အလှကြိုက်တဲ့မိန်းကလေးတွေ၊ အထူးသဖြင့် မိတ်ကပ်ပြင်ဆင်လေ့ရှိတဲ့ မိန်းကလေးတွေအတွက် ဘယ်သွားသွား အိတ်ထဲထည့်ဆောင်ထားသင့်တဲ့ မိတ်ကပ်ပစ္စည်း ၆ မျိုးကို ပြောပြပေးလိုက်ပါတယ်။ ရှိသမျှမိတ်ကပ်ပစ္စည်း အစုံထည့်ထားတော့လည်း အိတ်လေးပြီး အလုပ်ရှုပ်ပါတယ်။ ဒီတော့ အရေးကြီးလိုအပ်တာလေးတွေကိုပဲ ထည့်ထားလိုက်တော့ အဆင်ပြေသွားတာပေါ့။

Powder Pact

အချိန်ကြာလာလို့ အဆီပြန်လာရင်ပဲဖြစ်ဖြစ်၊ မိတ်ကပ်နည်းနည်းပျက်လာရင်ပဲဖြစ်ဖြစ် Powder Pact လေး ထုတ်ပြီးလိမ်းလိုက်တော့ အဆင်ပြေသွားရော။ မိတ်ကပ်မလိမ်းရင်တောင်မှ Powder Pact လေးပါရင် အဆင်ပြေပါတယ်။

Concealer

မျက်ကွင်းညိုတာတွေနဲ့ အမဲစက်တွေ၊ အသားအရောင်မညီတာတွေကို ဖုံးဖို့အတွက် Concealer က လိုအပ်ပါတယ်။ တစ်ခါတစ်လေ ခရီးသွားတဲ့အခါ Foundation မပါရင်တောင်မှ Concealer သုံးပြီး Powder Pact လေးပုတ်လိုက်ရင် အိုခေသွားပါပြီ။

Lip Balm

နှုတ်ခမ်းခြောက်တတ်တဲ့သူတွေဆိုရင် အိတ်ထဲမှာ Lip Balm ပါဆောင်ထားသင့်ပါတယ်။ နှုတ်ခမ်းနီဆိုးမယ်ဆိုရင်လည်း Lip Balm ခံပြီးဆိုးတော့ နှုတ်ခမ်းသားမပျက်စီးတော့ဘူးပေါ့။

နှုတ်ခမ်းနီ

နှုတ်ခမ်းနီ ၂ ရောင်လောက်ကိုသာ ထည့်ဆောင်ထားရင် တော်တော်အဆင်ပြေပါတယ်။ နှုတ်ခမ်းနီနဲ့ မျက်လုံးခြယ်လို့လည်းရသလို၊ ပါးနီခြယ်လို့လည်း ရပါတယ်။ ဒါကြောင့် နှုတ်ခမ်းနီတော့ မဖြစ်မနေ ဆောင်ထားပါ။

Mascara

Mascara ရှိရင် မျက်တောင်ကော့လို့ရတဲ့အပြင် မျက်ခုံးမွှေးလည်း ဆွဲစရာမလိုတော့ပါဘူး။ မျက်ခုံးမွှေးကို ဖြီးလိုက်ရုံနဲ့ အဆင်ပြေနေပါပြီ။

Eyeliner

မျက်လုံးအလှလေး ပိုပေါ်လွင်အောင် Eyeliner ဆွဲပေးတာမျိုးလည်း လုပ်လို့ရတဲ့အတွက် Eyeliner ကိုလည်း လိုလိုမယ်မယ် အမြဲဆောင်ထားသင့်ပါတယ်။