ဆံပင်အတွက် ဆိုင်မှာ ငွေကြေးအများကြီးကုန်စရာမလိုဘဲ အကုန်အကျနည်းနည်းနဲ့ နူးညံ့တဲ့ဆံသားကိုပိုင်ဆိုင်ဖို့ဆို ဒီအရာတွေရှိရုံနဲ့တင် ရနိုင်ပါတယ်။

Baking Soda

ခေါင်းလျှော်တဲ့အခါ Baking Soda နဲ့ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်လောက်လျှော်ပေးရင် ဆံပင်ထဲမှာကျန်နေတဲ့ ဓာတုပစ္စည်းတွေ၊ styling product residue တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဆံသားကို တောက်ပြောင်စေနိုင်ပါတယ်။

Beer

ခေါင်းမလျှော်ခင် ရေနွေးနွေးလေးထဲ ဘီယာ ၃ ဇွန်းလောက်ကို ရောမွှေထားပါ။ ခေါင်းလျှော်ပြီးတဲ့အခါ ဘီယာရောထားတဲ့ ရေနေဲ့ ဆံသားကို မိနစ်နှစ်ဆယ်လောက်ထားပြီးမှ ရေဆေးချလိုက်ပါ။

ထောပတ်

ဆံသားတွေက ကြွပ်ဆတ်ပြီးခြောက်နေရင် ခြောက်နေတဲ့ဆံသားကို ထောပတ်နည်းနည်းလိမ်းပြီး Shower Ccap နဲ့မိနစ် 30 လောက်အုပ်ထားပေးပါ။ ပြီးမှ ခေါင်းလျှော်ပြီး ရေနဲ့သေချာဆေးချပါ။

ကြက်ဆူဆီ

ကျန်းမာပြီး တောက်ပြောင်တဲ့ ဆံကေသာကိုရဖို့အတွက် ကြက်ဆူဆီ လက်ဖက်ရည်ဇွန်း 2 ဇွန်း ၊ glycerin 1 ဇွန်းနဲ့ ကြက်ဥအကာတို့ကို ရောမွှေပါ။ ရေစိုနေတဲ့ဆံပင်ကို လိမ်းပြီးရင် မိနစ်အနည်းငယ်စောင့်ပြီးမှ ရေဆေးချလိုက်ပါ။

သံလွင်ဆီ

ခြောက်သွေ့နေတဲ့ဆံသားကို အပူပေးထားတဲ့ သံလွင်ဆီနည်းနည်းလိမ်းပေးရင်လည်း ဆံသားကိုနူးညံ့တောက်ပြောင်စေပါတယ်။ လိမ်းပြီး ၄၅ မိနစ်လောက်ထားပြီးမှ ခေါင်းလျှော်ပြီး ရေနဲ့ သေချာဆေးချလိုက်ပါ။

Vinegar

ပျက်စီးနေတဲ့ ဆံကေသာကို ပြန်လည်အသက်သွင်းဖို့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း 1 ဇွန်း ၊ သံလွင်ဆီ 2 ဇွန်းနဲ့ ကြက်ဥအကာတို့ကို ရောလိုက်ပါ။ ရေစိုနေတဲ့ဆံပင်ကို လိမ်းပြီး Shower Ccap နဲ့မိနစ် 30 လောက်အုပ်ထားပေးပါ။ အချိန်ပြည့်ရင် ပုံမှန်အတိုင်း ခေါင်းလျှော်ပြီး ရေဆေးချပါ။