တစ်နေ့တာလုံး စိတ်ကြည်လင်ပြီး တက်ကြွလန်းဆန်းနေစေဖို့အတွက် မနက်ပိုင်း အိပ်ယာနိုးရင် လုပ်ပေးရမယ့် အကြောဆန့် လေ့ကျင့်ခန်း ၆ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ မနက်ပိုင်း အကြောဆန့် လေ့ကျင့်ခန်း လုပ်တဲ့နေ့နဲ့ မလုပ်တဲ့နေ့က ကွာခြားပါတယ်။ လေ့ကျင့်ခန်း တစ်ခုနဲ့တစ်ခုကြားမှာ စက္ကန့်ပိုင်းသာ နားရပါတယ်။ အကြာကြီးနားလို့မရပါဘူး။

Child’s Pose

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကိုစုပြီး တင်ပါးနဲ့ ခြေဖနောင့်နဲ့ ထိအောင်ထိုင်ပါ။ ပြီးရင် လက်နှစ်ဖက်ကို ရှေ့ဆန့်ထုတ်ပြီးငုံ့လိုက်၊ ခါးပြန်မတ်လိုက်နဲ့ စက္ကန့် ၃၀ ပြည့်အောင် လုပ်ပေးရင် ရပါပြီ။

Cat-Cow Pose

ဒူးထောက်၊ လက်ထောက်နေပြီး ကြောကိုကုန်းလိုက်၊ ကော့လိုက်နဲ့ ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ ဆက်တိုက်လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ပြည့်မှ ရပ်ပါ။

Downward-Facing Dog Pose

လက်ထောက်၊ ခြေချောင်းလေးတွေ ထောက်ထားပြီး ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို ဆန့်ချလိုက်၊ ပြန်မတ်လိုက်နဲ့ ဆက်တိုက် စက္ကန့် ၃၀ လုပ်ပေးရပါမယ်။

One-Legged Dog Pose

လက်ထောက်ထားပြီး ခြေထောက်ကိုလည်း ကြမ်းနဲ့ကပ်နေအောင် ထောက်ထားပါ။ ခါးက ဆန့်တန်းနေရပါမယ်။ အဲ့အတိုင်းနေပြီး ခြေထောက်တစ်ဖက်ကို မြှောက်ပြီးကွေးလိုက်၊ ပြန်ချလိုက်နဲ့ ဆက်တိုက် စက္ကန့် ၃၀ လုပ်ပေးရပါမယ်။ အချိန်ပြည့်ရင် နောက်ခြေထောက်တစ်ဖက်ကို ပြောင်းလုပ်ရမှာပါ။

Mountain Pose

Mountain Pose အတိုင်း ရပ်နေပြီး ခြေဖနောင့်ထောက်လိုက်၊ ခြေချောင်းလေးတွေထောက်လိုက်နဲ့ ဆက်တိုက် စက္ကန့် ၃၀ လုပ်ပေးရုံပါပဲ။ လွယ်ပါတယ်။

Standing Forward Bend Pose

မတ်တပ်ရပ်လိုက်၊ ကုန်းပြီး လက်က ခြေချောင်းထိပ်လေးတွေကိုထိလိုက်၊ မတ်တပ်ပြန်ရပ်လိုက်နဲ့ ဆက်တိုက် စက္ကန့် ၃၀ ပြည့်အောင် လုပ်ပေးရပါမယ်။