ယနေ့ခေတ်မှာ သွားတာလာတာ အစစ အရာရာအကုန်သတိထားနေရတဲ့ အချိန်ဖြစ်နေပါပြီ။ မိမိတစ်ချက်ကလေး သတိလွတ်သွားတာနဲ့ မသမာသူတွေက ကိုယ့်ကိုအချိန်မရွေးအန္တရာယ်ပေးနိုင်ပါတယ်။ ဒါဆိုရင် မိမိအသက်အန္တရာယ်ကြုံလာတဲ့အခါ ဘယ်လိုတုန့်ပြန်သင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

နောက်ဆုံးနည်းလမ်းလေးကတော့ စိတ်ဝင်စားဖို့ကောင်းမှာဖြစ်တဲ့အတွက်ကြောင့် အဆုံးထိဖတ်ကြည့်လိုက်ပါနော်။

၁။ အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့အခါ

တစ်ယောက်ယောက်က ကိုယ့်ကို ကားထဲကို ဝင်ဖို့အတင်းအကြပ်ဖမ်းဆီးတဲ့အခါမှာ ဖုန်းကလွဲလို့ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုခုကိုချန်ထားခဲ့လိုက်ပါ။ ဖုန်းက သင့်ကိုရဲတွေ မြန်မြန်ရှာဖွေလို့ရအောင် ကူညီပေးနိုင်လို့ပါ။

၂။ ဓာတ်လှေကားထဲမှာ မသင်္ကာစရာလူတစ်ယောက်ယောက်ပါလာတဲ့အခါ

မသင်္ကာစရာလူတစ်ယောက်ယောက်နဲ့ ဓာတ်လှေကားအတူတူစီးမိတဲ့အခါ ရှိသမျှနံပါတ်တွေကို အကုန်နှိပ်ထားလိုက်ပါ။ ဒါမှအန္တရာယ်တစ်ခုခုကြုံလာတဲ့အခါ ထွက်ပြေးဖို့အချိန်ရမှာပါ။

၃။ လေယာဉ်ပျံဆင်းသက်တဲ့အချိန်နဲ့ စတင်ပျံသန်းချိန်မှာ အာရုံစိုက်ထားပါ

၆၁ ရာခိုင်နှုန်းသော မတော်တဆမှုတွေက လေယာဉ်ပျံစတင်ပျံသန်းတဲ့ အချိန် ၃ မိနစ်နဲ့ ဆင်းသက်တဲ့အချိန် ၃ မိနစ်အတွင်းမှာ ဖြစ်တာများတဲ့အတွက်ကြောင့် အရေးကြုံလာပါက သတိရှိရှိနေထားဖို့လိုအပ်ပါတယ်။

၄။ မုန့်ဖုတ်ဆိုဒါနဲ့ မီးငြိမ်းပါ

မီးဖိုချောင်မှာ ကြော်လှော်နေရင်းနဲ့ ဒယ်အိုးကို မီးစွဲသွားတဲ့အခါ ရေနဲ့ မငြိမ်းသတ်သင့်ပါဘူး။ မုန့်ဖုတ်ဆိုဒါနဲ့ မီးငြိမ်းသတ်လိုက်ပါ။ ဒါပေမဲ့ ဒီနည်းလမ်းကတော့ မီးနည်းနေတဲ့အချိန်မှာပဲ အသုံးဝင်ပါလိမ့်မယ်။ မီးအများကြီးစွဲသွားတဲ့အခါ မုန့်ဖုန်ဆိုဒါအများကြီးလိုအပ်မှာမို့လို့ပါ။

၅။ မှောင်တဲ့လမ်းမှာ ကားလမ်းကူးတဲ့အခါ ဖုန်း Screen အလင်းရောင်ကို အသုံးပြုပါ

ဒီလိုပြုလုပ်ပေးခြင်းက ကားမောင်းသမားကို မိမိကားလမ်းကူးနေတယ်ဆိုတာကို သတိပေးထားပြီးသားဖြစ်ပါတယ်။

၆။ မိမိမှာ HIV ပိုးရှိတယ်ဆိုတဲ့ ဆေးမှတ်တမ်းအတုဆောင်ထားပါ

ကံမကောင်းအကြောင်းမလှလို့ မိမိကိုအဓမ္မပြုကျင့်မဲ့သူနဲ့ ကြုံလာတဲ့အခါ မိမိမှာ HIV ပိုးရှိကြောင်း ပြောပြပြီး ဆေးမှတ်တမ်းကိုလည်း သက်သေအဖြစ်ထုတ်ပြလိုက်ပါ။ လုယက်မဲ့သူနဲ့ ကြုံလာခဲ့ရင်လည်း အဲ့ဒီနည်းအတိုင်းပဲပြုလုပ်ပါ။ ရောဂါပိုးကူးစက်ခံရမှာကြောက်တဲ့စိတ်နဲ့ သင့်ဆီက ဘာပစ္စည်းမှမယူတော့ပါဘူး။ ဒီနည်းလမ်းလေးတွေက တစ်စုံတစ်ယောက်အတွက် အကျိုးရှိစေမယ်လို့ ထင်မြင်ရင် ဗဟုသုတအဖြစ် ပြန်လည်ဝေမျှပေးလိုက်ပါဦးနော်။ အခြားကောင်းတဲ့နည်းလမ်းလေးတွေရှိသေးရင်လည်း Comment Box ထဲမှာ ပြောပြခဲ့ကြပါဦး။

Source: Brightside.me