ခွေးလေးတွေ ကြောင်လေးတွေဟာဆိုရင် လူတွေရဲ့ အချစ်တော်လေးတွေပါ။ ကမ္ဘာပေါ်မှာ အိမ်မွေးတိရိစ္ဆာန်အဖြစ် အမွေးအများဆုံး သတ္တဝါလေးတွေကို ပြောပြပါဆိုရင် ခွေးနဲ့ကြောင်ပါပဲ။ အခုဖော်ပြပေးချင်တာကတော့ ခွေးလေးတွေကို ဘာ့ကြောင့်အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူသင့်လဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

၁။ သစ္စာရှိခြင်း

Photo Source: www.tacno.net

ခွေးလေးတွေက သစ္စာရှိတယ်ဆိုတာကတော့ ပြောနေဖို့တောင်မလိုပါဘူး။ သူတို့ သခင်က ဘယ်သူလဲဆိုတာ ကွဲကွဲပြားပြားသိပြီးတဲ့နောက်မှာ သူတို့နောက်ဆုံးထွက်သက်အထိ သူတို့သခင်အပေါ်မှာ သစ္စာစောင့်သိသွားမှာပါ။

၂။ အကာကွယ်ပေးတယ်

Photo Source: grizzly-bag.livejournal.com

သင့်အိမ်လုံခြုံမှု၊ သင့်မိသားစုလုံခြုံမှုအတွက် သက်တော်စောင့်တွေ လုံခြုံရေးတွေ ဈေးကြီးပေးပြီး အလုပ်ခန့်ထားစရာမလိုပါဘူး။ ခွေးလေးတွေမှာ အနံခံအာရုံကောင်းတွေ အကြားအာရုံတွေ သိပ်ကိုကောင်းမွန်တဲ့အတွက်ကြောင့် သူတို့အရည်အချင်းတွေနဲ့ သူတို့သခင်ရဲ့လုံခြုံမှုအတွက် လိုလိုလားလားနဲ့ကို ကာကွယ်စောင့်ရှောက်ပေးပါလိမ့်မယ်။ အမှုအခင်းစုံစမ်းရှာဖွေရေးနဲ့ ဗုံးဖယ်ရှားတဲ့နေရာမှာလည်း ခွေးတွေကို အသုံးပြုကြပါတယ်။

၃။ အဖော်မွန်ကောင်းတွေဖြစ်တယ်

Photo Source: www.pulseheadlines.com

ခွေးလေးတွေကို မွေးမြူထားမယ်ဆိုရင် သူတို့က သင့်ကို ဘယ်တော့မှ တစ်ယောက်တည်း အထီးကျန်စေမှာ မဟုတ်ပါဘူး။ လူသားတွေအတွက် အဖော်မွန်ကောင်းကို ပြောပါဆိုရင်တော့ ခွေးလေးတွေပဲဖြစ်ပါတယ်။

၄။ ချစ်စရာကောင်းတဲ့ အမျိုးအစားပေါင်းများစွာ ရှိတယ်

Photo Source: www.hd-wallpapersdownload.com

ခွေးအမျိုးအစားတွေက အများကြီးရှိတဲ့အပြင် တစ်ကောင်နဲ့တစ်ကောင်ကလည်း တစ်မျိုးစီချစ်ဖို့ကောင်းကြပါတယ်။ မတူညီတဲ့ခွေးအမျိုးအစားတွေကို တစ်ကောင်စီမွေးထားမယ်ဆိုရင်တော့ သင့်အိမ်ကို ပျော်ရွှင်ခြင်းတွေ ယူဆောင်လာပေးမှာ အသေအချာပါပဲ။

၅။ သင်ကြားပေးလို့ရတယ်

Photo Source: dogbreedsjournal.com

ခွေးလေးတွေက အမြဲတမ်းတက်တက်ကြွကြွရှိပြီး သူတို့သခင်သင်ကြားပေးတဲ့ ဘယ်အရာကိုမဆို အလွယ်တကူနဲ့ သင်ယူတတ်မြောက်နိုင်ကြပါတယ်။ သင့်ခွေးလေးကို သင်ကြားပေးထားတဲ့ အရာတွေကိုလည်း သင့်အိမ်နီးချင်းတွေရှေ့မှာ အားကျသွားအောင် ကြွားလို့လည်းရသေးတယ်နော်။

၆။ လေ့ကျင့်ခန်းပြုလုပ်ဖြစ်တယ်

Photo Source: explorebuxton.co.uk

ခွေးလေးတွေ မွေးထားမယ်ဆိုရင် သူတို့နဲ့အတူ ပုံမှန်လမ်းလျှောက်ထွက်ပေးရပါမယ်။ သင်က လေ့ကျင့်ခန်းမလုပ်ဖြစ်တဲ့သူဆိုရင်တောင်မှ သင့်ခွေးလေးနဲ့ အတူလမ်းလျှောက်ထွက်မယ်ဆိုရင် သင့်ကို ကျန်းမာနေအောင်ပြုလုပ်ပေးပါလိမ့်မယ်။