မိတ်ကပ်လိမ်းနေကျသူတွေကတော့ မျက်ကွင်းညိုတာနဲ့ မျက်နှာပေါ်က အမည်းစက်တွေဖုံးဖို့ Concealer သုံးဖူးကြမှာပါ။ Concealer တွေက ကိုယ့်အသားအရောင်နဲ့ အဆင်ပြေအောင် သုံးတတ်ရင် သုံးတတ်သလို မျက်နှာပေါ်က အပြစ်အနာအဆာတွေဖုံးပေးပြီး ချောမွေ့တဲ့ မိတ်ကပ် Look လေး ရစေပါတယ်။ ဒီလို မိတ်ကပ်ပြင်ရာမှာ အရမ်းအသုံးဝင်တဲ့ Concealer ကို ညိုမဲနေတဲ့နေရာတွေ ဖုံးဖို့အပြင် အခြားသုံးလို့ရတဲ့ နည်းလမ်းတွေ ရှိပါသေးတယ်။

ဒါကြောင့် ဒီတစ်ခေါက်မှာ မိတ်ကပ်လိမ်းသူတိုင်း စမ်းကြည့်နိုင်မယ့် Concealer အသုံးပြုပုံတွေကို မျှဝေပေးလိုက်ရပါတယ်။

၁။ မျက်ခုံးဖော်ရာမှာ သုံးနိုင်တယ်


မျက်ခုံးဆိုးတဲ့အခါ ဘေးတစ်ဝိုက် Concealer ဖြည့်သုံးပေးတာက မျက်ခုံးကို ပုံပိုကျပြီး ထင်းသွားစေပါတယ်။ ကိုယ်လိုချင်သလို မျက်ခုံးပုံဖော်ပြီး ဆွဲထားတဲ့လမ်းကြောင်းအတိုင်း ဘေးကနေ Brush နဲ့ Concealer ထည့်ဆိုးပေးရမှာဖြစ်ပါတယ်။ ဆိုးပြီးတဲ့နောက် Blend လုပ်ပေးလိုက်ပါ။ မျက်ခုံးဘေး ဖြူထွက်နေတာမျိုး မဖြစ်ရအောင် ကိုယ့် Skin Tone နဲ့ ကိုက်တဲ့ Concealer အရောင်မျိုးရွေးချယ်ပေးဖို့ လိုပါတယ်။

၂။ Foundation အစား သုံးနိုင်တယ်


အောက်ခံမိတ်ကပ် Foundation အစား Concealer သုံးတာက လိမ်းရတာပေါ့ပါးပြီး Natural ပိုဆန်ပါတယ်။ ဒါကြောင့် တစ်ခါတစ်လေ Foundation မလိမ်းဘဲ အမည်းစက်ရှိတဲ့နေရာတွေကို Concealer နဲ့ဖုံးပြီး အပေါ်က Powder နည်းနည်းထပ်ပေးတာမျိုး လုပ်ကြည့်ပါ။

၃။ Eyeshadow ကြာကြာခံအောင် Primer အနေနဲ့ သုံးနိုင်တယ်


Eyeshadow မခြယ်ခင် Concealer နည်းနည်းခံလိမ်းပေးတာက မျက်ခွံက သွေးကြောတွေကိုပါ ဖုံးပေးနိုင်သလို သင့် Eye Makeup ကို အရောင်ထွက် ပိုတောက်ပြီး ကြာရှည်ခံစေမှာပါ။

၄။ Eyeliner အရောင်မပျံ့အောင် ဖုံးပေးနိုင်တယ်


Cat Eye လို Eyeliner ကော့ကော့တွေ ဆွဲပြီးနောက် မျက်လုံးဘေးမှာ အရောင်တွေ ပျံ့မနေဘဲ သပ်သပ်ရပ်ရပ်လေးဖြစ်အောင် Concealer က ကူညီပေးနိုင်ပါတယ်။ Eyeliner ခြယ်ပြီးတဲ့အခါ မျက်လုံးဘေးတစ်ဝိုက် Concealer နဲ့ ညှိပေးတာမျိုး ပြုလုပ်ပေးပါ။

၅။ အသားအရောင်ညီစေတယ်

Photo Source: makeup.com

Concealer မှာ အရောင်အမျိုးမျိုးရှိတာမို့ မျက်ကွင်းညိုတာနဲ့ အမည်းစက်တွေ ဖုံးဖို့အပြင် ကိုယ့် Skin Tone အလိုက် အရောင်စပ်ပြီး မျက်နှာအသားအရောင်ညီသွားအောင်ပါ ပြုလုပ်နိုင်ပါတယ်။

၆။ နှုတ်ခမ်းနီအရောင်ထွက်မှန်စေတယ်

Photo Source: cosmopolitan.com

Concealer ကို နှုတ်ခမ်းနီအရောင်ထွက်မှန်ဖို့အတွက်ပါ သုံးနိုင်ပါတယ်နော်။ အရင်ဆုံး Concealer လိမ်းလိုက်ပြီးမှ အပေါ်ကနေ နှုတ်ခမ်းနီထပ်ဆိုးမျိုး လုပ်ပေးရမှာပါ။ ကိုယ်လိုချင်တဲ့နှုတ်ခမ်းနီ အရောင်တောက်တောက်လေး ရစေမှာဖြစ်သလို လွယ်လွယ်နဲ့မပျယ်ဘဲ ထင်းနေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar