နေ့စဉ်နဲ့အမျှ မနက်ခင်းမှာလုပ်နေတဲ့ ဒီအလေ့အကျင့် ၆ ခုက သင့်ကို ပုံမှန်ထက်ပိုပြီး ဝိတ်တက်လာစေပါတယ်။ ဒါကြောင့် မဝချင်ဘူး၊ ဝိတ်မတက်ချင်ဘူးဆိုရင်တော့ ဒီအလေ့အကျင့်တွေကို ဆင်ခြင်ဖို့လိုပါတယ်။

အချိန်အကြာကြီးအိပ်ခြင်း

မနက်ဆို တော်ရုံနဲ့မထပဲ အချိန်အကြာကြီး အိပ်နေတာတွေက သင့်ကိုပိုပြီး ဝိတ်တက်လာစေပါတယ်။ ကောင်းမွန်တဲ့ ကျန်းမာရေးအတွက် တစ်နေ့ကို အိပ်ချိန် ၇ နာရီ၊ ၈ နာရီရှိရင် လုံလောက်ပါပြီ။ အဲ့ထက်ပိုပြီး အကြာကြီးအိပ်နေမယ်၊ မနက်စာအလွတ်ခံပြီးတော့ကို အိပ်နေမယ်ဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်သလို ဝိတ်လည်းတက်စေပါတယ်။

မနက်မိုးလင်းတာနဲ့ရေမသောက်ခြင်း

မနက်အိပ်ယာနိုး မိုးလင်းတာနဲ့ ရေသောက်ပေးခြင်းက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ကယ်လိုရီတွေလည်း လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် အိပ်ယာနိုးတာနဲ့ ရေတစ်ခွက်သောက်ပါ။ အဲ့လိုမဟုတ်ပဲ မနက်နိုးတာနဲ့ ရေမသောက်ပဲနေရင်တော့ ကြာလာရင် ဝိတ်တက်စေပါတယ်။

မှားယွင်းတဲ့စားသောက်မှုပုံစံနဲ့စတင်ခြင်း

မိုးလင်းတာနဲ့စပြီးစားတဲ့ မနက်စာကိုက မှားယွင်းတဲ့စားသောက်မှုပုံစံ ဥပမာ အဆီအရမ်းများနေတာတွေ၊ အချိုအစိမ့်အရမ်းများနေတာတွေကို စားမယ်ဆိုရင်တော့ ဝိတ်ပိုတက်စေပါတယ်။ မနက်ထဲက အဆီတွေရစ်ပြီး အီနေမှာပါ။ ဒါကြောင့် တစ်နေ့တာလုံးအတွက် မနက်စာက အရမ်းအရေးကြီးပါတယ်။ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တာကို စားပေးပါ။

မနက်စာစားရင်းနဲ့ TV ကြည့်ခြင်း

မနက်စာစားရင်းနဲ့ TV ကြည့်တာ၊ ဖုန်းကြည့်တာတွေက bad habit လို့ သတ်မှတ်ကြပါတယ်။ အစားစားရင် ဖြေးဖြေးချင်းစီ ကြေညှက်အောင်ဝါးစားပေးမှ နည်းလမ်းအမှန်ပါ။ ဒီလိုစားရင်းသောက်ရင်း ကြည့်တာတွေက အချိန်ကြာကြာထိုင်ပြီး ဇိမ်နဲ့စားနေမိတဲ့အတွက် ဝိတ်ပိုတက်စေပါတယ်။

သောက်တဲ့ Coffee ထဲမှာ Cream နဲ့ သကြားများနေခြင်း

မနက်ခင်း coffee သောက်တဲ့အခါမှာ cream တွေ အများကြီး ထည့်သောက်တာမျိုး၊ သကြားတွေ အများကြီး ထည့်သောက်တာမျိုးက ဝိတ်ပိုတက်စေပါတယ်။

မနက်ခင်းလေ့ကျင့်ခန်းမလုပ်ခြင်း

မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ပေးတာက အရမ်းကောင်းတဲ့ အလေ့အကျင့်ပါ။ ကိုယ်ရည်စစ်ပြီး ဝိတ်လည်း ထိန်းပေးသလို ကျန်းမာရေးလည်း ပိုကောင်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ရင်တောင် ခဏပြေးတာ၊ လမ်းလျှောက်တာ၊ ကြိုးခုန်တာမျိုးကို လုပ်ပေးသင့်ပါတယ်။