နောက်ကျောနဲ့ ခါးနာတတ်တဲ့သူတွေအတွက် လေ့ကျင့်ခန်းလုပ်စရာမလိုပဲ နာကျင်တာတွေ သက်သာသွားစေမယ့် ပုံစံအနေအထား ၆ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။လေ့ကျင့်ခန်းမလုပ်နိုင်ရင် နေ့တိုင်းသာ ဒီပုံစံနေအထား ၆ မျိုးအတိုင်း လုပ်ပေးပါ။

မှောက်ယက်နေပြီး ပုံမှာပြထားတဲ့အတိုင်း လက်ကိုထောက်ထားပါ။ ခါးအပေါ်ပိုင်းကိုလည်း ကော့မတ်ထားပါ။ အဲ့ပုံစံအနေအထားနဲ့ ၂ မိနစ်နေပေးပြီး အချိန်ပြည့်ရင် ပုံမှန်အတိုင်းပြန်နေပါ။ စက္ကန့် ၃၀ လောက်နားပြီး ထပ်လုပ်ပါ။ အဲ့အတိုင်း ၄ ကြိမ် လုပ်ပေးပါ။ တစ်ကြိမ်လုပ်ရင် ၂ မိနစ်နေပါ။

ပုံမှာပြထားတဲ့အတိုင်း ဘယ်ဘက်ကိုဒူးကွေးပြီး ခါးအပေါ်ပိုင်းက ညာဘက်လှည့်ထားပါ။ မျက်နှာကလည်း ညာဘက်ကိုလှည့်ထားပါ။ ညာလက်ကိုဆန့်ထားပြီး ဘယ်လက်က ဗိုက်ပေါ်တင်ထားပါ။ အဲ့ပုံစံအနေအထားအတိုင်း ၂ မိနစ်၊ ၃ မိနစ်လောက် နေပေးပါ။ အချိန်ပြည့်ရင် ဘယ်ညာပြောင်းပြီး ထပ်နေပေးပါ။

လှဲပြီး ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်ထားပါ။ လုံးဝကွေးမနေရပါဘူး။ နောက်ခြေထောက်တစ်ဖက်က ဝမ်းဗိုက်နဲ့ထိနေအောင် ကွေးပေးပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပြီး ခြေထောက်ပြန်ဆန့်၊ ပြီးရင် ပြန်ကွေး စက္ကန့် ၃၀ ထပ်နေပါ။ အဲ့အတိုင်း ဘယ်ခြေထောက်ကွေးလိုက်၊ ညာခြေထောက်ကွေးလိုက်နဲ့ တစ်ဖက်ကို ၅ ကြိမ်စီ လုပ်ပေးပါ။

ခြေထောက်ကိုဆန့်ပြီးတော့ နဖူးနဲ့ဒူးနဲ့ထိ၊ လက်က ခြေဖဝါးကို လှမ်းကိုင်နိုင်တဲ့အထိ ငုံ့ရမှာပါ။ ဒါပေမယ့် စစချင်းဆိုရင် အဲ့လောက်မလုပ်နိုင်တဲ့အတွက် ခြေထောက်အောက်မှာစောင်ခံ၊ ခြေထောက်ပေါ်မှာ ခေါင်းအုံးခံပြီး ပုံမှာပြထားသလို လုပ်ပေးပါ။ ရပြီဆိုမှ အကုန်ဖယ်ပြီး အလွတ်ထိနိုင်အောင် လုပ်ကြည့်ပါ။ အဲ့အတိုင်းနေပြီး အသက်ကိုရှူသွင်းရှူထုတ်လုပ်ကာ ကိုယ်နေနိုင်သလောက် နေပေးပါ။

ဒူးကွေးထိုင်ပြီး ခြေဖနောင့်က တင်ပါးနဲ့ထိနေပါ။ လက်နှစ်ဖက်က အရှေ့ကိုဆန့်ပြီး ကုန်းထားတာက နဖူးနဲ့ကြမ်းနဲ့ ထိနေရပါမယ်။ အဲ့အတိုင်း စက္ကန့် ၃၀ နေပြီး ခန္ဓာကိုယ်ပြန်မတ်၊ ပြီးရင် အဲ့အတိုင်း ပြန်နေပါ။ စုစုပေါင်း ၅ ကြိမ်လုပ်ရပါမယ်။ တစ်ကြိမ်ကို စက္ကန့် ၃၀ နေရပါမယ်။

ခြေထောက်ကို ပုံမှာပြထားတဲ့ ပုံစံအနေအထားအတိုင်း လုပ်ပေးပါ။ စက္ကန့် ၃၀ လောက် အဲ့အတိုင်းနေပြီး ခြေထောက်ပြန်ချ၊ ပြီးရင် ပြန်လုပ်ပါ။ ဒါလည်း ခုနကလိုပဲ ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ပြီး တစ်ဖက်ကို ၅ ကြိမ်စီ လုပ်ပေးပါ။