ့သူတွေအနေနဲ့ နှုတ်ခမ်းအစိုဓာတ်ရစေဖို့ Lip Balm တစ်မျိုးကို အမြဲဆောင်ထားပေးသင့်ပါတယ်။

Source: brightside.me