သင်တို့စုံတွဲက တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန်ချစ်ကြတယ်။ တွဲလာတာ ကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးမှုတွေ ချစ်ခြင်းမေတ္တာတွေ တိုးလာတာနဲ့အမျှ နောက်ဆုံးတော့ ဒီလူက ငါ့ရဲ့ဖူးစာရှင်ပါလားလို့ ကိုယ်တွေးနေတဲ့အချိန်မှာပဲ မမျှော်လင့်တဲ့အခြေအနေတွေ ရုတ်ချည်းပြောင်းလဲလာတာမျိုးကို သင်ခံစားဖူးပါလိမ့်မယ်။ ဖုန်းခေါ်ဆိုမှုတွေ ကျဲလာမယ်။ သူ့ရဲ့အရေးကြီးတဲ့အကြောင်းအရာတွေကိုလည်း သင့်ကို မပြောပြတော့ပါဘူး။

ဒီလိုလက္ခဏာတွေဟာဆိုရင် သင့်ချစ်သူကောင်လေးက သင်နဲ့ဝေးဝေးမှာ နေချင်နေကြောင်း ဖော်ပြနေတာပါ။ ဘာ့ကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ကိုရော သင်သိပါသလား။

၁။ ငြီးငွေ့လာလို့

Photo Source: thoughtcatalog.com

သမီးရည်းစားဆက်ဆံရေးမှာ အချိန်ကြာလာတာနဲ့ အမျှ တစ်ယောက်အပြစ်ကို အခြားတစ်ယောက်ကမြင်လာပါလိမ့်မယ်။ သင်တို့ ဆက်ဆံရေးက ပျင်းရိငြီးငွေ့ဖွယ်ကောင်းလာတာနဲ့အမျှ သူ့ကိုစိတ်ပျော်စေမဲ့ အရာမျိုးကို ရှာဖွေပါလိမ့်မယ်။

၂။ သင် ပြောင်းလဲသွားပြီလို့ သူထင်နေလို့

Photo Source: www.90daykorean.com

အမျိုးသားတွေက များသောအားဖြင့် သူတို့ရဲ့စိတ်ခံစားချက်ကို ကောင်းကောင်းမဖော်ပြတတ်ကြပါဘူး။ သူ့အပေါ်မှာထားတဲ့ သင့်ခံစားချက်တွေက မှေးမှိန်ပျောက်ကွယ်သွားပြီလို့ ထင်နေရင်လည်း သင်နဲ့ ခပ်ဝေးဝေးမှာပဲ သူနေပါလိမ့်မယ်။

၃။ အခြားတစ်ယောက်ကို စိတ်ဝင်စားနေလို့

Photo Source: marijazeljkovic.com

သင့်ကောင်လေးက သင့်ကို တမင်ရှောင်နေပြီးတော့ သူဘယ်သွားလဲ ဘာလုပ်နေသလဲဆိုတာတွေကို သင့်ကို လိမ်ပြောနေမယ်ဆိုရင် သူ့အာရုံတွေက တခြားတစ်ယောက်ကို စိတ်ဝင်စားနေလို့ပါပဲ။

၄။ သင့်ကို အပိုင်တွက်ထားလို့

သူက ဘယ်လိုလုပ်ရပ်မျိုးပဲလုပ်လုပ်၊ သင့်အပေါ် ဘယ်လိုမျိုးပဲ ဆက်ဆံနေပါစေ သင်ကခွင့်လွှတ်လက်ခံပြီး သူ့အတွက် အမြဲတမ်းအဆင်သင့်ရှိနေပေးတဲ့ လူတစ်ယောက်လို့ ယုံကြည်နေတဲ့အချိန်မျိုးမှာလည်း သင်နဲ့အနေဝေးနေတတ်ပြီး သူသတိရလာမှ သင့်ကို ပြန်ဆက်သွယ်လာပါလိမ့်မယ်။

၅။ သင့်ကို စိတ်ဆိုးနေလို့

Photo Source: www.shutterstock.com

သူ့ကို စိတ်ဆိုးဒေါသထွက်စေတဲ့ အပြုအမူတစ်ခုခုကို သင်ကျူးလွန်ထားတဲ့အခါ သူ့ဒေါသကို ဖော်ပြတဲ့အနေနဲ့ သင့်ကိုရှောင်ပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ သင်ကပဲ သူ့ကိုပြေရာပြောကြောင်း ပြန်ချော့ပေးလိုက်ပါ။

၆။ လူမှုရေးပြဿနာကြုံနေရလို့

Photo Source: www.telegraph.co.uk

စိတ်ဖိစီးမှု၊ စိတ်ညစ်စရာတွေနဲ့ ကြုံလာတဲ့အခါ ပတ်ဝန်းကျင်အခြေအနေ အရာအားလုံးကို မေ့သွားတတ်ပါတယ်။ သူအဆက်အသွယ်ဖြတ်ထားတာက သင့်တစ်ယောက်တည်းကိုပဲလား၊ သူ့သူငယ်ချင်းအပေါင်းအသင်းတွေကိုရော သင့်လိုပဲ အဆက်အသွယ်မလုပ်ဘူးလားဆိုတာကို လေ့လာပါ။ အကယ်၍ သူကစိတ်ဖိစီးစရာတွေနဲ့ ကြုံလာပြီဆိုရင် သူ့ကောင်မလေးတစ်ယောက်အနေနဲ့ သူ့ကိုအားပေးနှစ်သိမ့်ပါ။