ဆံပင်ကို hair oil တွေလိမ်းပေးတာ အရမ်းကောင်းပါတယ်။ လိမ်းလည်းလိမ်းပေးသင့်ပါတယ်။ ဒါပေမယ့် hair oil တွေလိမ်းတဲ့အခါမှာ မှားယွင်းစွာလုပ်မိတတ်ကြတဲ့ ဒီအမှား ၆ ခုကိုတော့ ပြင်ဖို့လိုပါတယ်။

Hair Oil လိမ်းပြီးမှ ခေါင်းဖြီးခြင်း

Hair oil လိမ်းပြီးမှ ခေါင်းဖြီးရင် ဆံပင်တွေ ကျွတ်ပါလာပါလိမ့်မယ်။ ဒါကြောင့် အမြဲတမ်း ခေါင်းကိုအရင်ရှင်း၊ အရင်ဖြီးပြီးတော့မှ hair oil လိမ်းပေးပါ။

ဆံပင်ကိုတင်းကျပ်အောင်စည်းထားခြင်း

တော်တော်များများက ဆံပင်ကို hair oil လိမ်းပြီးရင် တင်းကျပ်နေအောင် စည်းတာမျိုး၊ ဆံထုံးထုံးတာမျိုး လုပ်လေ့ရှိပါတယ်။ ဒီလိုလုပ်တာက ဆံသားပျက်စီးစေပါတယ်။ ဆံသားကျိုးကြေပြီး ပျက်ထွက်တာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေပါတယ်။

Hair Oil ထည့်ပြီး ချက်ချင်းခေါင်းဖြီးခြင်း

Hair oil ထည့်ပြီးရင် ချက်ချင်းခေါင်းမဖြီးပဲ ဦးရေပြားကို massage လုပ် နှိပ်နယ်ပေးပါ။ ပြီးတော့မှ ဆံပင်ကို ဖြေးဖြေးချင်းစီ ရှင်းပြီး ဖြီးပေးပါ။ Hair oil ထည့်ပြီး ချက်ချင်းဖြီးမယ်ဆိုရင် ဆံပင်တွေကျွတ်ပါလာမှာပါ။

Hair oil တွေရွှဲနေအောင်ထည့်ပြီး ညအိပ်ခြင်း

Hair oil တွေ ရွှဲနေအောင်ထည့်ပြီး မနက်မှ ခေါင်းလျှော်တာမျိုးက အများဆုံးလုပ်လေ့ရှိတဲ့ အမှားဖြစ်ပါတယ်။ ဦးရေပြားကိုပါ ရွှဲနေအောင်ထည့်ပြီးအိပ်တော့ ဦးရေပြားက natural oils တွေနဲ့ ကိုယ်လိမ်းထားတဲ့ oils တွေနဲ့ရောပြီး ဦးရေပြားပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဆံပင်က အညစ်အကြေးတွေနဲ့ လိမ်းထားတဲ့ oils တွေက ခေါင်းအုံးနဲ့ အိပ်ယာကိုပေပြီး ညစ်ပတ်ကုန်တဲ့အတွက် မျက်နှာနဲ့ထိရင် ဝက်ခြံထွက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ တကယ်လို့ အဲ့လိုလိမ်းအိပ်တယ်ဆိုရင်လည်း ခေါင်းအုံးစွပ်နဲ့ အိပ်ယာခင်း ပြန်လဲပေးဖို့ မမေ့ပါနဲ့။

ဆံပင်ရေစိုနေချိန် Hair Oil လိမ်းခြင်း

တချို့သူတွေရဲ့အကျင့်က ဆံပင်ရေစိုနေချိန်မှာ hair oil တွေ လိမ်းချပစ်တာပါပဲ။ ဒီလိုလိမ်းတာက ဦးရေပြားနဲ့ ဆံသားစေးကပ်ပြီး ဆံပင်ကျွတ်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဆံပင်ကို အရင်အခြောက်ခံပါ။ ဆံပင်ခြောက်ခါနီးလောက်မှာမှ အဖျားတွေကို oil လိမ်းပေးပါ။ ပြီးရင် ပြန်အခြောက်ခံပြီး လုံးဝခြောက်သွားပြီဆိုမှ oil လိမ်းပါ။

Hair Oil အများကြီးလိမ်းခြင်း

ဦးရေပြားခြောက်လို့၊ ဆံသားခြောက်လို့ဆိုပြီး hair oils တွေအများကြီးလိမ်းလည်း အကျိုးမရှိပါဘူး။ လိုအပ်တဲ့ပမာဏထက် ပိုမလိမ်းသင့်ပါဘူး။ လိုတာထက်ပိုပြီး အများကြီးလိမ်းရင် ဦးရေပြားနဲ့ဆံသားက စေးကပ်ပြီး ခေါင်းခဏခဏလျှော်မိမယ်၊ ဆံပင်တွေကျွတ်လာပါမယ်။