စိတ်ညစ်နေတဲ့အချိန်ဆိုရင် ဘာမှလုပ်ချင်စိတ်မရှိပါဘူး။ လုပ်သမျှကလည်း ဘာတစ်ခုမှ အဆင်မပြေပါဘူး။ လူတိုင်းမှာ စိတ်ညစ်တဲ့အချိန်ကတော့ ရှိစမြဲပါပဲ။ အထူးသဖြင့် မိန်းကလေးတွေက စိတ်ထိခိုက်လွယ်ကာ ခဏခဏ စိတ်ဓာတ်ကျတတ်ကြပါတယ်။ သင်က လက်ရှိစိတ်မညစ်ရင်တောင် တချိန်ချိန် အကြောင်း တစ်ခုခုကြောင့် စိတ်ညစ်လာတဲ့အချိန် ပြန်ဖတ်ဖို့ Share ထားလိုက်ပါနော်။ စိတ်ဓာတ်ကျတဲ့အချိန် ဘာတွေလုပ်နိုင်လဲဆိုတော့-

၁။ စိတ်အားတက်ကြွစေမယ့် ဆောင်ပုဒ်တွေကို ရှာဖတ်ပါ


စိတ်ညစ်တဲ့အချိန် စိတ်တဖန်တက်ကြွစေမယ့် သီချင်းတွေ၊ စာအုပ်တွေ၊ Post တွေကို ဖတ်ပေးသင့်ပါတယ်။ အကောင်းမြင်စိတ်က ကောင်းမွန်တဲ့ဘဝဆီဦးတည်စေပါတယ်။

၂။ အပြောင်းအလဲလုပ်ပါ


ကိုယ်ဝတ်နေကျစတိုင်မဟုတ်ဘဲ ထပ်ဝတ်ချင်တဲ့ပုံစံမျိုးကို ရှာကြည့်ပါ။ ဒေါက်ဖိနပ်အမြင့်ဝတ်ကြည့်ပါ။ စတိုင်ပြောင်းကြည့်ပါ။ ဆံပင်ပုံစံပြောင်းကြည့်ပါ။

၃။ ဝါသနာ


စိတ်ညစ်ပြီး အလုပ်တွေ ဖိလုပ်နေလို့ အဆင်မပြေပါဘူး။ ကိုယ်သဘောကျတဲ့၊ လုပ်ရတာ ပျော်တဲ့အရာတွေကို ပြောင်းလုပ်ကြည့်ပါ။ ပန်းချီဆွဲတာ ဝါသနာပါလား၊ ကဗျာရေးတာ ဝါသနာပါလား၊ သီချင်းဆိုတာ ဝါသနာပါလား စသဖြင့် ကိုယ်ဝါသနာပါရာကို လုပ်ပစ်ပါ။

၄။ မိတ်ကပ်လိမ်းပါ


စိတ်ညစ်တဲ့အချိန် ကိုယ့်ကိုကိုယ် အလှဆုံးဖြစ်အောင်နေကြည့်ပါ။ နှုတ်ခမ်းနီအရောင်တောက်တောက်ဆိုးပါ။ မိတ်ကပ်ကို အရင်ကထက် ပိုလှအောင်ပြင်ကြည့်ပါ။

၅။ သင်စားသုံးတဲ့အရာကို ခန္ဓာကိုယ်က တောင့်တပါတယ်


သင်က ရေများများသောက်တတ်ရင် အချိန်တန်တာနဲ့ ရေဆာလာတတ်ပါတယ်။ ရေများများသောက်ပေးပါ။ အသီးအရွက်များများစားပေးပါ။ လမ်းလျှောက်ပေးပါ။

၆။ ကိုယ့်ကိုကိုယ် ချစ်ဖို့ သင်ယူပါ

သင်ကိုယ်တိုင်က သင့်အတွက် အမာခံပရိတ်သတ်ပါပဲ။ သင့်အတွက် သူငယ်ချင်းကောင်းပါပဲ။ သင် ဘာကိုကြိုက်တတ်လဲ။ ဘာကို မုန်းလဲ။ ဘယ်နေရာမှာ အားသာလဲ။ ဘယ်နေရာမှာ အားနည်းချက်ရှိလဲ။ စတဲ့အရာတွေအားလုံးကို လက်ခံပြီး ကိုယ့်ကိုကိုယ် ချစ်ဖို့ သင်ယူကြည့်ပါ။

သင် စိတ်ဖိစီးမှုနည်းပြီး အရင်ကထက် စိတ်ချမ်းသာလာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar