မျက်လုံးအောက် အသားအရေက အနူးညံ့ဆုံး အသားအရေပါပဲ။ အသက်အရွယ်ရလာတာကို မျက်လုံးအောက် အရေးအကြောင်းတွေက ဖော်ပြနေတတ်ပါတယ်။ အသက်ငယ်လား၊ ကြီးလား မျက်လုံးအောက် အသားအရေ အခြေအနေနဲ့ ဆုံးဖြတ်နိုင်ပါတယ်။ သင်က အသက်အရွယ်တစ်ခု ရလာတဲ့အထိ အသက်ကြီးလာတာကို ဖုံးကွယ်ချင်ရင် မျက်လုံးအောက် အရေးအကြောင်းကို ဂရုစိုက်သင့်ပါတယ်။ ဒီတော့ မျက်လုံးအောက်က အရေးအကြောင်းတွေက သက်သာစေမယ့် DIY သဘာဝ Eye Mask တွေကို ဆက်ကြည့်လိုက်ရအောင်-

၁။ သခွားသီး နဲ့ Rose Water Mask

Photo Source: Hello glow

သင့်မျက်လုံးအောက် ရေဓာတ်ပြည့်ပြီး တောက်ပနေဖို့ သခွားသီးနဲ့ Rose Water Mask ကို သုံးနိုင်ပါတယ်။ ပြုလုပ်ပုံကတော့-

သခွားသီး ကျိတ်ပြီးသား တစ်ဇွန်းနဲ့ Rose Water တစ်ဇွန်းကို ရောပေးရပါမယ်။ Cotton Pad ပေါ် ဒီအရောကို တင်ပြီး မျက်လုံးအောက် ၁၀ မိနစ် ကပ်ပေးရပါမယ်။ ပြီးနောက် ရေဆေးချရပါမယ်။

၂။ အာလူး Mask

မျက်အိတ်ဖောင်းတာနဲ့ မျက်ကွင်းညိုတာ သက်သာဖို့ အာလူး Mask ကို သုံးနိုင်ပါတယ်။ အာလူးကို ကျိတ်ပြီးတော့ မျက်လုံးအောက် လိမ်းပေးရပါမယ်။ မိနစ် ၂၀ ထားပြီးနောက် ရေဆေးချရပါမယ်။

၃။ လက်ဖက်အိတ် Mask

မျက်ရစ်ဖောင်းတာကို သက်သာဖို့ နောက်တစ်နည်းကတော့ လက်ဖက်အိတ်ပါ။ လက်ဖက်အိတ်မှာပါဝင်တဲ့ ကဖင်းဓာတ်နဲ့ အက်တီအောက်ဆီးဒင့်က မျက်လုံးအောက် အသားအရေကို မှော်ဆန်ဆန် ပိုကောင်းစေပါတယ်။ လက်ဖက်အိတ်ကို ရေခဲသေတ္တာထဲ ထည့်ကာ မျက်လုံးအောက် ၁၀ မိနစ် တင်ပေးရပါမယ်။ ပြီးနောက် ငြင်သာစွာ ရေဆေးနိုင်ပါတယ်။

၄။ ကီဝီသီးနဲ့ ဒိန်ချဉ် Mask

ဒီ Mask က မျက်လုံးအောက် အသားအရေကို စိုပြေစေပြီး ပြန်လည် တင်းရင်းစေပါတယ်။ ဒီနှစ်မျိုးကို အနှစ်ရတဲ့အထိ ရောမွှေပေးရပါမယ်။ ၁၀ မိနစ်လောက် မျက်လုံးအောက် လိမ်းပြီးနောက် ရေဆေးချရပါမယ်။

၅။ ကော်ဖီ Mask

ကော်ဖီမှုန့်က မျက်လုံးဖောင်းတာ သက်သာစေပြီး ပင်ပန်းနွမ်းနယ်နေတဲ့ အသားအရေကို ပြန်လည် လန်းဆန်းစေပါတယ်။ ပျားရည် တစ်ဇွန်းနဲ့ ကော်ဖီမှုန့် အနည်းငယ်ကို ရောပေးရပါမယ်။ ဒီအရောကို မျက်လုံးအောက်မှာ ၁၀ မိနစ် ကနေ ၁၅ မိနစ်ထားကာ ရေဆေးချရပါမယ်။

၆။ ရှားစောင်းလတ်ပတ် Mask

ထောပတ်သီးက အသားအရေကို အားပြန်ပြည့်စေပြီး ရှားစောင်းလတ်ပတ်က အစိုဓာတ်ပေးနိုင်ပါတယ်။ သင့်မျက်လုံးအောက် အသားအရေက ပိုနူးညံ့ပြီး စိုပြေလာပါလိမ့်မယ်။ ရှားစောင်းလတ်ပတ် အနည်းငယ်နဲ့ ထောပတ်သီး တစ်ဇွန်းကို ရောကော မျက်လုံးအောက် လိမ်းရပါမယ်။ ၁၀ မိနစ်ကနေ မိနစ် ၂၀ ထားပြီး ရေဆေးချရပါမယ်။

Photo source: Pinterest

By MyStyle Myanmar