မင်္ဂလာပါ ပျိုမေတို့ရေ။ အမိုက်စား မိတ်ကပ် Look တွေ ပြင်ထားတဲ့အချိန်က ကိုယ့်မျက်နှာကို အသားပေးပြီး ဓာတ်ပုံရိုက်လို့ အကောင်းဆုံးအချိန်ပါပဲနော်။ ဓာတ်ပုံရိုက်တဲ့အခါ မိတ်ကပ် Look လှလှလေးပေါ်ဖို့ အနီးကပ် Selfie တွေပဲ ရိုက်နေမယ်ဆိုရင် Pose တွေက ခဏခဏထပ်နေမှာပါ။ ဒီလိုမဖြစ်ရအောင် ကိုယ်အချိန်ပေးပြင်ထားတဲ့ မိတ်ကပ် Look လေးလည်း ပေါ်သလို ပိုအထာကျပြီး ခေတ်မှီတဲ့ အလှဓာတ်ပုံလေးရစေမယ့် Pose ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

မိတ်ကပ်ပြင်ရတာကြိုက်တဲ့ လူငယ်ကောင်မလေးတွေအတွက် အရမ်းအသုံးဝင်စေမယ့် Pose လေးတွေ ဖြစ်တာမို့ စမ်းရိုက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

ပထမဆုံး မျက်ခုံးစွန်းနှစ်ဖက်ကို လက်ချောင်းတွေနဲ့ ပင့်တင့်နေတဲ့ Pose လေးလုပ်ကြည့်ပါ။ ဒါက သင့်ရဲ့  ညို့အားပြင်းတဲ့ Eye Makeup Look လေးပေါ်လွင်စေသလို အထာကျတဲ့ မျက်နှာပေါက်မျိုး ရစေပါတယ်။

မှန်ထဲကတစ်ဆင့် မြင်ရတဲ့ Camera ဘက်လှမ်းကြည့်နေတဲ့ ပုံစံမျိုးရိုက်ကြည့်ပါ။ မေးရိုးထင်းထင်းလေးတွေပေါ်ပြီး အရမ်းအထာကျပါတယ်။

ဆံပင်လေးကို အနောက်ကနေလှမ်းတင်ထားပြီး တစ်ဖက်ကို ငေးနေတဲ့ ပုံစံလေးကလည်း သင့်မျက်နှာလေးကို ဆွဲဆောင်မှုရှိစေပါတယ်။


မျက်နှာကို ခပ်စောင်းစောင်းလေးထားကာ မေးထောက်ပြီးရိုက်ရတဲ့ Pose လေးကလည်း နှုတ်ခမ်းနီအရောင်လေး ပိုထင်းစေပြီး ကျက်သရေရှိတဲ့ မျက်နှာအလှလေးပေါ်စေမှာပါ။

လျှပ်တပြတ်ရိုက်ရတဲ့ Snap ပုံစံလေးရချင်တဲ့သူတွေအတွက် မိတ်ကပ်ကိုလည်း Highlight လုပ်ပြီးသားဖြစ်စေမယ့် မိတ်ကပ်ပြင်နေသလို Pose လေးလုပ်ပြီး ရိုက်တာမျိုးပြုလုပ်နိုင်ပါတယ်။

နေရောင်ကလာတဲ့ သဘာဝအလင်းက သင့် မိတ်ကပ် Look လေးကို ဓာတ်ပုံထဲမှာ လုံးဝထင်းပြီးလှနေအောင် ကူညီပေးမှာပါ။ ဒါကြောင့် နေထိုးတဲ့နေရာလေးထွက်ပြီး ခေါင်းလေးစောင်းရိုက်တာ၊ ဒါမှမဟုတ် တစ်နေရာကို ခေါင်းမှီထားပြီး ရိုက်တာမျိုး Pose ပေးကြည့်နိုင်ပါတယ်။

Photo Source: preview.ph, Pinterest