အပြုံးလှလှလေးတွေက လူတွေသင့်ကိုသတိထားမိစေတဲ့အချက်တွေထဲကတစ်ခုလို့ပြောလို့ရပါတယ်။ ဖြူဖွေးတဲ့သွားလေးတွေ ပိုင်ဆိုင်ထားတာက သင့်အပြုံးလေးတွေပိုလှနေဖို့ပံ့ပိုးပေးနိုင်သလို ယုံကြည်မှုရှိရှိပြုံးရယ်နိုင်ဖို့ အထောက်အပံ့တစ်ခုလည်းဖြစ်ပါတယ်။ သင်ကိုယ်တိုင်လည်း သွားဖြူဖြူလေးတွေ ပိုင်ဆိုင်ဖို့ဆိုရင် မဖြစ်မနေရှောင်ဖို့လိုတဲ့ သွားဝါစေတဲ့ နေ့စဉ်အပြုအမူအမှားတွေကို သိထားနိုင်ရင် အကောင်းဆုံးပါပဲ။

ဒါကြောင့် ဒီတစ်ခေါက်မှာ တော်တော်များများသတိမထားမိကြသေးတဲ့ သွားဝါညစ်လာစေမယ့် အမူအကျင့်အမှားတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ အမြုပ်ထပြီး Gas များတဲ့ အချိုရည်တွေသောက်တာ


ဆိုဒါ Gas ပါဝင်မှုများတဲ့ အချိုရည်အအေးတွေက သင့်သွားတွေကို တဖြည်းဖြည်းဝါစေတတ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ Carbonic Acid က သွားကြွေလွှာတွေကိုပျက်စီးစေတာကြောင့် သင့်သွားကိုအရောင်ညစ်လာစေတတ်ပါတယ်။

၂။ ငံပြာရည်များတဲ့ အစားအသောက်တွေခဏခဏစားတာ


ငံပြာရည်အမျိုးမျိုးက အစားအသောက်ကိုပိုအရသာရှိအောင်ပံ့ပိုးပေးနိုင်ပေမယ့် သင့်သွားတွေကို တဖြည်းဖြည်းနဲ့ ဝါလာစေတတ်တာကိုတော့ သတိထားပေးရပါမယ်။ ငံပြာရည်နဲ့ အခြားသူ့လိုအရောင်ရင့်တဲ့ အစားအသောက်တွေက သင့်သွားအရောင်ညစ်စေတတ်တာကြောင့် သွားဖြူချင်တယ်ဆိုရင် ဒီလိုအရောင်ထင်းတဲ့ အစားအသောက်တွေတစ်နေ့ထဲမှာ ခဏခဏစားတာမျိုးကိုရှောင်ပေးသင့်ပါတယ်။

၃။ အရမ်းပူတဲ့သောက်စရာတွေ နေ့စဉ်သောက်တာ


Coffee ၊ လက်ဖက်ရည်စတဲ့ဖျော်ရည်အပူတွေကို အရမ်းပူတုန်းအချိန်သောက်တာကလည်း အလားတူ သင့်သွားကြွေလွှာတွေ နည်းနည်းချင်းကွဲအက်လာစေပြီး သွားအရောင်ထင်းလာတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် အရောင်ပါတဲ့သောက်စရာအပူတွေကို အရမ်းပူနေတဲ့အချိန်သောက်တာ၊ နေ့တိုင်းသောက်တာတွေကို ရှောင်ပေးသင့်ပါတယ်။

၄။ မှားယွင်းတဲ့ Mouthwash တွေနဲ့ပလုတ်ကျင်းတာ


Chemical ပါဝင်မှုအရမ်းများတဲ့ Mouthwash တွေက သင့်သွားတွေကိုသန့်စင်ပေးတာထက် ကြွေလွှာတွေကို ပါးစေပြီး သွားအရောင်ပြောင်းလာစေတတ်ပါတယ်။ ဒါကြောင့် နေ့စဉ်သုံးဖို့အတွက် အရမ်းမပြင်းတဲ့ Mouthwash တွေကိုရွေးချယ်ပေးသင့်ပြီး သုံးတဲ့အခါ ပစ္စည်းအညွှန်းမှာပါဝင်တဲ့အချိန်နဲ့ သုံးရမယ့်ပမာဏကွက်တိဖြစ်အောင် သုံးပေးသင့်ပါတယ်။

၅။ သွားတိုက်အရမ်းကြမ်းတာ


သွားကိုခပ်ကြမ်းကြမ်းတိုက်တာကလည်း သွားရဲ့အပြင်လွှာဖြစ်တဲ့ ကြွေလွှာကိုအဓိကသက်ရောက်တာကြောင့် တိုက်စားမှုများကာ ပါးလာစေတတ်ပါတယ်။ ကြွေလွှာပါးလာတဲ့အခါ သွားအရောင်ညစ်လာစေမှာမှာဖြစ်လို့ သွာအကြာကြီးတိုက်တာနဲ့ ကြမ်းကြမ်းတမ်းတမ်းဖိတိုက်မျိုးကိုရှောင်ပေးဖို့မမေ့သင့်ပါဘူး။

၆။ ရေသောက်နည်းတာ


ရေသောက်တာက ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက်အကျိုးပြုပေးနိုင်တာမို့ သွားကျန်းမာဖို့ အတွက်လည်း ရေများများသောက်ပေးဖို့လိုပါတယ်နော်။ ဒါ့အပြင် သင့်သွားမှာထင်းကျန်နေတဲ့ အရာတွေကိုလည်း ရေသောက်လိုက်တိုင်းအတူပါသွားစေတာကြောင့် သွားဖြူစေဖို့ ထိန်းထားပြီးသားဖြစ်စေမှာပါ။

Source: brightside.me, Pinterest