ကျောမှာဝက်ခြံပေါက်တာက ဟော်မုန်းကြောင့်လည်းဖြစ်ပေမယ့် ကိုယ်လုပ်နေတဲ့ပုံစံတွေနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ များသောအားဖြင့်တော့ ဒီအကြောင်းအရင်းတွေကြောင့် ကျောမှာ ဝက်ခြံတွေပေါက်လာရခြင်း ဖြစ်ပါတယ်။

ဆပ်ပြာမစင်ခြင်း

ဆပ်ပြာတွေမစင်ရင်၊ ခေါင်းလျှော်ရည်တွေ ကျောပေါ်ကျပြီး ရေစင်အောင်မချိုးရင် ကျောမှာ ဝက်ခြံတွေ ပေါက်လာစေပါတယ်။ တော်တော်များများ ကျောမှာဝက်ခြံပေါက်ရတာက ဒီအကြောင်းအရင်းကြောင့်ပဲ ဖြစ်ပါတယ်။

Body Lotion လိမ်းခြင်း

ဖြစ်နိုင်ရင်တော့ ကျောကို lotion မလိမ်းတာ ပိုကောင်းပါတယ်။ နေပူထဲထွက်မှသာ ကျောပေါ်နေတဲ့အင်္ကျီတွေ ဝတ်ထားရင် sunscreen လိမ်းပေးတာမျိုး လုပ်သင့်တာပါ။ ကျောက ချွေးထွက်များတဲ့နေရာဖြစ်တာကြောင့် ကိုယ်လိမ်းထားတဲ့ lotion နဲ့ ချွေးနဲ့ရောပြီး ဝက်ခြံတွေထွက်လာစေပါတယ်။

Scrub မတိုက်ခြင်း

ကျောကချွေးထွက်သန်တဲ့အတွက် ချွေးနဲ့အညစ်အကြေးနဲ့ရောပြီး ဂျေးတက်ပါတယ်။ ဒါကြောင့် exfoliate လုပ်တဲ့အနေနဲ့ ကျောကိုလည်း တစ်ပတ်တစ်ခါ scrub တိုက်ပေးသင့်ပါတယ်။ ဒါမှချွေးပေါက်တွေပိတ်ပြီး ဝက်ခြံထွက်တာမျိုးမဖြစ်မှာပါ။

အရမ်းကြပ်တဲ့အဝတ်အစားတွေဝတ်ခြင်း

အရမ်းကြပ်တဲ့အဝတ်အစားတွေက တစ်ခါတစ်လေဝတ်တာ ဘာမှမဖြစ်ပေမယ့် အမြဲတမ်း အရမ်းကြပ်တဲ့အဝတ်အစားတွေဝတ်တာ၊ အရမ်းကြပ်တဲ့အတွင်းခံတွေ ဝတ်တာမျိုးက ဝက်ခြံထွက်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်စေပါတယ်။

ဝတ်ပြီးသားအဝတ်အစားတွေပြန်ဝတ်ခြင်း

ဒါကျတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ဆိုင်ပါတယ်။ ဝတ်ပြီးသားအဝတ်အစားတွေကို မလျှော်ရသေးပဲပြန်ဝတ်တာက အညစ်အကြေးတွေ ပြန်ကပ်တဲ့အတွက် ဝတ်ခြံထွက်စေပြီး ခန္ဓာကိုယ် အနံ့အသက်ဆိုးလည်း ထွက်စေပါတယ်။

အိပ်ယာခင်းတွေပုံမှန်မလဲခြင်း

အိပ်ယာခင်းတွေမှာကလည်း ဖုန်နဲ့အညစ်အကြေးတွေ အမြဲကပ်နေတာက အနည်းဆုံးတော့ တစ်လတစ်ခါ လဲသင့်ပါတယ်။ အိပ်ယာခင်းမသန့်ရင် ကျောနဲ့ မျက်နှာမှာ ဝက်ခြံတွေ ထွက်လာစေပါတယ်။