ခေါင်းလျှော်ပြီးရင် တစ်ရက်၊ နှစ်ရက်လောက်ဆို ဆံပင်ကအဆီပြန်ပြီး စေးကပ်လာတာမျိုးဖြစ်လို့ ခေါင်းခဏခဏလျှော်ဖို့ကျတော့လည်း အဆင်မပြေပါဘူး။ ခေါင်းလျှော်ပြီးရင် ဆံပင်က ခဏလေးနဲ့အဆီပြန်ပြီး စေးကပ်သွားရတဲ့ အကြောင်းအရင်း ၆ ခု ရှိပါတယ်။ ဒါတွေကိုဆင်ခြင်ရင်တော့ ဆံပင်အဆီပြန်တာက သက်သာသွားမှာပါ။

ဆံပင်ကိုတင်းကျပ်နေအောင်စည်းထားခြင်း

ဆံပင်ကို အမြဲတမ်း တင်းကျပ်နေအောင် စည်းထားတာက ဆံပင်အဆီပိုထွက်ပြီး အဆီပြန်လာတဲ့အတွက် ခဏလေးနဲ့ စေးကပ်သွားပါတ်။ ဒါကြောင့် ဆံပင်စည်းမယ်ဆိုလည်း လျော့လျော့လေးပဲ စည်းပါ။

ခေါင်းလျှော်တဲ့အခါ

ခေါင်းလျှော်တဲ့အခါမှာ ရေပူနဲ့လျှော်ရင် ချွေးပေါက်ပွင့်တယ်ဆိုပေမယ့် ဆံသားပျက်စီးစေပါတယ်။ ဦးရေပြားခြောက်ပြီး ဗောက်ထလာပါမယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ရိုးရိုးရေနဲ့လျှော်ပြီး shampoo သုံးတဲ့အခါမှာတော့ ရေပူသုံးပြီး လျှော်ပါ။ နောက်ဆုံးမှာ shampoo တွေသန့်စင်သွားအောင် ရေလောင်းချရင်တော့ ရိုးရိုးရေအေးနဲ့ လောင်းချပြီး လျှော်ပါ။ ဒါဆိုရင် ဆံပင်အဆီအရမ်းပြန်တာလည်း သက်သာသွားပါမယ်။

Hair Products တွေမှားသုံးခြင်း

ဆံသားခြောက်လို့၊ ဆံသားပိုကောင်းအောင် nourishing shampoo တွေသုံးတာမျိုး မလုပ်ပါနဲ့။ ခေါင်းလျှော်ပြီးတာတောင် ဆံပင်ကစေးပြီး ခေါင်းမလျှော်ရသေးတဲ့ ပုံစံမျိုး ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ပုံမှန်အတိုင်း ရိုးရိုး shampoo နဲ့လျှော်ပြီး အဖျားလေးတွေကို hair oil လိမ်းပေးပါ။

ဆံပင်ကိုခဏခဏကလိခြင်း

ဆံပင်ကို လက်နဲ့ခဏခဏထိပြီး ကလိနေရင် လက်က bacteria တွေနဲ့ အဆီတွေကြောင့် greasy ပိုဖြစ်စေပါတယ်။ ဒါကြောင့် လက်နဲ့ခဏခဏမကလိပါနဲ့။

Stress များခြင်း

Stress များနေရင် body က cortisol တွေပိုထုတ်ပေးတဲ့အတွက် အသားအရေနဲ့ ဆံသားက ပိုပြီးအဆီပြန်စေပါတယ်။ Stress ကြောင့် ဦးရေပြားဗောက်ထတာ၊ ဦးရေပြားအဆီပြန်တာတွေလည်း ဖြစ်စေပါတယ်။

ခဏခဏခေါင်းလျှော်ခြင်း

ဆံပင်အဆီပြန်လို့ဆိုပြီး ခေါင်းခဏခဏလျှော်နေရင် ပိုပြီးအဆီပြန်လာမှာပါ။ တော်တော်များများက ခေါင်းလျှော်ပြီး ခဏလေးနဲ့ အဆီပြန်ပြီးစေးကပ်လာလို့ ခေါင်းလျှော်လိုက်၊ အဆီတွေပိုထွက်လိုက်နဲ့ သံသရာလည်နေတာပါပဲ။ ဒါကြောင့် ခဏခဏခေါင်းမလျှော်ပါနဲ့။ အဆီပြန်တာ ပိုဆိုးလာပါလိမ့်မယ်။