မိတ်ကပ်တွေက လိမ်းတတ်ရင်လိမ်းတတ်သလို ခွဲစိတ်စရာမလိုဘဲ ကိုယ်လိုချင်တဲ့ မျက်နှာကျမျိုးရအောင် ပြောင်းလဲပေးနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ကိုယ့်ကိုကိုယ်မျက်နှာကြီးတယ်လို့ ခံစားရတဲ့ပျိုမေတို့အတွက် မျက်နှာအရွယ်အစားသေးသွယ်ပြီး အချိုးကျသွားစေဖို့ မိတ်ကပ်လိမ်းခြယ်ရာမှာ ထည့်သွင်းပြုလုပ်ပေးရမယ့်အဆင့်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Contour လုပ်ပေးပါ


မျက်နှာသွယ်စေဖို့အရေးကြီးတဲ့မိတ်ကပ်အဆင့်က Contour လုပ်ပေးခြင်းပါပဲ။ ဒါပေမယ့် အသားအရေနဲ့ အရောင်မညီတာ၊ ထူတာတွေဖြစ်တဲ့အခါမှာတော့ သင့်ကိုကြည့်ရဆိုးသွားစေတာကို သတိထားဖို့လိုပါတယ်။မျက်နှာသေးချင်တဲ့သူတွေအနေနဲ့က နှာခေါင်း၊ နာဖူးအစပ်နဲ့ နားထင်နေရာတွေမှာ Contour ပြုလုပ်ပေးသင့်ပါတယ်။

၂။ မျက်ခုံးထင်းထင်းလေးဆွဲပေးပါ


မျက်ခုံးက သင့်မျက်နှာတစ်ခုလုံးရဲ့ပုံစံကိုပြောင်းလဲနိုင်ပါတယ်။ မျက်ခုံးခပ်ထင်းထင်းလေးဆွဲတာက မျက်နှာကိုပိုပြီးထောင့်ကျပုံပေါ်စေပြီး မျက်နှာသေးသွားသလိုမြင်ရစေမှာပါ။

၃။ Eyeshadow ခပ်မြင့်မြင့်ဆိုးပေးပါ


Eyeshadow ခြယ်သပုံကိုမူတည်ပြီးတော့လည်း မျက်နှာသွယ်ပုံပေါက်အောင်ပြုလုပ်နိုင်ပါတယ်။ သင့်အနေနဲ့ Eyeshadow ဆွဲတဲ့အခါ မျက်ခုံးအစပ်နားအထိ ခပ်မြင့်မြင့်ဆိုးပေးပါ။ ဒါက သင့်မျက်လုံးတွေကို ပိုထင်းသွားစေတာကြောင့် အခြားသောမျက်နှာအစိတ်အပိုင်းတွေကို ခပ်သွယ်သွယ်ပုံပေါက်စေပါလိမ့်မယ်။

၄။ မျက်ခုံးရိုးအောက်နားကို Highlight ဆိုးပေးပါ


Glitter အဖြူ ဒါမှမဟုတ် Cream အရောင်ရှိတဲ့ Eyeshadow တွေကို မျက်ခုံးရိုးထောင့်အောက်ပိုင်းနားမှာ Highlight အနေနဲ့ဖြည့်ဆိုးပေးတာကလည်း သင့်မျက်ဝန်းတွေကို ရှိရင်းစွဲထက်ပိုကြီးစေပြီး မျက်နှာသေးပုံပေါက်သွားစေပါတယ်။

၅။ အရောင်ခပ်ပြေပြေနဲ့ Nude ဘက်သွားတဲ့ နှုတ်ခမ်းနီဆိုးပါ


မျက်နှာသွယ်သွယ်လေးရဖို့ Eye Makeup ကိုအာရုံစိုက်ပေးပြီး နှုတ်ခမ်းနီကိုတော့ ခပ်မှိန်မှိန်အရောင်လေးတွေ အသုံးပြုပေးသင့်ပါတယ်။ ဒါကြောင့် အရောင်အရမ်းမတောက်ဘဲ အညိုဘက်သွားတဲ့ ကာလာငြိမ်ငြိမ်လေးတွေဆိုးပေးပါ။

၆။ မေးရိုးတစ်လျှောက် Bronzer ထည့်ဆွဲပေးပါ

Bronzer က အရမ်းထူထူဆွဲတဲ့အခါ မျက်နှာညိုသွားနိုင်တာကြောင့် ပါးရိုးတစ်လျှောက်ခပ်ပြေပြေလေးဆွဲပေးသင့်ပါတယ်။ ဒါကသင့်မျက်နှာအချိုးအဆစ်ပေါ်ပြီး မေးရိုးထင်းထင်းလေးဖြစ်နေစေဖို့ကူညီပေးပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar