အားလုံးပဲ မင်္ဂလာပါ။ Beyoncé ရဲ့ သီချင်းအများစုက သင့်ကို စိတ်အားထက်သန်လာစေပါတယ်။ Inspiration ရစေပါတယ်။ သီချင်းစာသားတွေက ပရိတ်သတ်ရင်ထဲအထိ ထိအောင် Beyoncé က ဆိုနိုင်ပါတယ်။ သင်စိတ်ဓာတ်ကျတဲ့အချိန် နားထောင်သင့်တဲ့ သီချင်းတွေထဲမှာ Beyoncé ရဲ့ သီချင်းတွေပါဝင်သင့်ပါတယ်။ Beyoncé ရဲ့ Inspirational Song တွေကို ကြည့်လိုက်ရအောင်နော်-
၁။ Listen
ဒီသီချင်းက သင်တစ်ယောက်တည်း အထီးကျန်နေတဲ့အချိန် စိတ်ဓာတ်ကျနေတဲ့အချိန် နားထောင်သင့်ပါတယ်။ သီချင်းနားထောင်ရင်းနဲ့ သင်စိတ်ပြန်တက်ကြွလာပါလိမ့်မယ်။
၂။ Pretty Hurts
ဒီသီချင်းထဲမှာ Beyonce ရဲ့ ဘဝမှာအဖြစ်ချင်ဆုံး မျှော်လင့်ချက်က ဘာလဲလို့ အမေးခံရတဲ့အချိန် ဘဝမှာ အဖြစ်ချင်ဆုံးက ပျော်ရွှင်ဖို့ ဆိုတဲ့စကားက တကယ်ရင်ထဲထိပါတယ်။ ဘဝမှာ နေရာတစ်ခုရဖို့ အများကြီးပေးဆပ်ရတယ်။ အနစ်နာခံရတယ်။ လူတိုင်း ဒီအရာတွေကို ဖြတ်ကျော်ရမယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်ရအောင် သီဆိုပြသွားတဲ့ သီချင်းပါ။
၃။ Diva
သင်က နာမည်ကျော် အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း လူတွေသိအောင်ပြောဖို့ မရှက်နဲ့လို့ ဆိုလိုထားတဲ့ သီချင်းပါ။
၄။ I was here
သင့်ဘဝမှာ အဆိုးဆုံးအချိန်ဖြတ်ကျော်နေရတဲ့အချိန် ဒီသီချင်းက သင့်အတွက် အထောက်အကူပြုမှာပါ။
၅။ Run the World ( Girls )
ဒါကတော့ မိန်းကလေးတိုင်း နားထောင်ရမယ့် သီချင်းပါနော်။
၆။ Single Ladies (Put a ring on it)
Single မိန်းကလေးတွေ စိတ်ညစ်လာတဲ့အချိန်တိုင်း နားထောင်ရင်း အတူစီးမြောလို့ရပါတယ်။
သင်ကော Beyoncé ရဲ့သီချင်းတွေထဲမှာ ဘယ်သီချင်းအကြိုက်ဆုံးလဲ ပြောပြခဲ့ပါဦး။