မင်္ဂလာပါနော်။ ခန္ဓာကိုယ်ကမဝပေမယ့် ခါးတစ်တန်းတည်းသွားပြီး ခန္ဓာကိုယ်ပြားသလိုမြင်ရလို့ ကြည့်မကောင်းဘူးလို့ ခံစားနေရတဲ့သူတွေရှိလား။ ခန္ဓာကိုယ်ပြားတာက တစ်ခါတစ်လေ ခါးကြီးသလိုထင်ရနိုင်တာမို့ အဝတ်အစားဝတ်တဲ့အခါမှာ အရမ်းရွေးရပါတယ်။ သင့်မှာလည်း ဒီလိုခန္ဓာကိုယ်မျိုးရှိလို့ ပြောင်းလဲချင်တယ်ဆိုရင် အရင်ဆုံးလေ့ကျင့်ခန်းသာလုပ်ပြီး ပြောင်းလဲကြည့်ပါ။ ဒီတစ်ခေါက်မှာ ခန္ဓာကိုယ်ပြားတဲ့ပျိုမေတို့အတွက် သူ့နေရာနဲ့သူ ခါးသွယ်၊ တင်ကားပြီး Body ကာက်ကြောင်းလေးပေါ်ဖို့ ထိထိရောက်ရောက်ကူညီပေးမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း ၁


တင်ပါးထွက်ဖို့ အထိရောက်ဆုံးလေ့ကျင့်ခန်းတစ်ခုက Squat ထိုင်တာပါပဲ။ Squat က ပျိုမေတို့အတွက် တင်ကားဖို့အပြင် ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားသန်မာပြီး အသားကျစ်လာစေဖို့ပါ ကူညီပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း ၂

Photo Source: Gym Guider

ခန္ဓာကိုယ်မှောက်ကာ လက်ထောက်ပြီး ဒူးကွေးပြီး ရှေ့ထုတ်ကာ လှည့်ပေးပါ။ ဒီပုံစံအတိုင်း စက္ကန့် ၃၀ လောက် ဖြေးဖြေးချင်းလုပ်ပေးရမှာဖြစ်ပါတယ်။ လုပ်နေတုန်း ဝမ်းဗိုက်ကြွက်သားတွေကို တင်းထားပေးပါ။ ပုံမှန်လုပ်ပေးရင် ဗိုက်ချပ်ပြီး ခါးသွယ်စေပါတယ်။

လေ့ကျင့်ခန်း ၃

Photo Source: polimi

Side Plank Crunches လေ့ကျင့်ခန်းဖြစ်ပြီး သူကလည်း ခါးသေးကာ Waist Line လေးပေါ်စေပါတယ်။ လုပ်ရမှာက ပုံထဲကလို ခန္ဓာကိုယ်စောင်းကာ လက်တစ်ဖက်၊ ခြေထောက်တစ်ဖက်ထောက်ထားပြီး ကျန်တဲ့ဖက်ကို ဒူးကွေးပြီး လက်နဲ့ထိလိုက် ပြန်ချလိုက်လုပ်ပေးရမှာပါ။ တစ်ဖက်ပြီးတစ်ဖက်ပြောင်းပြီး စက္ကန့် ၂၀ စီလုပ်ပေးပါ။

လေ့ကျင့်ခန်း ၄

Photo Source: Gfycat

တင်ပါးလုံးပြီး ကျစ်လာစေမယ့် လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။ လုပ်ရမယ့်နည်းက လှဲချကာ ဒူးတစ်ဖက်ထောက်ပြီး ကျန်တဲ့တစ်ဖက်ကို အပေါ်ခပ်မြင့်မြင့်လေးမြှောက်ပေးပါ။ မြှောက်လိုက်ချလိုက် ဖြေးဖြေးချင်း စက္ကန့် ၂၀ လောက်လုပ်ပေးရမှာဖြစ်ပါတယ်။ လုပ်တဲ့အခါ တင်ပါးကြွက်သားကို အာရုံစိုက်ပြီး တင်းထားပေးပါ။

လေ့ကျင့်ခန်း ၅


ဒူးထောက်ကာ ခြေထောက်တစ်ဖက်မပြီး ဘေးဘက်ကားပေးရတဲ့ Fire Hydrant လေ့ကျင့်ခန်းကလည်း တင်ပါးနဲ့ ပေါင်တစ်ဝိုက်က အဆီတွေကျပြီး အသားကျစ်လာစေပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းကို အရမ်းမလှုပ်အောင် ထိမ်းထားကာ သူ့ကိုလည်း ခြေထောက်တစ်ဖက်စီအတွက် စက္ကန့် ၃၀ ၃ကြော့စီပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း ၆

Photo Source: self.com

ခန္ဓာကိုယ်မှောက်ကာ အပေါ်ပိုင်းကို ငြိမ်ငြိမ်ထားပြီး ခြေထောက်တွေကို ကားလိုက်စိလိုက် ခုန်ပေးရမယ့်လေ့ကျင့်ခန်းဖြစ်ပါတယ်။ တစ်ကိုယ်လုံးက အဆီတွေကျစေသလို ခုန်နေရင်း ဝမ်းဗိုက်ကြွက်သားတွေ တင်းထားပေးမယ်ဆိုရင် ထိထိရောက်ရောက် ခါးသွယ်လာစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar