မင်္ဂလာပါ… ပျိုမဒီတို့ရေ…. ၂၀၂၃ မှာ ဆံပင်နဲ့ပတ်သတ်တဲ့ပြောင်းလဲမှုအကြီးစားကို ပြောပါလို့ မေးလာခဲ့ရင်တော့ အဖြေက Shampoo Bar ပါ။ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ ဒီနှစ်တွေမှာ ဘူးနဲ့ထည့်ထားတဲ့ Shampoo တွေထက် Shampoo Bar  တွေက ခေတ်စားလာခဲ့ပါတယ်။

စစ်တမ်းတွေအရေ သုံးစွဲသူတွေက ဒီနှစ်မှာ ခေါင်းလျှော်ရည်ဘူးတွေထက် Shampoo Bar တွေကို 76% လောက်ကို ပိုပြီးဝယ်သုံးလာကြပါတယ်။ ဒါဆိုရင် Shampoo Bar ဆိုတာကဘာလဲ? ဘာကြောင့် Shampoo Bar တွေကို Shampoo ဘူးတွေထက် သုံးသင့်လဲဆိုတာ ဝေမျှလိုက်ပါတယ်နော်-

ပလပ်စတစ်ထုပ်ပိုးမှု

“ကမ္ဘာတစ်ဝှမ်းက ပလတ်စတစ်အမှိုက်ပြဿနာက သိသာထင်ရှားပါတယ်” အလှကုန်လုပ်ငန်းက အဲဒီအမှိုက်တွေကို ကြီးကြီးမားမား ပံ့ပိုးပေးပြီး ပလတ်စတစ်အားလုံးရဲ့ 9% ကသာ ပြန်လည်အသုံးပြုပါတယ်။”လို့ Winden ရဲ့ CEO ဖြစ်သူ Rebecca Mapes က ပြောကြားခဲ့ပါတယ်။ Shampoo Bar က ထုတ်ကုန်အရည်အသွေးကို မထိခိုက်စေဘဲ အလေ့အထကို အလွယ်တကူ ပြောင်းလဲနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။

ရေအသုံးပြုမှု

Shampoo Bar ဆိုတာက တကယ်တော့ ရေမပါတဲ့ ရိုးရိုး Shampoo ပါ။ ဒါကြောင့်  Shampoo ထဲမှာ ထည့်ရတဲ့ရေကို လျော့ချနိုင်ပါတယ်။

အရည်အသွေး

Shampoo Bar တွေရဲ့အရည်အသွေးက ရိုးရိုးဘူးနဲ့ထည့်ထားတဲ့ ခေါင်းလျှော်ရည်နဲ့ အရည်အသွေးက အတူတူပါပဲ။  Shampoo Bar တွေကို ကြမ်းတမ်းတဲ့ Surfactants များမပါဘဲ ဖော်စပ်ထားပြီး ရေဓာတ်ပါဝင်တဲ့ ပစ္စည်းတွေနဲ့သာ ပေါင်းစပ်ထားပါတယ်။

နေရာ

Shampoo Bar တွေရဲ့အားသာချက်က ဘူးခွံနဲ့မဟုတ်တာကြောင့် ရေချိုးခန်းထဲမှာလည်း နေရာမယူတော့တဲ့အပြင် သုံးလို့ကုန်သွားရင်လည်း သီးသန့်လွှင့်ပစ်စရာမလိုတာကြောင့် အလုပ်ရှုပ်လည်းသက်သာပါတယ်။

သယ်ဖို့လွယ်တာ

Shampoo Bar တွေက သေးငယ်ကျစ်လစ်ပြီး လက်ဖဝါးဆိုဒ်လောက်ဘဲရှိတာကြောင့် ခရီးသွားတဲ့အခါလည်း သယ်သွားဖို့လွယ်ကူပါတယ်။

တာရှည်ခံမှု

Shampoo Bar တွေကိုသုံးတဲ့အခါ စိုနေတဲ့ဆံပင်ပေါ်မှာ တိုက်ရိုက်အသုံးပြုရတာမလို့ အလေအလွင့်နည်းပါးပြီး ကြာရှည်အသုံးခံပါတယ်။