မင်္ဂလာပါ ပျိုမေတို့ရေ။ အခုနောက်ပိုင်းလူငယ်မိန်းကလေးတွေကြားမှာ မတ်တပ်ပုံရိုက်တာအပြင် ထိုင်ပြီး ပိုစ့်ပေးတာမျိုးတွေလည်း ခေတ်စားလာပြီဖြစ်လို့ ပျိုမေတို့ကိုယ်တိုင် Trend နဲ့အမှီ လိုက်လုပ်ကြည့်နိုင်ဖို့အတွက် အမိုက်စား Pose အိုင်ဒီယာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ထိုင်ပြီး ဓာတ်ပုံရိုက်တာရဲ့အားသာချက်က နောက်ခံရှုခင်းတွေမလိုဘဲ ကိုယ့်ရဲ့ OOTD လေးအသားပေးပြီး ရိုက်လို့ရသလို ထိုင်နေရုံပဲမို့ သက်တောင့်သက်သာလည်းရှိပါတယ်။ ဖော်ပြထားတဲ့ Pose လေးတွေကတစ်ဆင့် အထာကျကျနဲ့ ရိုက်လို့အဆင်ပြေမယ့်ရှုထောင့်လေးတွေ သိနိုင်မှာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

ပေါ့ပေါ့ပါးပါး Sneakers လေးစီးပြီး ထိုင်ရိုက်တဲ့အခါ ဒီလို ဒူးထောင်၊ ခြေထောက်စိတ်ပြီး လက်နဲ့လှမ်းကိုင်ထားသလို Pose လေးလုပ်ကြည့်ပါ။ လွတ်လွတ်လပ်လပ်နဲ့ လူငယ်ဆန်ပါတယ်။

ဒူးတစ်ဖက်ချိတ်ပြီး ခြေထောက်လေးစောင်းထားတဲ့ ပုံစံလေးကလည်း အထာကျသလို ခြေထောက်လေးတွေ ပိုသွယ်သွားသလိုမြင်ရစေမယ့် Pose လေးဖြစ်ပါတယ်။

ထိုင်နေရင်း Mirror Selfie ရိုက်ဖို့စဉ်းစားထားရင် ရိုးရိုးခြေချိတ်ထိုင်တာထက် ခန္ဓာကိုယ်လေးတစ်ဖက်စောင်းထားပြီး ရိုက်တာက အမြင်တစ်မျိုးဆန်းသလို ဘေးကိုဆွဲဆန့်ထားတာမို့ ဗိုက်ပူနေရင်လည်း မမြင်ရတော့ပါဘူး။

ဒူးထောက်ထိုင်ရင်း အပေါ်မှာ လက်လေးတင်၊ မေးလေးထောက်ပြီးရိုက်တာကလည်း အထာကျသလို ချစ်စရာလည်းကောင်းပါတယ်။

လွတ်လွတ်လပ်လပ် ခြေထောက်ကိုကားထားပြီး အပေါ်စီးကနေရိုက်ကြည့်ပါ။ လူငယ်ဆန်ပြီး ဂျစ်ကန်ကန်နဲ့ အထာကျတဲ့ ကောင်မလေးတစ်ယောက်ပုံစံ ပေါ်လွင်စေမယ့် Pose လေးလို့ ပြောလို့ရပါတယ်။

ခြေထောက်တွေကို အရှေ့ဆန့်ထုတ်ပြီး ရိုက်တာကလည်း ထိုင်နေပေမယ့် သင့်ရဲ့ခြေတံရှည်တွေကို Highlight လုပ်ပြီးသားဖြစ်စေတာမို့ Try ကြည့်သင့်တဲ့ Pose လေးဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar