မှန်ကိုကြည့်တိုင်း အရင်ကထက် ကိုယ့်ကိုယ်ကို ပိုပြီးရင်လာတယ်ထင်မိလို့ စိတ်ညစ်နေရင် ဒီနည်းလမ်းတွေကို စမ်းကြည့်ပါ။ အရင်လိုပြန်မနုပျိုနိုင်ရင်တောင်မှ အိုမင်းရင့်ရော်မှုကို နှေးကွေးစေတဲ့ သဘာဝနည်းလမ်းတွေပါ။
အိပ်ချိန်
ဆဲလ်အသစ်တွေပြန်လည်ရှင်သန်ဖို့အတွက် အဓိကသော့ချက်ဖြစ်တဲ့ အိပ်ချိန်က အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ဖို့ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ကောင်းမွန်စွာအိပ်စက်ခြင်းက ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ကြွက်သားပြုပြင်မှုကို မြှင့်တင်ပေးတာကြောင့် သင့်ဇီဝြဖစ်ပျက်မှုကို ပိုကောင်းအောင် ကူညီပေးပါတယ်။ ဒါကြောင့် တစ်ညကို အနည်းဆုံး ခုနစ်နာရီကနေ ကိုးနာရီအထိ အိပ်ပါ။
ကြွက်သားခွန်အား
ကြွက်သားတွေက သွေးတွင်းသကြားဓာတ်အဆင့်ကို မြှင့်တင်ပေးပြီး နာတာရှည်ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။ ဒါကြောင့် ကြွက်သားထုကို ထိန်းသိမ်းဖို့ အခုဘဲ ခွန်အားလေ့ကျင့်ခန်းများနဲ့ စတင်လိုက်ပါ။
ဟင်းသီးဟင်းရွက်များ
ကိုလက်စထရော၊ Triglycerides နဲ့ သွေးဂလူးကို့စ်တို့ကို လျှော့ချဖို့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများကို များများစားပါ။
Brain Games
အသက်ကြီးလာရင် မှတ်ဥာဏ်ကျဆင်းမှုလည်း ဖြစ်လာနိုင်တာကြောင့် ဦးနှောက်ကို တက်ကြွနေစေဖို့ အရေးကြီးပါတယ်။ Crosswords၊ Sudoku၊ စစ်တုရင် သို့မဟုတ် စိတ်ဝင်စားစရာကောင်းတဲ့တခုခု လုပ်ပေးပါ။
Sunscreen
နေရောင်ခြည်က အိုမင်းရင့်ရော်မှုကို အရှိန်မြှင့်ပေးပါတယ်။ အန္တရာယ်ရှိတဲ့ခရမ်းလွန်ရောင်ခြည်က အရေးအကြောင်းများ၊ အသက်အရွယ်အစက်အပြောက်များနဲ့ အသားအရေအရောင်မညီမညာဖြစ်စေတဲ့ အရေပြားပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသားအရေကို နုပျိုနေစေဖို့အတွက် နေ့တိုင်း SPF အနည်းဆုံး 30 ပါတဲ့ နေရောင်ကာခရင်မ်ကို သေချာသုံးပါ။