လူတိုင်းမှာ သူတို့တော်တဲ့အရာ သူတို့ပါရမီပါတဲ့ အရာတော့ အနည်းဆုံးတစ်ခုလောက်ရှိပါတယ်။ တခြားလူတွေထက် ပိုတော်နေတဲ့အရာတစ်ခုတော့ ရှိတတ်ပါတယ်။ တချို့တွေဆိုရင် ပညာရပ်တစ်ရပ်မှာ ဘယ်လောက်ပဲကြိုးစားပါစေ Talent လိုသေးတာတွေရှိတတ်ပါတယ်။ ဒါပေမဲ့ ပါရမီထူးသူ တစ်ယောက်ဆိုတာ ကြိုးစားမှု ၉၉ ရာခိုင်နှုန်းနဲ့ အထုံပါရမီ ၁ တစ်ရာခိုင်နှုန်းလိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ပါရမီထူးပြီး အရည်အချင်းရှိတဲ့ ရာသီခွင် (၆) ခုအကြောင်း ဖော်ပြလိုပါတယ်။ သင်က ဒီ (၆) ခုထဲ မပါရင်လည်း ဝမ်းနည်းဖို့မလိုပါဘူး။ သင်တော်တဲ့ နေရာတစ်ခုကတော့ အမြဲရှိပြီးသားပါ။

၁။ Virgo (August 23 – September 22)


Virgo ရာသီဖွားတွေက ဆုံးဖြတ်ထားတဲ့အရာတစ်ခုကို အဆုံးသတ်ထိလုပ်တတ်ကြပါတယ်။ ဒါက သူတို့ရဲ့ အရည်အချင်းပါပဲ။ လေ့ကျင့်တာက ပိုတော်စေတယ်ဆိုတဲ့အကြောင်းကို တခြားသူတွေထက် ပိုသိကြပါတယ်။ အလုပ်တစ်ခုကို ဖြစ်အောင်လုပ်တတ်တာက သူတို့ရဲ့ ပါရမီတစ်ခုပါပဲ။

၂။ Gemini (May 21 – June 20)


Gemini ရာသီဖွားတွေက လိုက်လျောညီထွေနေတတ်ပါတယ်။ သူတို့ သိချင်တဲ့အရာကို တော်အောင်ကြိုးစားတတ်ကြပါတယ်။ စပ်စုတာလည်း Gemini ပါပဲ။ သူတို့ရွေးချယ်လိုက်တဲ့အရာတစ်ခုကို ဘာပဲဖြစ်ဖြစ် တော်အောင်ကြိုးစားကြပါတယ်။ သင်ယူရတာကို နှစ်သက်ကြပါတယ်။ စပ်စုတတ်တဲ့ သဘာဝရှိတာကြောင့် ပညာရပ်အသစ်တွေကို အခြားရာသီခွင်တွေထက် အတတ်မြန်ပါတယ်။

၃။ Aquarius (January 20 – February 18)


Aquarius က လောကကြီးကို အခြားလူတွေနဲ့မတူတဲ့ အမြင်နဲ့ကြည့်တတ်ပါတယ်။ တီထွင်နိုင်စွမ်းပါရမီ ပါကြပါတယ်။ အခွင့်အရေးအသစ်တွေအတွက်လည်း အမြဲအဆင်သင့်ဖြစ်နေတတ်ပါတယ်။

၄။ Pisces (February 19 – March 20)


Pisces တွေက အကြောင်းအရာတွေပြောပြတဲ့နေရာ၊ အနုပညာနဲ့ တေးဂီတတွေမှာ ပါရမီ ပါကြပါတယ်။ ဒါကြောင့် တူရိယာတီးနည်းတွေ၊ ပန်းချီသင်တန်းတွေမှှာဆိုရင် ပိုတော်မယ့် အခွင့်အလမ်းက ပိုများပါတယ်။ ခံစားလွယ်ထိခိုက်လွယ်ပြီး အနုပညာတစ်ခုဖန်တီးတဲ့နေရာမှာလည်း စိတ်နှစ်ပြီး ဖန်တီးကြပါတယ်။

၅။ Scorpio (October 23 – November 21)


Scorpio ရာသီဖွားတွေက မွေးရာပါ ဖျော်ဖြေရေးသမားတွေပါ။ သရုပ်ဆောင်တာနဲ့ ဂီတဖျော်ဖြေရေးတွေမှာ ပါရမီရှိကြပါတယ်။ ပရိတ်သတ်ကို ဘယ်လိုလုပ်ရင် သူတို့ဆီပါလာမလဲ နားလည်ကြပါတယ်။

၆။ Leo (July 23 – August 22)


Leo ရာသီဖွားတွေက အလုပ်ကြိုးစားကြပါတယ်။ သင်တန်းတိုင်းကို လိုက်တက်ပါတယ်။ သူတို့ တော်ချင်တဲ့ ပညာရပ်ကို ထမင်းစားရေသောက် ကျွမ်းကျင်တဲ့အထိ အချိန်အကြာကြီးလေ့လာကြပါတယ်။ ဒါပေမဲ့ သင်က သူတို့ကိုမေးလိုက်ရင်တော့ မကြိုးစားဘဲ နဂိုတည်းက တော်နေတဲ့ပုံစံမျိုး ဟန်ဆောင်ပြတတ်ပါတယ်။ သူတို့ဘယ်လောက်ထိ ကြိုးစားခဲ့လဲဆိုတာကို သိပ်မပြောတတ်ကြပါဘူး။

Photo Source: Pinterest

By MyStyle Myanmar