ချစ်ခြင်းမေတ္တာဆိုတာ စိတ်ရှည်တာလို့ ပြောတတ်ကြပါတယ်။ ဒီလိုစိတ်ရှည်ဖို့ လေးစားမှုဆိုတာက သင်ပေးပါတယ်။ ဒါပေမယ့် လင်မယားနှစ်ယောက်အနေနဲ့ ဘဝကို ဆက်လက်ရင်ဆိုင်ကြရတဲ့အခါ အချစ်ကလွဲလို့ နှစ်ယောက်ကြားက နှောင်ကြိုးကို ထိန်းသိမ်းဖို့ တကယ်အရေးကြီးတဲ့ အရာတွေရှိသေးတာ တွေးဖူးပါရဲ့လား။ ဒါဆို ဆယ်စုနှစ်များစွာ ကြာနေပြီဖြစ်တဲ့စုံတွဲတော်တော်များများကို မေးကြည့်တဲ့အခါ သူတို့ဖြေတဲ့အချက်တွေက ဘာတွေဖြစ်မလဲဆိုတာ ဖက်ကြည့်ရအောင်-

လူတစ်ယောက်ကိုချစ်မိသွားတဲ့အခါ သူနဲ့ပက်သတ်သမျှအရာအကုန်လုံးကို လက်ခံတတ်လာတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ အားနည်းချက်တွေ၊ အားနည်းချက်တွေကိုလည်း တတ်နိုင်သမျှ သည်းခံပြီး ဖယ်ထားလိုက်ပါ။ ကိုယ်ရွေးချယ်ခဲ့တဲ့လူကို လေးစားမှုရှိတဲ့အခါ လူတစ်ယောက်ရဲ့ အလှတရား၊ ချို့ယွင်းချက်၊ ခါးသီးပြီး ချိုမြိန်မှု၊ အကောင်းနဲ့ အဆိုးကို လက်ခံလာမှာ ဖြစ်ပါတယ်။ နှစ်ယောက်လုံးဟာ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အကျင့်တွေကို လိုက်လျောညီထွေဖြစ်အောင် သင်ယူပြီး ချစ်ခြင်းမေတ္တာနဲ့နေထိုင်နိုင်တဲ့ အပေးအယူတစ်ခုနဲ့ နေတက်လာကြပါတယ်။

အချိန်ကြာလာလို့ လက်တွဲဖော်ရဲ့ ချို့ယွင်းချက်နဲ့ သဘောထားတွေကို သိလာရတဲ့အခါ စိတ်ရှည်ဖို့ခက်လာတတ်ပါတယ်။ Relationship ခိုင်မြဲဖို့ ကိုယ့်ဘက်ကချည်း ရင်းနှီးမြုပ်နှံထားသလိုခံစားရလာတဲ့အခါ နှစ်ယောက်ကြား ပဋိပက္ခတွေ ပေါ်ပေါက်လာတဲ့အခါတိုင်း ဒါကိုထည့်ပြောတတ်လာပါတယ်။ ဒါပေမယ့် ကိုယ်ရွေးချယ်ခဲ့တဲ့လူကို လေးစားမှုရှိတဲ့အခါ သူ့အပေါ်ကိုသာမက သင်ကိုယ်တိုင်ပါ စိတ်ရှည်ဖို့ သင်ယူတတ်လာမှာပါ။ နှစ်ယောက်လုံးက ပြီးပြည့်စုံမှုမရှိဘူးဆိုတာ နားလည်လာရပြီး မမျှော်လင့်ထားတဲ့ အခြေအနေတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကိုလည်း စိတ်ရှည်ဖို့ သင်ယူပါ။

အိမ်ထောင်သည်စုံတွဲတွေ သူတို့အိမ်ထောင်ရေး ဘယ်လောက်ကြာကြာ တည်တံ့နေသလဲဆိုတာကို စစ်တမ်းတစ်ခုလုပ်တဲ့အခါ သူတို့နှစ်ယောက်ဆီက ချစ်တယ်လို့ အမြဲကြားနေမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အချစ်က အချိန်ကြာလာတာနဲ့အမျှ ပျောက်ကွယ်သွားတတ်လို့ပါပဲ။ နှစ်ယောက်လုံး ပိုက်ဆံပိုရှာလာနိုင်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် စိတ်နေသဘောထားတွေ ခံစားချက်တွေ အခြေအနေတွေက ပြောင်းလဲသွားတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ရွေးချယ်ခဲ့တဲ့လူကို လေးစားမှုရှိတဲ့အခါ ဒါကို ပြုပြင်လို့ရပါတယ်။

လက်တွဲဖော်ကိုမပြောဘဲ လိမ်လည်လှည့်ဖြားတာတွေက ဆက်ဆံရေးကို ပျက်သွားစေပြီး ပြုပြင်လို့မရနိုင်တဲ့ ပျက်စီးမှုတွေကို ဖြစ်ပေါ်လာစေတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ရွေးချယ်ခဲ့တဲ့လူကို လေးစားမှုရှိတဲ့အခါ နှစ်ယောက်ကြားက ဆက်ဆံရေးကို ပျက်စီးစေမယ့်အရာတွေလုပ်ဖို့ သွေးဆောင်ခံရမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုလုပ်တာတွေရဲ့ အကျိုးဆက်တွေကို သင်သိတာကြောင့်ပါ။

လေးစားယုံကြည်မှုကို ပြုစုပျိုးထောင်ပါ
သင့်လက်တွဲဖော်ကို သင်ချစ်တယ်ဆိုရင် သူ့ရဲ့အရည်အချင်း စွမ်းဆောင်ရည်ကို အသိအမှတ်ပြုပါ။ သူ့ရဲ့အရည်အသွေးကို အလေးထားပြီး လုံလောက်တဲ့ ယုံကြည်မှုကို ပေးပါ။ ဒါက ပေါင်းသင်းဆက်ဆံရေး လုပ်ဖော်ကိုင်ဖက်တွေ အတွက်လည်း အလားတူပါပဲ။ တစ်ယောက်နဲ့တစ်ယောက် လေးစားကြတဲ့အခါ အချင်းချင်းယုံကြည်ကြပြီး နှစ်ဦးစလုံးကို ထိခိုက်နစ်နာစေမယ့် အရာတွေကို တမင်တကာ မလုပ်မိစေနဲ့။ ယုံကြည်မှု ပျက်ပြားသွားတဲ့အခါ သင့်ရဲ့ အရေးပါတဲ့သူရဲ့ လေးစားမှုလည်း ဆုံးရှုံးသွားရတတ်ပါတယ်။

နောက်ဆုံးအနေနဲ့ လေးစားမှုဟာ အချစ်ကို ကျော်လွန်ပြီး ချစ်ခြင်းမေတ္တာကို ဖြစ်ပေါ်စေပါတယ်။ နားလည်လက်ခံနိုင်တဲ့ ချစ်ခြင်းမေတ္တာ၊ ဆုပ်ကိုင်ထားလိုတဲ့ဆန္ဒ ၊ အတူကြုံနေရတဲ့ ပဋိပက္ခအားလုံးကို ကျော်လွှားနိုင်တဲ့ ချစ်ခြင်းမေတ္တာကို ဖန်တီးပေးပါတယ်။ တစ်ယောက်ကိုတစ်ယောက် လေးစားမှုတွေနဲ့ ဘဝကို အတူလက်တွဲပြီး ဆက်လျှောက်လိုတဲ့ဆန္ဒကို ဖြစ်ပေါ်စေဖို့ တစ်ယောက်ကိုတစ်ယောက် လေးစားမှုရှိတယ်ဆိုရင် အဲဒါက အချစ်စစ်ပါပဲ။