အလေ့အကျင့်ကောင်းတွေကို မွေးမြူရတာ ခက်ခဲသလောက် မကောင်းတဲ့ အလေ့အကျင့်တွေကတော့ ဖျောက်ဖျက်ရခက်ပါတယ်။ ဒါ့ကြောင့်လည်း ကျွနု်ပ်တို့က မနက်ပိုင်းမှာ အိပ်ရာထနောက်ကျလို့ အချိန်လုနေရတာတောင်မှ မိမိအတွက်အကျိုးမရှိတဲ့ အလေ့အကျင့်တစ်ချို့ကို မဖျောက်ဖျက်နိုင်ကြပါဘူး။ စာဖတ်သူရော မိမိရဲ့မနက်ခင်းကို ဘယ်လိုအစပြုလေ့ရှိသလဲ။

မိမိအတွက် အကျိုးမရှိစေတဲ့ မနက်ခင်းအလေ့အကျင့်လေးတွေက ဘာတွေဖြစ်မလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ရအောင်နော်။

၁။ မနက်ခင်းမှာ ရေမချိုးခြင်း

မနက်ခင်းအိပ်ရာနိုးလာပြီးတဲ့နောက် ထောင်ပေါင်းများစွာသော အလုပ်တွေ ပြုလုပ်ရပါတော့မယ်။ ဟားပတ်တက္ကသိုလ်က ဆရာဝန်တစ်ယောက်ပြောကြားချက်အရ မနက်ခင်းမှာ ရေချိုးပေးခြင်းက သင့်ဦးနှောက်ကို တက်တက်ကြွကြွဖြစ်လာအောင်၊ ရင်ဆိုင်နေရတဲ့ အခက်အခဲပြဿနာတွေအတွက် အကြံဉာဏ်ကောင်းတွေ ရရှိအောင်ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် မနက်ခင်းလေးမှာ ရေချိုးပေးဖို့ မမေ့ကြပါနဲ့။

၂။ ရေနွေးနဲ့ ရေချိုးခြင်း

ရေနွေးနဲ့ ရေချိုးခြင်းက ခန္ဓာကိုယ်အတွက် အပန်းပြေစေပေမယ့် သင့်ကိုအိပ်ရာထဲမှာ ပြန်ကွေးချင်စိတ်ပေါက်အောင်ပြုလုပ်ပါလိမ့်မယ်။ မနက်စောစောမှာ ရေနွေးနဲ့ ရေချိုးမယ့်အစား ရေအေးနဲ့ပဲ ရေချိုးပေးပါ။ ရေအေးနဲ့ ရေချိုးခြင်းက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့အပြင် ဦးနှောက်လုပ်ငန်းဆောင်တာအတွက်လည်း ကောင်းမွန်စေပါတယ်။ ကိုယ်ခံစွမ်းအားကိုလည်း တိုးမြှင့်ပေးပါသေးတယ်။ ရေအေးရဲ့အားသားချက်က ရေနွေးလိုမျိုး သင့်အသားအရေကို ခြောက်သွေ့စေမှာမဟုတ်ပါဘူး။ ဒါ့အပြင် မနက်ခင်းတိုင်းမှာ ရေအေးနဲ့ မှန်မှန်ရေချိုးတဲ့သူက တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၉ ပေါင်ခန့် လျော့ချပေးနိုင်တယ်လို့ သိပ္ပံပညာရှင်များက ပြောကြားထားပါတယ်။

၃။ ဖုန်းအကြာကြီးသုံးခြင်း

မနက်နိုးလာတာနဲ့ ဆိုရှယ်မီဒီယာပေါ်တက်ပြီး တခြားသူတွေရဲ့အမြင်နဲ့ ဝေဖန်ရေးသားထားခြင်း၊ တခြားသူတွေရဲ့ဘဝကို လိုက်လံစစ်ဆေးခြင်းတွေက ယနေ့ခေတ်လူအများစုကျူးလွန်မိတဲ့ အမှားပါပဲ။ မိမိရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အလဟဿမကုန်ဆုံးစေဘဲ မိမိချစ်တဲ့ မိသားစုဝင်တွေအတွက် အရသာရှိတဲ့ မနက်စာပြင်ဆင်ချက်ပြုတ်ပေးခြင်း၊ မိမိချစ်တဲ့သူများနဲ့ အတူတူအချိန်ကုန်ဆုံးခြင်းတို့ ပြုလုပ်လိုက်ပါ။

၄။ အဝတ်အစားအတွက် အချိန်ကုန်ခံရွေးနေရခြင်း

မှန်ရှေ့မှာ ဒီနေ့ဘာဝတ်ရင်ကောင်းမလဲဆိုပြီး ခေါင်းအစားခံစဉ်းစားနေရတဲ့သူထဲမှာ စာဖတ်သူရော ပါနေသလား။ Steve Jobs ဟာဆိုရင် ဂျင်းဘောင်းဘီ၊ ရှပ်အင်္ကျီအမဲရောင်ကိုသာ အမြဲတမ်းဝတ်ဆင်ရခြင်းက ပိုက်ဆံချွေတာချင်လို့မဟုတ်ဘဲ သူ့ရဲ့အချိန်က သိပ်ကိုတန်ဖိုးရှိတာကို သိရှိနားလည်ထားလို့ပါပဲ။ စာဖတ်သူကလည်း Steve Jobs လိုမျိုး တူညီဝတ်စုံတစ်ခုတည်းကိုပဲ ဝတ်ရမယ်လို့ မဆိုလိုပါဘူး။ အကယ်၍ သင်က ဖက်ရှင်လိုက်စားသူတစ်ဦးဆိုရင် သင့်ရဲ့အဝတ်ဘီဒိုကို အမြဲတမ်းစစ်ဆေးပြီး သင်မဝတ်တဲ့အင်္ကျီတွေ ရာသီဥတုနဲ့ မကိုက်ညီတဲ့အဝတ်အစားတွေကို ဘီဒိုထဲက ထုတ်ကာ မတူညီတဲ့နေရာမှာ သိမ်းထားလိုက်ပါ။

၅။ အစား စားပြီးပြီးချင်း သွားတိုက်ခြင်း

အစား စားပြီးပြီးချင်းသွားတိုက်တာက သွားကြွေလွှာတွေကို ပျက်စီးစေပါတယ်။ အထူးသဖြင့် အက်စစ်ဓာတ်ပါဝင်တဲ့ သစ်သီးတွေကို စားသုံးမိတဲ့နောက်မှာပေါ့။ ဒါ့ကြောင့် သွားကြားထဲမှာ ကပ်ငြိနေတဲ့အစာအကြွင်းအကျန်တွေကို ဖယ်ရှားပေးဖို့အတွက် အရင်ဦးဆုံးပလုတ်ကျင်းပေးပါ။ မိနစ် ၃၀ ခန့်ကြာမှ သွားတိုက်လိုက်ပါ။

၆။ ချက်ချင်းအိပ်ရာ သိမ်းခြင်း

အိပ်ရာကနိုးလာတာနဲ့ ချက်ချင်းအိပ်ရာသိမ်းလိုက်တဲ့အခါ ဘက်တီးရီးယားပိုးမွှားတွေ ပိုမို ပေါက်ဖွားနိုင်တဲ့အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးလိုက်သလိုပါပဲ။ ညအချိန် သင်အိပ်စက်အနားယူတုန်းက သင့်ခန္ဓာကိုယ်က အစိုဓာတ်က စောင်နဲ့ အိပ်ရာခင်းမှာ ကပ်ငြိနေတာကြောင့် စောင်နဲ့ အိပ်ရာခင်းတွေက အစိုဓာတ် အရင်ဆုံးခြောက်သွေ့ပြီး အငွေ့ပျံဖို့အတွက် အချိန်ပေးလိုက်ပါဦး။

Source: Brightside.me