မင်္ဂလာပါ… K drama ချစ်သူတို့ရေ…..K-dramas မှာ ဂီတက ဘယ်လောက်ထိ သက်ရောက်မှုရှိလဲဆိုရင် သီချင်းကို ချန်လှပ်ပြီး ဇာတ်လမ်း ဇာတ်ကွက်ကို ပြီးအောင် လုပ်လို့မရပါဘူး။ ပြီးပြည့်စုံတဲ့ Drama တစ်ခုဖြစ်ဖို့ဆိုရင် ပြီးပြည့်စုံတဲ့ တေးသွားပေါင်းစပ်မှသာ လူတိုင်းရဲ့ရင်ထဲကို ရောက်တဲ့ Drama ကောင်းတစ်ခု ဖြစ်ပေါ်လာတာပါ။ ဒါကိုသက်သေပြနေတဲ့ ကိုရီးယားDrama တွေထဲက လူကြိုက်များပြီး ထင်ရှားတဲ့ OST Songs တွေကို ဖော်ပြပေးလိုက်ပါတယ်။

My Destiny
My Love From the Star ဇာတ်ကားထဲက Lyn သီဆိုတဲ့ “My Destiny” သီချင်းကို ကြားလိုက်တဲ့လူတိုင်း ရယ်စရာကောင်းတဲ့ Cheon Song Yi နဲ့ Manager Do တို့ကို တွေးကြည့်မိမှာ အသေချာပါပဲ။

Beautiful
“ Goblin ” ဇာတ်ကားထဲက Crush ဆိုထားတဲ့ “Beautiful” သီချင်းတစ်ခုလုံးက နားထောင်သူရဲ့အတွင်းစိတ်ကို တည်ငြိမ်အေးချမ်းစေပြီး လူအများကို ဖမ်းစားနိုင်ခဲ့ပါတယ်။

That Woman
Baek Ji Young ကိုယ်တိုင်ရေးပြီး Baek Ji Young ကိုယ်တိုင် သူ့ရဲ့ ပေါ့ပါးတဲ့အသံနဲ့ ဆိုထားတဲ့ “That Woman” ဒီသီချင်းက ” Secret Garden ” ဇာတ်ကားရဲ့ အဓိက OST သီချင်း ဖြစ်လာခဲ့ပါတယ်။

Love, Maybe
” Business Proposal “ဇာတ်ကားထဲက Melomance ရဲ့ “Love, Maybe” – OSTလေး နားထောင်ပြီးရင်တော့ အခြားတစ်ယောက်အပေါ်ထားတဲ့ ခံစားချက်တွေကို နားလည်သဘောပေါက်ပြီး ပျော်ရွှင်မှုကို အပြည့်အ၀ခံစားနိုင်မှာပါ။

I Miss You
“Stairway to Heaven” ဇာတ်ကားထဲက Kim Bum Soo ရဲ့ အသံက ရင်ခုန်ဖို့ကောင်းပေမယ့် သူဆိုထားတဲ့ “I Miss You” သီချင်းရဲ့ စာသားကတော့ နားထောင်သူတိုင်းရဲ့ နှလုံးသားကို နာကျင်စေတဲ့ OST တစ်ပုဒ်ပါပဲ။

Geu Deh Ji Geum
“ Full House ” ဇာတ်ကားထဲက Lyn ဆိုထားတဲ့ ” Geu Deh Ji Geum ” OST လေးနားထောင်လိုက်ရတာနဲ့ Rain ရဲ့ ပါးချိုင့်ပေါ်အောင်ပြုံးတတ်တဲ့အပြုံးလေးရယ် Song Hye Kyo ရဲ့ ချစ်စဖွယ်ဟန်ပန်လေး တွေရယ်က အမြဲအမှတ်ရနေမှာပါ။