ဆံပင်ညှပ်တဲ့ Stylist က သိပ်အဆင်မပြေတာကြောင့်ပဲ ဖြစ်ဖြစ်၊ သင်လိုချင်တဲ့ ဆံပင်ကေက သင်နဲ့ မလိုက်တာကြောင့်ပဲဖြစ်ဖြစ် ဆံပင်ညှပ်ပေမယ့် ကိုယ်ထင်ထားသလို မလှသွားတဲ့ အချိန်တွေရှိမှာပါ။ ဒီလိုအချိန်ဆိုရင် ကိုယ့်ဆံပင်ကို အပြောင်ရှင်းလိုက်ချင်တဲ့အထိ စိတ်ညစ်တတ်ကြပါတယ်။

ဒီတစ်ခေါက်မှာတော့ ဆံပင်ညှပ်လိုက်တာ တလွဲဖြစ်သွားရင်တောင် အဆင်ပြေကာ လှသွားစေမယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ အိမ်မှာ ပြင်ကြည့်ဖို့ မကြိုးစားပါနဲ့

သင်က ဆံပင်ညှပ်ဆရာ ညှပ်ပေးလိုက်တာကို စိတ်တိုင်းမကျတဲ့အခါ ကိုယ့်အိမ်မှာ ကိုယ့်ဘာကိုယ် ပြန်ပြင်ကြည့်ချင်စိတ်တွေ ဖြစ်လာတတ်ပါတယ်။ ဒီလို ဖြစ်လာတယ်ဆိုရင် စမ်းလုပ်ကြည့်တာမျိုး ရှောင်သင့်ပါတယ်။ သင်က ပြန်ပြင်ချင်ရင် ဆံပင်ညှပ်ဆိုင်ကိုပဲ ပြန်သွားသင့်ပါတယ်။

၂။ ဆံပင်ကောက်ပါ

ဆံပင်ညှပ်တာ အဆင်မပြေတဲ့အခါ အကောင်းဆုံး နည်းလမ်းကတော့ ဆံပင်ကို ကောက်လိုက်တာပါ။ အပူသုံးပြီး ယာယီကောက်တဲ့ Curling Iron တွေ၊ အပူကို မသုံးရတဲ့ ဆံပင်ပစ္စည်းတွေ စတာတွေကို သုံးကာ ဆံပင်ကို ကောက်ပေးသင့်ပါတယ်။

၃။ ဆံပင်ကို ပွသွားအောင် ဖွပေးပါ

ဆံပင်ကို ပြောင်းလဲစေမယ့် နောက်တစ်နည်းကတော့ ဆံပင်ကို ပိုထူသွားတဲ့ ပုံစံ ဖြစ်အောင် ဖွပေးတာပါ။ Dryer ကို သုံးကာ ဘီးကုတ် အလိပ်နဲ့ သင့်ဆံပင်ကို ပုံသွင်းနိုင်ပါတယ်။

၄။ ဆံပင်စတိုင် အမျိုးမျိုး စမ်းကြည့်ပါ

ဆံပင်စတိုင် မျိုးစုံ စမ်းနိုင်တဲ့ အချိန်ကတော့ ဆံပင်ညှပ်တာ တလွဲဖြစ်တဲ့အချိန်ပါ။ ဆံပင်ကို လိပ်မလား၊ Mermaid Wave သေးသေးလေး ကောက်မလား မျိုးစုံလုပ်ကြည့်သင့်ပါတယ်။

၅။ ကလစ်တွေကို သုံးပါ

ယိုးဒယားကလစ်ကို သုံးကာ သင်နဲ့ အဆင်မပြေတဲ့ ဆံမြိတ်ကို ဘေးဘက် ကန့်ထားတာ၊ ဆံပင်ကို စည်းထားတာ စသဖြင့် ဆံပင်ပစ္စည်း အမျိုးမျိုးကို သုံးသင့်ပါတယ်။

၆။ ပိုတိုအောင် ညှပ်လိုက်ပါ

သင်နဲ့ မလိုက်လက်စနဲ့ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး စွန့်စားသင့်ပါသေးတယ်။ မတူတဲ့ Hair stylist ဆီ သွားကာ ဆံပင်ကို ပိုတိုအောင် ညှပ်လိုက်တာ၊ ဆံမြိတ်ကို ပိုတိုသွားအောင် ညှပ်တာ စသဖြင့် ပြုလုပ်သင့်ပါတယ်။ နာမည်ကျော်တွေတောင် တစ်ခါတလေ ဆံပင်ညှပ်တာ အဆင်မပြေတာ သင်ကိုယ်တိုင်ကလည်း အမျိုးမျိုး ပြုပြင်ပြီး ပြင်ဆင်နိုင်ပါတယ်။

Photo source: Pinterest

by MyStyle Myanmar