တက္ကသိုလ်ကျောင်းသားဘဝက ရင်ခုန်စရာကောင်းသလို အနာဂတ်အတွက် အိပ်မက်တွေ မျှော်လင့်ချက်တွေနဲ့ ပြည့်နေတဲ့ အချိန်ကာလလေးပါပဲ။ ဒီလို မမေ့နိုင်တဲ့ကာလတစ်ခုကို မမေ့နိုင်တဲ့သူတွေအတွက် အလွမ်းပြေစေဖို့ တက္ကသိုလ်ကျောင်းသားဘဝကို ပြန်သတိရစေမယ့် K-Dramas တချို့ကို ဝေမျှပေးလိုက်ပါတယ်။

“Cheese in the Trap”

အိမ်မှာတင်မက ကောလိပ်မှာပါ အလုပ်ကြိုးစားတဲ့ကောင်မလေးနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူငယ်ကောင်လေးတို့ကြား ခင်မင်ရင်းနှီးမှုကနေဖြစ်လာတဲ့ အချစ်ဇာတ်လမ်းလေးပါ။

“Weightlifting Fairy Kim Bok Joo”

ကျောင်းဝင်းအတွင်းထဲက အချစ်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ ဒီဇာတ်လမ်းထဲမှာ သရုပ်ဆောင်ထားတဲ့ Lee Sung Kyung နဲ့ Nam Joo Hyuk တို့ရဲ့ Chemistry မိချက်တွေက လုံးဝကိုငြင်းဆန်လို့မရလောက်အောင် ကောင်းတဲ့သရုပ်ဆောင်ချက်တွေပါ။

“Nevertheless”

ဒီဇာတ်လမ်းထဲမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Han So Hee ရဲ့ ဆံပင်က နာဘီကေ ဆိုပြီး မြန်မာပရိတ်သတ်တွေကြားမှာ ရေပန်းစားခဲ့ပါသေးတယ်။ အနုပညာတက္ကသိုလ်တစ်ခုရဲ့ ပန်းပုမေဂျာက ကောင်မလေးနဲ့ သူ့ရဲ့သူငယ်ချင်းကြားက ရှုပ်ထွေးတဲ့ Relationship က တကယ်ရူးလောက်စရာပါပဲ။

“My ID is Gangnam Beauty”

ကောလိပ်မှာ ချောပြီး နာမည်ကြီးတဲ့ Do Kyung Suk နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ကောင်မလေး Kang Mi Rae တို့ရဲ့ ကောလိပ်အချစ်ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းလေးမှာ

“Age of Youth”

မိသားစု ၊ ငွေကြေး ၊ အချစ် နဲ့ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေ ၊ တစ်ယောက်နဲ့တစ်ယောက် အစပိုင်းမှာ ကွဲလွဲမှုတွေရှိခဲ့ပြပေမယ့် နောက်ပိုင်းမှာ နက်ရှိုင်းတဲ့ ညီအစ်မနှောင်ကြိုးအဖြစ် ပြောင်းလဲလာပုံကို ဒီဇာတ်လမ်းမှာ တွေ့ရမှာပါ။

“My Roommate is a Gumiho”

ဒဏ္ဍာရီလာ ကိုးမြီးပေါက် မြေခွေးရဲ့ အမြူတေကို မတော်တဆ မျိုချမိတဲ့ အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသူကောင်မလေးနဲ့ သူ့ရဲ့အမြူတေပြန်ရဖို့ ဆရာဝင်လုပ်နေတဲ့ 999 နှစ်အရွယ် ဂူမီဟိုတို့ နှစ်ယောက်သား အိမ်တစ်လုံးထဲမှာ အတူတူ နေရင်း ဖြစ်လာတဲ့ချစ်ခြင်းကို ရိုက်ထားတာပါ။