အတွေးမျိုးစုံနဲ့ တစ်ယောက်တည်း အမြဲနေတတ်သူတွေကို သင်မြင်ဖူးမှာပါ။ သူတို့က မာန ကြီးတာမဟုတ်ပါဘူး။ တစ်ယောက်တည်း အတွေးတွေနဲ့ နေထိုင်တတ်ကြလို့ပါ။ လူတစ်ယောက်ယောက်က သူတို့ကို စကားပြောနေရင်တောင် အတွေးက တခြား ရောက်တတ်ကြသူတွေ ရှိပါတယ်။ တစ်ခါတလေ သူတို့ရဲ့ အမူအရာတွေက Psycho ဆန်နေတတ်ပါတယ်။ ရာသီခွင်တွေထဲမှာ စိတ္တဇဆန်ဆန် ပြုမူတတ်ကြတဲ့ ရာသီခွင်တွေက ဘာတွေလဲ ကြည့်လိုက်ရအောင်နော်-

၁။ Aries (MARCH 21 – APRIL 19)

Aries ရာသီခွင် မွေးဖွားသူတွေက ခေါင်းထဲ အတွေးတွေ ရှုပ်နေတတ်ပါတယ်။ တစ်ပါးသူကို လှည့်စားနိုင်သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အပြုအမူက တစ်ခါတလေ စိတ္တဇဆန်ဆန် ပုံစံ ဖြစ်နေတတ်ပါတယ်။

၂။ Pisces (FEBRUARY 19 – MARCH 20)

Pisces တွေက အကြောင်းအရာ တစ်ခုကို နက်နက်နဲနဲ စဉ်းစားတတ်ပါတယ်။ ဘာမှ အရေးမပါတာ တစ်ခုက သူတို့အတွက် သတိပြုစရာဖြစ်နေရင် အရေးပါသွားတတ်ကြပါတယ်။ သူတို့စိတ်ထဲမှာ မမြင်နိုင်တဲ့ အရာတွေနဲ့ သူတို့က ဆက်နွယ်မှု ရှိတယ်လို့ ယုံကြည်ထားသူတွေပါ။

၃။ Gemini (MAY 21 – JUNE 20)

Gemini က အပြောင်းအလဲ မြန်ပါတယ်။ ကိုယ်သဘောကျတဲ့ လူရှေ့ မျက်နှာတစ်မျိုး ၊ သဘောမကျသူရှေ့ရောက်တာနဲ့ ပုံစံတစ်မျိုး ချက်ချင်းပြောင်းသွားတတ်ပါတယ်။ အာရုံစိုက်မှုမှာ အားနည်းကြပါတယ်။ ခဏလေးနဲ့ မေ့တတ်သူတွေလည်း ဖြစ်ပါတယ်။

၄။ Aquarius (JANUARY 20 – FEBRUARY 18)

Aquarius တွေကကျတော့ ကိုယ့်အတွေးတွေကို တခြားသူတွေဆီ ကောင်းကောင်းကြီး ချပြချင်သူတွေပါ။ မှန်းဆ ရခက်သူတွေ ဖြစ်ပါတယ်။ အပြင်ပန်းမှာ ပျော်နေပေမယ့် အတွင်းစိတ်မှာ တစ်ခုခု တွေးကြံနေတတ်ပါတယ်။

၅။ Taurus (APRIL 20 – MAY 20)

Taurus ရာသီဖွားတွေက ခေါင်းမာသူတွေ ဖြစ်ပါတယ်။ ကိုယ့်စကားကို လက်မခံတဲ့ သူတွေ အပေါ် စိတ်ဆိုး ဒေါသထွက်ကြပါတယ်။ အတွေးရှုပ်တတ်သူ ဖြစ်ပြီး ကိုယ့်အတွေးနဲ့ ကိုယ် စကားပြောတတ်သူတွေပါ။

၆။ Cancer (JUNE 21 – JULY 22)

Cancer ရာသီခွင်မှာ မွေးဖွားသူတွေက ခံစားချက်များကြပါတယ်။ ခံစားချက် ထိလွယ်ရှလွယ် ဖြစ်သူတွေပါ။ ခံစားချက်ကို မထိန်းချုပ်နိုင်သူတွေ ဖြစ်ပါတယ်။ တစ်ယောက်တည်း တစ်နေရာကို အကြာကြီး ငေးရတာကို နှစ်သက်သူတွေ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar