ဗိုက်ချပ်ချင်တဲ့အပြင် Abs ပါလိုချင်တဲ့သူတွေအတွက် Plank Exercise 6 မျိုး ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာလုပ်လို့ရတဲ့ Exercise တွေဖြစ်လို့ လူတိုင်းလုပ်ဖို့ အဆင်ပြေမှာပါ။ Plank ထောက်မယ်ဆိုရင် Yoga ဖျာနဲ့လုပ်မှ အဆင်ပြေပါလိမ့်မယ်။

Forearm Plank

လက်နှစ်ဖက်ကိုကွေးပြီး ပုံမှာလုပ်ပြထားသလို လက်သီးဆုပ်ပြီး ထောက်ထားရပါမယ်။ အဲ့အတိုင်း ၁ မိနစ်နေပေးရင် ရပါပြီ။

Plank with Leg Lift

ခုနကလိုမျိုးပဲ Plank ထောက်ရမှာပါ။ ဒါပေမယ့် ဒီ Plank ထောက်တာမှာတော့ ခြေထောက်တစ်ဖက်ကို မြှောက်လိုက်ပြန်ချလိုက်နဲ့ ၁၀ ကြိမ် လုပ်ရပါမယ်။ ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ရမှာပါ။

Side Plank

ဘေးတစ်စောင်းအနေအထားနဲ့ ပုံမှာလုပ်ပြထားတဲ့အတိုင်း ၁ မိနစ်နေရမှာပါ။ အချိန်ပြည့်ရင် ဘယ်ညာပြောင်းလှည့်ပြီး နောက်ထပ် ၁ မိနစ် ထပ်နေရပါမယ်။

Side Plank with Leg Lift

ခုနကလိုပဲ ဘေးတစ်စောင်းအနေအထားနဲ့နေပြီး ခြေထောက်တစ်ဖက်ကို မြှောက်လိုက် ပြန်ချလိုက် ၁၀ ကြိမ်လုပ်ရမှာပါ။ ပြီးရင် ဘယ်ညာတစ်လှည့်စီ နောက်ခြေထောက်တစ်ဖက်ကိုလည်း အဲ့အတိုင်းပဲ မြှောက်လိုက် ပြန်ချလိုက်နဲ့ ၁၀ ကြိမ် လုပ်ရပါမယ်။

Straight-Arm Plank

ပုံမှာလုပ်ပြထားတဲ့အတိုင်း ၁ မိနစ်နေပေးရင် ရပါပြီ။ လုံးဝမလုပ်နိုင်တော့တဲ့အခါ စက္ကန့် ၃၀ နေပေးလည်း ရပါတယ်။

Straight-Arm Plank with Shoulder Touch

 

ခုနကလိုပဲ Plank ထောက်နေပြီး ဘယ်လက်က ညာလက်မောင်းကို သွားထိလိုက်၊ ကြမ်းမှာ လက်ပြန်ထောက်လိုက်နဲ့ ၁၀ ကြိမ် လုပ်ပေးပါ။ ပြီးရင် ညာလက်က ဘယ်လက်မောင်းကို သွားထိလိုက်၊ ကြမ်းမှာ လက်ပြန်ထောက်လိုက်နဲ့ ၁၀ ကြိမ် လုပ်ပေးပါ။