မိတ်ကပ်နဲ့စထိတွေ့ရတဲ့ ဆယ်ကျော်သက်အရွယ်က အသားအရေနုပျိုပြီး ပျက်စီးမှုနည်းသေးတဲ့အချိန်ဖြစ်တာမို့ Skin အရမ်းမထိစေတဲ့ မိတ်ကပ်ပါးပါးလေးတွေက အသင့်တော်ဆုံးပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်မှာ ဆယ်ကျော်သက်မိန်းကလေးတွေအတွက် ကျောင်းသွား၊ အပြင်သွားတဲ့အချိန် မိတ်ကပ်ပြင်ရလွယ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ တစ်နေကုန်အလှမပျက်စေဖို့ အိတ်ထဲမှာဆောင်ထားနိုင်မယ့် အလှပြင်ပစ္စည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ရိုးရိုးရှင်းရှင်းသုံးရလွယ်တဲ့ ပစ္စည်းလေးတွေဖြစ်တာမို့ မိတ်ကပ် Beginner လေးတွေအတွက် အရမ်းအသုံးဝင်မှာပါ။

SPF ပါတဲ့ Skin Tint


Foundation တွေက တစ်နေကုန်လိမ်းထားဖို့အတွက် Heavy ဖြစ်နိုင်တာမို့ Skin Tint လေးတွေ အစားထိုးလိမ်းဖို့ အကြံပေးချင်ပါတယ်။ Skin Tint တွေက အသားအရောင်ညှိတဲ့သဘောလောက်ပဲ ပေါ့ပေါပါးပါးလေးလိမ်းနိုင်တာမို့ မိတ်ကပ်လိမ်းထားမှန်းလည်း သိပ်မသာသိသာပါဘူး။ SPF ပါတာတွေ သုံးပေးမယ်ဆိုရင် နေလောင်ဒဏ်ကိုပါ ကာကွယ်ပြီးသားဖြစ်စေမှာပါ။

Concealer တစ်မျိုး


အမဲစက်ရှိတဲ့နေရာတွေကို အမြန်ဆုံးနဲ့ လွယ်လွယ်ကူကူဖုံးနိုင်ဖို့ Concealer လေးတစ်မျိုးသာ ဆောင်ထားလိုက်ပါ။ အသားအရမ်းမခြောက်တဲ့ Cream Type လေးတွေ၊ တစ်နေကုန်နီးပါးခံပြီး သဘာဝဆန်ဆန် Coverage ပေးနိုင်တဲ့ Concealer မျိုးဖြစ်ဖို့လိုပါတယ်။

No Sebum ပေါင်ဒါ


အပြင်သွားရင်း ချွေးထွက်တတ်တဲ့တွေ၊ အဆီပြန်အသားအရေရှိတဲ့သူတွေက ကိုယ့်အိတ်ထဲမှာ အဆီစုပ်ယူပေးနိုင်တဲ့ Powder Pact လေးတစ်မျိုး ဆောင်ထားပေးပါ။ မိတ်ကပ်မကွက်အောင် ကာကွယ်ပေးမယ့်အပြင် တစ်နေကုန် မိတ်ကပ်သားသိပ်သိပ်လေးနဲ့ လှနေစေပါလိမ့်မယ်။

မျက်ခုံးဆွဲတံ


ကိုယ့်မျက်နှာကျနဲ့လိုက်တဲ့ မျက်ခုံးလှလှလေးဆွဲပေးရုံနဲ့ မိတ်ကပ်လိမ်းဖို့တောင်မလိုအောင် ရုပ်ပြောင်းစေနိုင်တာမို့ မျက်ခုံးဆွဲတံလေးဆောင်ထားဖို့လည်း မမေ့ပါနဲ့နော်။ ရေစိုခံ၊ ကြာရှည်ခံသလို အလွယ်တကူထုတ်ဆွဲလို့ရတဲ့ မျက်ခုံးဆွဲတံကောင်းကောင်းလေးတစ်ချောင်း ဝယ်ထားလိုက်ပါ။

နှုတ်ခမ်းနဲ့ ပါး နှစ်မျိုးလုံးအတွက်သုံးနိုင်တဲ့ Tint


နှုတ်ခမ်းနီရော၊ ပါးနီအဖြစ်ပါနှစ်မျိုးသုံးနိုင်တဲ့ Tint တစ်မျိုးလောက်ရှိထားတာကလည်း လွယ်လွယ်ကူကူ မိတ်ကပ်လိမ်းချင်တဲ့ ပျိုမေတို့အတွက်အသုံးတည့်စေမှာပါ။

Lip Balm လေးတစ်ဘူး


နှုတ်ခမ်းနီခဏခဏဆိုးနေစရာမလိုဘဲ နှုတ်ခမ်းသားပြည့်ပြည့်တင်းတင်းလေးဖြစ်ဖို့ Lip Balm လေးတစ်ဘူးသာ အိတ်ထဲဆောင်ထားလိုက်ပါ။ သွယ်သွားရလွယ်သလို နှုတ်ခမ်းသားခြောက်သွေ့ပြီး မပျက်စီးရအောင် အစိုဓာတ်ပေးပြီးသားလည်းဖြစ်စေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar