Skincare လုပ်တာက အသက်အရွယ်တိုင်းအတွက် လိုအပ်ပါတယ်။ အသက်အရွယ်အလိုက် လိုအပ်တဲ့ Skincare တွေကိုသုံးပေးပြီး အသားအရေထိန်းသိမ်းမယ်ဆိုရင် အမြဲတမ်း နုပျိုလှပနေမှာပါ။ ဒါကြောင့် ဒီတစ်ခါမှာတော့ အသက် 50 ကျော် အမျိုးသမီးများသုံးသင့်တဲ့ အဓိက Skincare 6 မျိုးကို ပြောပြပေးလိုက်ပါတယ်။

Cleansing

ဘယ်လိုအသက်အရွယ်မျိုးမှာပဲဖြစ်ဖြစ် Cleansing Step ကို ကျော်သွားလို့မရပါဘူး။ Cleansing သေချာမလုပ်ပဲ Skincare တွေလိမ်းနေရင် ပိုက်ဆံကုန်တာပဲရှိပါတယ်။ ဒီတော့ Cleansing သေချာလုပ်ပါ။

Toner

Toner က ကိုယ့်အသားအရေပေါ်မူတည်ပြီး ရွေးချယ်သုံးပါ။ အရမ်းအကောင်းစားကြီးတွေ၊ ဈေးကြီးတာတွေ မသုံးနိုင်လည်း အဆင်ပြေပါတယ်။ Toner ကို မနက်ည လိမ်းပေးပါ။

Moisturizer

အသက် 50 ကျော်ဆိုတော့ အသားအရေခြောက်တာများပါတယ်။ အသားခြောက်တဲ့အတွက် Hydration ကောင်းကောင်းပေးနိုင်တဲ့ Moisturizer မျိုးကိုသုံးမှ အဆင်ပြေမှာပါ။ Moisturizer ကိုလည်း မနက်ည သေချာလိမ်းပေးပါ။

Serum

အသက် 50 ကျော်ဖြစ်တဲ့အတွက် Anti-aging အတွက် Serum ကောင်းကောင်းတစ်ခု သုံးသင့်ပါတယ်။ Serum Step က အရမ်းအရေးကြီးပါတယ်။ အသားအရေကိုလည်း သိသိသာသာ ပြောင်းလဲပေးနိုင်ပါတယ်။ ဒါကြောင့် တခြားအရာတွေကို ဈေးကြီးတာမဝယ်ရင်တောင်မှ Serum ကိုတော့ ကောင်းကောင်းလေး သေချာရွေးသုံးပါ။

Eye Cream

အသက် 25 ကျော်တာနဲ့ မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ ပေါ်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ အသက် 50 ကျော်ပြီဆို ပိုတောင်လိုအပ်ပါတယ်။ Eye Cream ကိုလည်း Anti-aging အတွက် အဓိကသုံးပေးပါ။ Eye Cream ကောင်းကောင်း သုံးပေးပါ။

Sunscreen

Sunscreen မလိမ်းရင် အသက်ကြီးလာတဲ့အခါ တင်းတိတ်နဲ့ မှဲ့ခြောက်တွေ၊ အမဲစက်တွေ၊ အညိုကွက်တွေ ဖြစ်လာပြီး အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာပါလိမ့်မယ်။ ငယ်ရွယ်တုန်းမှာ မလိမ်းခဲ့လို့ အသက် 50 ကျော်လာမှလိမ်းလည်း မထူးတော့ပါဘူးဆိုပြီး မထင်ပါနဲ့။ ဖြစ်နေတာတွေ မပျောက်ရင်တောင်မှ ပိုဆိုးမလာအောင် ကြိုတင်ကာကွယ်ပေးမှာပါ။ ဒီတော့ Sunscreen သေချာလိမ်းပါ။