ညဘက်အိပ်ယာဝင်လိုက်တာနဲ့ ချက်ချင်းအိပ်မောကျသွားတဲ့သူတွေက လက်ချိုးရေလို့တောင်ရပါတယ်။ စာဖတ်သူကလည်း ညဘက်တွေမှာ တော်တော်နဲ့အိပ်မပျော်တဲ့သူတစ်ယောက်ဆိုရင်တော့ စိတ်ညစ်မနေပါနဲ့တော့။ သင့်ရဲ့အာရုံကြောစနစ်ကိုကူညီပေးပြီး စိတ်ဖိစီးမှုကိုဖြေလျော့ပေးကာ စိတ်လက်ပြေပျောက်စေမယ့် လေ့ကျင့်ခန်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဒီလေ့ကျင့်ခန်းများက သင့်ကို အလွယ်တကူအိပ်မောကျစေဖို့ ကူညီပေးပါလိမ့်မယ်။

လေ့ကျင့်ခန်း ၁

သင့်ရဲ့ဝမ်းဗိုက်အောက်မှာ ခေါင်းအုံးထားပါ။ လက်နှစ်ဖက်ကို ချိတ်ထားပြီး နောက်ပစ်ထားပါ။ အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး ခါးနဲ့ ခြေချောင်းများကို ကွေးလိုက်ပါ။ သင့်လက်က ခြေဖနောင့်ကိုထိကပ်ဖို့ ကြိုးစားပါ။ ပြီးရင် ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းအောက်ပြန်ချပြီး အသက်ရှူထုတ်လိုက်ပါ။ ဒီလေ့ကျင့်ခန်းကို ၅ ကြိမ်ကနေ ၁၀ ကြိမ်ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်းအကြိမ်ရေအကုန်လုပ်ပြီးမှ လက်ချောင်းများကို ဖြေချလိုက်ပါ။

လေ့ကျင့်ခန်း ၂

မျက်နှာကျက်ကို မျက်နှာမူထားပါ။ သင့်ခါးအောက်မှာ ခေါင်းအုံးထားထားပါ။ ခြေထောက်နဲ့ ခြေဖနောင့်များကို တစ်တန်းတည်းဖြစ်အောင် နံရံပေါ်မှာထောင်ထားပါ။ အဲ့ဒီအနေအထားအတိုင်း ၂ မိနစ်ခန့်နေပါ။

လေ့ကျင့်ခန်း ၃

ခြေထောက် ၂ ချောင်းကို ကားနိုင်သမျှကားထားပါ။ သင့်အရှေ့မှာခေါင်းအုံးထားထားပါ။ ခါးကိုမတ်မတ်ထားပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်ပါ။ ပြီးရင် ဖြည်းဖြည်းချင်းအသက်ရှူထုတ်လိုက်ပြီး လက်မောင်းများကို အရှေ့သို့ဆန့်တန်းလိုက်ပြီး ခေါင်းအုံးပေါ်မှာ လဲချလိုက်ပါ။ လှဲချနေတဲ့အနေအထားနဲ့ပဲ အသက်ရှူသွင်းရှူထုတ် ၁၀ ကြိမ်ခန့်ပြုလုပ်ပါ။ ပြီးမှ ခါးဆန့်ပြီး ပြန်ထိုင်ပါ။

လေ့ကျင့်ခန်း ၄

သင့်ကျောကုန်းအောက်မှာ ခေါင်းအုံးထားထားပါ။ ခြေဖဝါးနှစ်ဖက်ကိုထိကပ်ထားပြီး လက်နှစ်ဖက်ကို ခန္ဓာကိုယ်ရဲ့ဘေးတစ်ဖက်တစ်ချက်မှာ ထားထားပါ။ လက်ဖဝါးနှစ်ဖက်ကို ပက်လက်လှန်ထားပြီး အကြောများဖြေလျော့ထားပါ။ အသက်ကို ဖြည်းဖြည်းမှန်မှန်ရှူပါ။ အဲ့ဒီအနေအထားအတိုင်း ၃ မိနစ်ခန့် နေပါ။

လေ့ကျင့်ခန်း ၅

အရင်ဆုံးဒူးနှစ်ဖက်ကို ပူးထားပြီး ကွေး၍ထောင်ထားကာ ခန္ဓာကိုယ်ကိုလှဲလျောင်းထားပါ။ မိမိရဲ့လက်အသုံးပြုပြီး ဒူးနှစ်ဖက်ကို ဘေးသို့ချလိုက်ပါ။ အဲ့ဒီအနေအထားနဲ့ ၁ မိနစ်ခန့်နေပြီးရင် ဒူးကို အခြားတစ်ဖက်သို့ ပြောင်းလိုက်ပါ။ တစ်ဖက်ကို ၂ ကြိမ်ခန့်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း ၆

သင့်ကျောပြင်အောက်မှာ ခေါင်းအုံးထားပြီး သက်သောင့်သက်သာလှဲလိုက်ပါ။ ခြေထောက်ကို ဆန့်တန်းထားပြီး လက်နှစ်ဖက်ကို ခန္ဓာကိုယ်ရဲ့ဘေးတစ်ဘက်တစ်ချက်စီမှာ ထားထားကာ လက်ဖဝါးကို ပက်လက်လှန်ထားရမှာပါ။ ပြီးရင် အသက်ပြင်းပြင်း ၃ ချက် ရှူသွင်းပြီး ၃ ချက် ရှူထုတ်လိုက်ပါ။ ပြီးရင် ပုံမှန်အသက်ရှူသွင်းရှူထုတ်ခြင်းကို ၄ ကြိမ်ပြုလုပ်ပြီးတဲ့နောက် သင့်မှာ အိပ်ချင်စိတ်ပေါ်လာပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပါလိမ့်မယ်။

Source: Brightside.me