နွေရာသီမှာပူလည်း Moisturizer ကတော့ မလိမ်းလို့မရပါဘူး။ ဒါပေမယ့် ရာသီဥတုပူတဲ့အချိန်မှာ အရမ်းထူတဲ့ Moisturizer မျိုးလိမ်းရင်ကျတော့လည်း အဆင်မပြေပါဘူး။ အဆီပြန်ပြီး အဆီဖုထွက်တတ်ပါတယ်။ ဒါကြောင့် နွေရာသီအတွက် အသင့်တော်ဆုံးဖြစ်ပြီး လိမ်းရတာလည်း ပေါ့ပေါ့ပါးပါးနဲ့ Lightweight ဖြစ်တဲ့ Moisturizer 6 မျိုးကို မျှဝေပေးလိုက်ပါတယ်။

The Ordinary Natural Moisturizing Factors + HA

လိမ်းရတာ ပေါ့ပါးမှုရှိပြီး Lightweight ဖြစ်တယ်၊ အသားထဲလည်းစိမ့်ဝင်တာမြန်လို့ အဆီပြန်တဲ့သူတွေအတွက်ပါ အရမ်းအဆင်ပြေပါတယ်။ အသားအရေကိုလည်း Hydration ကောင်းကောင်းပေးနိုင်ပြီး အသားကြည်စေပါတယ်။

AHC Aqualuronic Cream

Lightweight ဖြစ်တဲ့ Cream ဖြစ်ပြီး အသားအရေကို အတွင်းပိုင်းအထိ Deep Hydration ပေးနိုင်ပါတယ်။ နွေရာသီအတွက် အဆင်ပြေတဲ့ Moisturizer ပါပဲ။

Kiehl’s Calendula Serum-Infused Water Cream

Lightweight ဖြစ်တဲ့ Water Cream ဖြစ်ပြီး အသားအရေနီမြန်းတာတွေကို လျော့ကျစေတယ်၊ Hydration ကောင်းကောင်းပေးနိုင်ပြီး အသားအရေ ကြည်လင်စေပါတယ်။

Neutrogena Bright Boost Gel Cream

အသားအရေကို Bright ဖြစ်စေတယ်၊ ချော့မွေ့စေတယ်လို့ နာမည်ကြီးတဲ့ Gel Cream တစ်မျိုးဖြစ်ပါတယ်။ လိမ်းရတာလည်း အရမ်း Lightweight ဖြစ်လို့ နွေရာသီအတွက် အရမ်းအဆင်ပြေပါတယ်။

Clinique Dramatically Different Hydrating Jelly

Clinique ထဲကဆိုရင်တော့ နွေရာသီအတွက် အသင့်တော်ဆုံးက Dramatically Different Hydrating Jelly ဖြစ်ပါတယ်။ လိမ်းရတာ အရမ်း Lightweight ဖြစ်ပြီး အသားထဲစိမ့်ဝင်တာလည်း မြန်တယ်၊ အသားအရေလည်း ကြည်လင်စေပါတယ်။

Laneige Water Bank Blue Hyaluronic Gel Moisturizer

Laneige ထဲက ဒီ Gel Moisturizer ဆိုလည်း လိမ်းရတာလည်း အေးအေးလေးနဲ့ အသားထဲစိမ့်ဝင်လွယ်တယ်၊ Hydration ကောင်းကောင်းပေးနိုင်ပြီး အသားကြည်စေတယ်၊ လိမ်းလိုက်တာနဲ့ Fresh ဖြစ်တဲ့ Feeling မျိုးရစေပါတယ်။