မိတ်ကပ်ပြင်တဲ့အခါမှာ Glow နေစေဖို့အတွက် Highlighter အဓိကသုံးရမယ့်နေရာ ၆ ခုကို ပြောပြပေးလိုက်ပါတယ်။ Highlighter က သုံးပေမယ့် အဓိကသုံးရမယ့်နေရာကို မေ့နေရင်၊ တလွဲတွေသုံးမိနေရင် မိတ်ကပ် Look ကြီးက တစ်မျိုးဖြစ်နေတတ်ပါတယ်။ ဒါကြောင့် သုံးမယ်ဆိုရင်လည်း ဒီနေရာ ၆ ခုကို သုံးပေးဖို့မမေ့ပါနဲ့။

ပါးရိုးနေရာ

အဓိက Highlighter သုံးရမယ့် နံပါတ်တစ်နေရာကတော့ ပါးရိုးနှစ်ဖက်ဖြစ်ပါတယ်။ ပါးရိုးနှစ်ဖက်ကနေ နားထင်နားထိရောက်အောင် Highlighter သုံးပေးမယ်ဆိုရင် ပါးနှစ်ဖက်က Glow နေမှာပါ။ ဓာတ်ပုံရိုက်ရင်လည်း အရမ်းလှပါတယ်။

နှာတံနေရာ

နှာတံနေရာတစ်လျှောက်ကို Highlighter သုံးပေးဖို့လိုပါတယ်။ ဒါမှ နှာတံလေးပိုပေါ်လွင်ပြီး Glow နေမှာပါ။

အပေါ်နှုတ်ခမ်းရဲ့အပေါ်နား

အပေါ်နှုတ်ခမ်းရဲ့ အပေါ်နားလေးဖြစ်တဲ့ Cupid’s Bow နေရာကိုလည်း Highlighter သုံးပေးပါ။ ဒါမှ နှုတ်ခမ်းနေရာလေးလည်း Glow ပြီးလှနေမှာပါ။

မေးစိနေရာ

မေးစိနေရာကိုလည်း Highlighter သုံးပေးဖို့မမေ့ပါနဲ့။ ဒီနေရာလေးတွေက Highlighter သုံးရင် Glow ပြီး လင်းနေတာဖြစ်လို့ အရမ်းလှပါတယ်။

နဖူးအလည် Center

နဖူးအလည် Center နေရာလေးကိုလည်း Highlighter သုံးပေးပါ။ T Zone နေရာလေး Glow နေရင် မျက်နှာလေးက ပိုပြီးလှပါတယ်။ မိတ်ကပ်သားပိုလှပါတယ်။

မျက်ခုံးအပေါ်နဲ့အောက်နား

Highlighter ကို မျက်ခုံးအပေါ်တစ်လျှောက်နဲ့ မျက်ခုံးအောက်တွေကိုလည်း နည်းနည်းခြယ်ပေးပါ။ ဒါဆိုရင် ကြည့်လိုက်တာနဲ့ မျက်နှာလေးက Glow ပြီး Perfect ဖြစ်နေမှာပါ။ တော်တော်များများက Highlighter သုံးရင် ဒီနေရာလေးကိုသုံးဖို့ မေ့နေတတ်ပါတယ်။