ဟယ်လို MyStyle Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်တို့ရေ။ အလှအပကို စိတ်ပါဝင်စားသူတွေအနေနဲ့ အသားအရေပိုကောင်းလာဖို့ Skincare ပြုလုပ်ကြမယ်လို့ထင်ပါတယ်နော်။ လက်ရှိမှာပြုလုပ်နေတဲ့ Skincare အဆင့်တွေကလည်း ကိုယ့်အသားအရေလိုအပ်ချက်နဲ့ကိုက်ညီကောင်းကောင်းညီလိမ့်မယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့်လည်း ဒီကြားထဲမှာ သင်မသိဘဲ ပြုလုပ်မိနေတဲ့ အမှားတွေကြောင့် ခဲလေသမျှသဲရေကျ ဖြစ်ကုန်ပါလိမ့်မယ်။

ဒါဆိုရင်တော့ ကိုယ်အားစိုက်ထုတ်ပြီး ပြုလုပ်ထားရတဲ့ Skincare လေးတွေ အလဟဿမဖြစ်ရလေအောင် ရှောင်ကြဥ်ရမယ့် မနက်ခင်းပိုင်းအမှားလေးတွေကို အခုပဲလေ့လာကြည့်ကြရအောင်ပါ။

Oatmeal ကို နေ့တိုင်း မနက်စာအဖြစ်စားခြင်း

မနက်စာအဖြစ် Oatmeal တစ်ပန်းကန်စားလိုက်ခြင်းက အရသာလည်းရှိပြီး တစ်နေ့တာကိုအစပြုဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း နေ့တိုင်းစားမယ်ဆိုရင်တော့ ခန္ဓာကိုယ်နဲ့အသားအရေကို မသိလိုက်ဘာသာ ဘေးဖြစ်စေနေသလိုပါပဲ။ Oatmeal မကြာခဏစားခြင်းက ခန္ဓာကိုယ်ကလိုအပ်တဲ့ တခြားအာဟာရဓာတ်တွေမရရှိအောင် တားမြစ်သလိုဖြစ်နေပြီး အချိန်ကြာလာတာနဲ့အမျှ အာဟာရချို့တဲ့ပြီး အသားအရေတွေ ခြောက်ကပ်လာပါလိမ့်မယ်။

ရေအကြာကြီးချိုးခြင်း

မနက်ခင်းမှာ ရေနွေးနွေးနဲ့ ရေချိုးခြင်းကလည်း ကောင်းတဲ့နည်းလမ်းတစ်ခုပါပဲ။ အထူးသဖြင့် ရာသီဥတုအေးတဲ့အချိန်တွေမှာဆိုရင်ပေါ့။ ဒါပေမယ့် ရေနွေးက အသားအရေရဲ့ အကာအကွယ်ပေးတဲ့အလွှာကို ပျက်စီးစေပြီး အိုမင်းရင့်ရော်တဲ့ဖြစ်စဥ်ကို မြန်ဆန်စေပါတယ်။

မနက်ခင်းမှာ ကော်ဖီကို ဦးဆုံးသောက်ခြင်း

လူအများစုက ကော်ဖီပူပူလေးတစ်ခွက်သောက်ပြီး တစ်နေ့တာကို အစပြုတတ်ကြပါတယ်။ ကော်ဖီက အရသာလည်းရှိပြီး အသားအရေအတွက် အကျိုးရှိတယ်ဆိုတာမှန်ပါတယ် သို့သော် နေ့တိုင်း မနက်စာမစားခင် ကော်ဖီအရင်သောက်ခြင်းက အသားအရေကို ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေပါတယ်။

နေပူထဲထွက်ချိန်သာ Sunscreen လိမ်းခြင်း

Sunscreen က နွေရာသီ နေပူထဲထွက်ချိန်မှာ အသားအရေကိုကာကွယ်ပေးသလို အိမ်မှာနေရင်းနဲ့ပဲ လိမ်းပေးခြင်းကလည်း အသားအရေရင့်ရော်လာခြင်းကနေ ကာကွယ်နိုင်ပါတယ်။ ကားတွေ၊ အိမ်တွေ၊ ရုံးတွေမှာအသုံးပြုနေတဲ့ ဖန်တွေ၊ မှန်တွေက UVB ရောင်ခြည်အများစုကို ကာပေးနိုင်ပေမယ့် မကောင်းတဲ့ UVA ရောင်ခြည်တွေရဲ့ရန်ကနေတော့ အသားအရေကို မကာကွယ်ပေးနိုင်ပါဘူး။ ဒါကြောင့် ဘယ်အချိန်ဖြစ်ဖြစ် Sunscreen လိမ်းပါ။

ရာသီဥတုသုံးပါးလုံး Skincare တစ်ပုံစံတည်းပဲ ပြုလုပ်ခြင်း

ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ ခရင်မ်တွေ၊ Masks တွေကို ဝယ်ပြီးသုံးတာက မှန်ကန်တဲ့လုပ်ရပ်ဆိုပေမယ့်လည်း ဒီပစ္စည်းတွေကိုပဲ နေ့တိုင်းအသုံးပြုခြင်းက အသားအရေအတွက် သိပ်ပြီးမကောင်းပါဘူး။ ရာသီအပြောင်းအလဲပေါ်မူတည်ပြီး Skincare အသုံးပြုပုံအသုံးပြုနည်းတွေကိုလည်း ပြောင်းလဲအသုံးပြုပေးသင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားကြပါတယ်။

မျက်နှာသစ်ဆေး မှားယွင်းအသုံးပြုခြင်း

ညဖက်အိပ်နေချိန်မှာ သင့်ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးသွားပြီး ဒီလိုအခြေအနေကိုကာကွယ်ဖို့အတွက် Sebum တွေကို ပိုပြီးထုတ်လုပ်လို့ မနက်မိုးလင်းတဲ့အခါ အဆီပြန်တဲ့မျက်နှာဖြစ်နေတာပါ။ ဘယ်လောက်ပဲအဆီပြန်တဲ့မျက်နှာကို မကြည့်ချင်ဘူးဆိုရင်တောင် ဓာတုဆေးဝါးတွေအများကြီးပါတဲ့ မျက်နှာသစ်ဆေးတွေကို အသုံးမပြုလိုက်ပါနဲ့။ နူးညံ့တဲ့မျက်နှာသစ်ဆေးလေးကိုသုံးပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ကာ Moisturizer လိမ်းပေးပါ။

Source: BrightSide