မင်္ဂလာပါ ပျိုမေတို့ရေ။ ဒီတစ်ခေါက်မှာ နေလောင်ထားလို့ မွဲညစ်ခြောက်ကပ်နေတဲ့ ခြေထောက်အသားအရေ ပြန်လည်စိုပြေဖို့နဲ့ အမည်းစက်၊ အဖုအပိန့်စတဲ့ အရေပြားပြဿနာတွေကနေ ကာကွယ်ပြီးသားဖြစ်စေဖို့ ထိထိရောက်ရောက် ကူညီပေးမယ့် လူကြိုက်များတဲ့ Lotion နဲ့ Cream တွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ Cetaphil Bright Healthy Radiance Brightening Lotion

Cetaphil ရဲ့ ဒီ Lotion က မဲညစ်ပြီး အသားခြောက်နေတဲ့ ဒူးနေရာတွေကို ပြန်လည်စိုပြေလာစေပြီး အသားရောင်ညီစေတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့အပြင် ဓာတုပစ္စည်းဖြစ်တဲ့ အနံ့မပါဝင်တာကြောင့် Sensitive အသားအရေရှိသူတွေအတွက်ပါ အဆင်ပြေစေမှာပါ။

၂။ Nivea Intensive Moisture Body Milk

ခြောက်ကပ်နေတဲ့ ခြေထောက်အသားအရေရှိသူတွေအတွက် ထိထိရောက်ရောက်သက်သာစေမယ့် Lotion ဖြစ်ပါတယ်။ နေလောင်ဒဏ်ကိုလည်း သက်သာစေတဲ့အပြင် စေးကပ်ခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ တစ်နေ့ကုန် အစိုဓာတ်ရနေဖို့ ကူညီပေးမှာပါ။

၃။ Kiehl’s Creme De Corps

Kiehl’s ရဲ့ ဒီ Cream အမျိုးအစား Lotion လေးက ခြောက်သွေ့ကွဲအက်တတ်တဲ့ အသားအရေရှိသူတွေအတွက် အရမ်းအသုံးဝင်ပါတယ်။ သင့်ခြေထောက်အသားအရေကို နူးညံ့ကာ အစိုဓာတ်ပြည့်စေပြီး ၁၀ ရက်လောက်လိမ်းပေးရုံနဲ့ အသားအရေသိသိသာသာပြောင်းလဲလာတာကို ခံစားမိစေမှာပါ။

၄။ CeraVe Daily Moisturizing Lotion

အရေပြားကျွမ်းကျင်သူတွေကိုယ်တိုင် ညွှန်းထားတဲ့ ပစ္စည်းဖြစ်ပြီး အသားခြောက်သူတွေအပြင် သာမာန် Skin Type တွေပါ နေ့စဉ်သုံးနိုင်တဲ့ Lotion တစ်မျိုးဖြစ်ပါတယ်။ Hyaluronic Acid ပါဝင်တာကြောင့် အရေပြားအတွင်းပိုင်းအထိ အစိုဓာတ်ရစေပြီး သင့်ခြေထောက်အသားအရေကို နူးညံ့ချောမွတ်လာစေမှာပါ။

၅။ Snail White Body Booster Lotion

Snail White ရဲ့ ဒီ Lotion မှာ ခြေထောက်အသားအရေကို ဖြူဝင်းနူးညံ့စေပြီး နေလောင်ကွက်တွေ၊ မဲညစ်နေတဲ့နေရာတွေနဲ့ အမာရွတ်တွေ သက်သာလာစေမယ့် Antioxidants တွေပါဝင်ပါတယ်။

၆။ Pixi Glycolic Body Lotion

Pixi Lotion မှာတော့ အသားအရေအစိုဓာတ်ဖြည့်ပေးပြီး မလိုအပ်တဲ့ ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးနိုင်တဲ့ Glycolic Acid အာနိသင်ပါဝင်တာကြောင့် သင့်ကို အချိန်တိုအတွင်း နူးညံ့ကြည်လင်တဲ့ ခြေထောက်အသားအရေလေး ပိုင်ဆိုင်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar