တခြားအကြောင်းကြောင့်မဟုတ်ပဲ အပူကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုရင် ဒီသဘာဝနည်းလမ်း ၆ ခုထဲက ကိုယ်အဆင်ပြေတာတစ်ခုကို လုပ်ကြည့်ပါ။ သဘာဝအတိုင်း ဝက်ခြံတွေ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကို အတွင်းသားဂျယ်လ်တွေ ခြစ်ယူပြီး ဝက်ခြံပေါ်ကိုလိမ်းပေးပါ။ ညဘက်လိမ်းပြီး မနက်ရောက်မှ မျက်နှာသစ်လိုက်ပါ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင် အပူကြောင့်ဖြစ်တဲ့ ဝက်ခြံတွေ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

ပျားရည်

ပျားရည်ကို ဝက်ခြံပေါ်တိုက်ရိုက်လိမ်းပြီး မိနစ် ၃၀ လောက်နေမှ ခြောက်သွားပြီဆိုရင် မျက်နှာသစ်ပေးပါ။ တစ်နေ့ကို ၂ ကြိမ်၊ ၃ ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် အပူကြောင့်ဖြစ်တဲ့ ဝက်ခြံတွေ သက်သာပျောက်ကင်းလာမှာပါ။

သံပယိုရည်

သံပယိုရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ပျားရည်နည်းနည်းနဲ့ ရောမွှေပြီး ဝက်ခြံပေါ်ကို လိမ်းပေးပါ။ ၅ မိနစ်ထားပြီးရင် ရေခဲရေနဲ့ သန့်စင်ပေးပါ။ တစ်နေ့တစ်ကြိမ် ပုံမှန်လုပ်ပေးရုံနဲ့ အပူကြောင့်ဖြစ်တဲ့ ဝက်ခြံတွေ သက်သာပျောက်ကင်းလာမှာပါ။

Apple Cider Vinegar

Apple Cider Vinegar ကို ရေနဲ့ ဆတူရောပြီး ဂွမ်းလုံးလေးနဲ့ယူကာ ဝက်ခြံကို ပွတ်လိမ်းပေးပါ။ ၁ နာရီထားပြီးမှ မျက်နှာသစ်ပေးပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ တစ်နေ့တစ်ကြိမ်ထက် ပိုမလုပ်ပါနဲ့။

နနွင်းမှုန့်

နနွင်းမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းကို ဒိန်ချဉ်နဲ့ ပျစ်ပျစ်လေးဖြစ်အောင် မွှေပေးပါ။ မွှေပြီးရင် ဝက်ခြံပေါ်လိမ်းပေးပြီး ခြောက်သွားရင် မျက်နှာသစ်လို့ရပါပြီ။ အပူကြောင့်ဖြစ်တဲ့ ဝက်ခြံတွေ သက်သာပျောက်ကင်းစေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုပါပဲ။

Tea Tree Oil

Tea Tree Oil – ၃ စက်ကို အုန်းဆီ – ၁ စက်၊ ၂ စက်လောက်နဲ့ ရောမွှေပေးပါ။ ပြီးရင် ဝက်ခြံပေါ်လိမ်းပေးရုံပါပဲ။ အချိန်ကြာကြာထားပြီးမှ မျက်နှာသစ်ပေးပါ။ ရေခဲရေနဲ့သစ်ပေးရင် ပိုကောင်းပါတယ်။ အပူကြောင့်ဖြစ်တဲ့ ဝက်ခြံတွေ သက်သာပျောက်ကင်းလာပါလိမ့်မယ်။