မင်္ဂလာပါ ပျိုမေလေးတို့ရေ၊ မနက်ကတည်းကလိမ်းထားတဲ့ မိတ်ကပ်က ခဏခဏပျက်နေလို့ တစ်နေ့ သုံးကြိမ်လောက် မိတ်ကပ် ပြန်ပုတ် နေရပါသလား။ အလုပ်ရှုပ်တဲ့နေ့တွေမှာ ထမင်းစားချိန်တောင်မရတဲ့အချိန်မျိုးဆို ဘယ်လိုမိတ်ကပ်ပြန်လိမ်းမလဲ။ ဒါဆိုရင်တော့ မိတ်ကပ်လေးတွေ တစ်နေကုန်ခံနေဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားသင့်နေပြီနော်။

၁။ အသားအရေကို သန့်စင်အောင်ထားပါ

သင့်အသားအရည်က အဆိပ်အတောက်ကင်းပြီး သန့်စင်နေမယ်ဆိုရင် မိတ်ကပ်တာရှည်ခံပါတယ်။ အသားအရေ ရေဓာတ်အမြဲပြည့်နေဖို့ ရေများများသောက်ပါ။ မိတ်ကပ်မလိမ်းခင်မှာ Moisturizer Cream အရင်လိမ်းပေးပါ။ ခြောက်သွေ့တဲ့အသားအရေပေါ်မှာ အစိုဓာတ်အရင်မထိန်းဘဲ မိတ်ကပ်အရင်လိမ်းမယ်ဆိုရင် မိတ်ကပ်တွေ ခဏလေးနဲ့ ပျက်သွားပါလိမ့်မယ်။

၂။ Primer ကို မဖြစ်မနေလိမ်းပေးပါ

Photo Source: thebitterlemon.com

Primer က သင့်မျက်နှာအသားအရေနဲ့ ဖောင်ဒေးရှင်းနှစ်ခုကြားမှာ ကြားခံနယ်အဖြစ်ဆောင်ရွက်ပေးပါတယ်။ Primer က မိတ်ကပ်မကွက်အောင်၊ မိတ်ကပ်လိမ်းပြီးလို့ အချိန်ကြာတဲ့အခါ အဆီမပြန်အောင် ကူညီပေးပါတယ်။ သင့်အရေပြားက ချွေးပေါက်လေးတွေ ကောင်းကောင်း အသက်ရှူ နိုင်ဖို့လည်း ကူညီပေးပါသေးတယ်။ ပြီးတော့ မျက်နှာပေါ်ကအဆီတွေကို စုပ်ယူတဲ့နေရာမှာ Primer က အကောင်းဆုံးစွမ်းဆောင်နိုင်ပါတယ်။

၃။ ဖောင်ဒေးရှင်းကို နည်းမှန်လမ်းမှန် လိမ်းခြယ်ပါ

Photo Source: www.lorealparisusa.com

ဖောင်ဒေးရှင်းလိမ်းတဲ့အခါ မျက်နှာရဲ့အလယ်ဗဟိုကနေပြီး ဘေးဘက်သို့လိမ်းခြယ်ပေးပါ။ Waterproof ဖြစ်တဲ့ ဖောင်ဒေးရှင်းများကိုလည်း ရွေးချယ်သင့်ပါတယ်။

၄။ အရည်အသွေးကောင်းတဲ့ ပေါင်ဒါများကိုသာ အသုံးပြုပါ

Photo Source: www.beautyheaven.com.au

ချွေးထွက်တဲ့အချိန်မှာတောင် တာရှည်ခံနိုင်ဖို့ဆိုရင် Matte ပေါင်ဒါအသုံးပြုတာ အကောင်းဆုံးပါပဲ။ ဖောင်ဒေးရှင်းကို အရောင်ဖျော့ဖျော့လေး အသုံးပြုပြီးတော့ ပေါင်ဒါကိုတော့ အရောင်ရင့်တာ အသုံးပြုမယ်ဆိုရင် မိတ်ကပ်တာရှည်ခံအောင် ပြုလုပ်ပေးပါတယ်။

၅။ နှုတ်ခမ်းနီဆိုးတဲ့အခါ တစ်ဆင့်ပြီး တစ်ဆင့်ဆိုးပေးပါ

Photo Source: runwayroguebeauty.com

နှုတ်ခမ်းနီအဆီနဲ့ အရောင်တောက်တောက်ကြီးတွေဆိုးမှ တာရှည်ခံတာမဟုတ်ပါဘူး။ Matte နှုတ်ခမ်းနီလေးတွေက တစ်နေကုန်လုံး တာရှည်ခံအောင် ကူညီပေးပါတယ်။ Matte နှုတ်ခမ်းနီမဆိုးခင်မှာ နှုတ်ခမ်းသားလေးကို Lip Balm ဆိုးပြီး အစိုဓာတ်အရင်ဖြည့်ပေးရပါမယ်။ ပြီးရင် နှုတ်ခမ်းနီတွေ နှုတ်ခမ်းသားကို ကျော်မဆိုးမိဖို့ နှုတ်ခမ်းကို အရင်ဘောင်ကွတ်ပြီးမှ ဆိုးသင့်ပါတယ်။

၆။ မျက်တောင်ကော့ဆေးသုံးတဲ့အခါ

Photo Source: www.zaluu.com

ချွေးကြောင့် မျက်တောင်ကော့ဆေးတွေ မျက်လုံးတဝိုက်မပျံ့ဖို့အတွက် Waterproof ဖြစ်တဲ့ မျက်တောင်ကော့ဆေးကို ရွေးချယ်အသုံးပြုပါ။ ဒါ့အပြင် မျက်တောင်ကော့ဆေးတာရှည်ခံပြီး မျက်တောင်ထူထူထဲထဲလေးဖြစ်နေဖို့ ကော့ဆေးမသုံးခင် Baby Powder အသုံးပြုပေးလို့ရပါသေးတယ်။